နေပြည်တော်ရှိ ရခိုင်ရိုးရာရေကစားမဏ္ဍပ်၌ မေတ္တာရေလောင်းမည့် အစီအစဉ် ပါဝင်မည်

 ယခုနှစ် နေပြည် တော်သင်္ကြန်တွင် ရခိုင်ရိုးရာ ယဉ် ကျေးမှုသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲကို အကျနေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မိမိသဘောကျသည့် ရခိုင်အမျိုး သမီးကို မေတ္တာရေလောင်းနိုင် မည့် အစီအစဉ်များ ထည့်သွင်း ထားသည်ဟု ရခိုင်ရိုးရာပွဲ ဖြစ် မြောက်ရေး ဦးဆောင်သူ ဦးစိန် ရွှေမောင်က ပြောကြားသည်။

ရခိုင်လူမျိုးများ၏ ဓလေ့ အရ မေတ္တာရေလောင်းခြင်းဆို သည်မှာ သင်္ကြန်မဏ္ဍပ်အတွင်း မိမိသဘောကျသည့် အမျိုးသမီး ကို ရေလောင်းစကားပြောနိုင် မည့်အစီအစဉ်တစ်ခုဖြစ်သည်။

မဏ္ဍပ်အတွင်း မိမိသဘော ကျသော အမျိုးသမီးကို ရေ လောင်းစကားပြောရန် ရေတစ် ပုံးအပေါ် သတ်မှတ်ထည့်ဝင်ငွေ နှင့် အချိန်အတိုင်းအတာတစ်ခု အတွင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသားတစ်ဦးက ပြော သည်။

‘‘ပုံမှန် ရေတစ်ပုံးတန်ကြေး ထက် မေတ္တာရေကတော့ နည်း နည်းဈေးကြီးတာပေါ့။ သတ်မှတ် ထားတဲ့ အချိန်တွင်းမှာ မေတ္တာ စကားပြောချင်လည်းပြောလို့ရ တယ်ပေါ့။ ဒါပေမဲ့ လက်ကို မထိ ရဘူးတို့ ဘာတို့တော့ စည်းကမ်း သတ်မှတ်ထားတာတွေရှိတယ်’’ ဟု ၎င်းကဆိုသည်။

ရခိုင်ဓလေ့ထုံးစံအရ ယင်း ကဲ့သို့ သတ်မှတ်ထားသော်လည်း ယခုပွဲတော်တွင် ငွေကြေးသတ် မှတ်ချက်များ ထည့်သွင်းထားခြင်း မရှိဟု ဦးစိန်ရွှေမောင်က ပြော သည်။

သင်္ကြန်မဏ္ဍပ်တွင် ရေပက် ကစားမည့် ရခိုင်သမီးငယ် ၄၀ ဦး အပါအဝင် နေပြည်တော်ရှိ ရခိုင် သူ၊ ရခိုင်သား စုစုပေါင်း ၁၀၀ ဦး ခန့် ပါဝင်ဆင်နွှဲမည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရခိုင်ရိုးရာ ယဉ် ကျေးမှုသင်္ကြန်ပွဲတော်ကို အသင်း ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ကျပ်သိန်း ၁၅၀ ကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်း ဦးစိန်ရွှေမောင်က ဆက် လက်ပြောကြားသည်။

ရခိုင်သင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ မလုပ်မီ ဧပြိ ၁၂ ရက်တွင် ရခိုင် ရိုးရာ နံ့သာသွေးခြင်းနှင့် ဘုရား ရေသပ္ပာယ်ခြင်းများ ဦးစွာပြုလုပ် ရန် စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်မဏ္ဍပ် ဖွင့်ပွဲကို အကျနေ့ (၁၄ရက်) နံနက် ၉ နာရီတွင်ပြု လုပ်ရန် စီစဉ်ထားသော်လည်း အကြို (၁၃ရက်)တွင် မြို့တော်ဝန် မဏ္ဍပ်ဖွင့်ပွဲသို့ ရခိုင်ရိုးရာယိမ်း အကအဖွဲ့ သွားရောက်ဖျော်ဖြေ မည်ဖြစ်ကြောင်း ဦးစိန်ရွှေမောင် က ဆိုသည်။

‘‘အဲဒီနေ့ကစပြီး ရေလောင်း မယ်ပေါ့။ အကျရယ်၊ အကြတ် ရယ်၊ အတက်နေ့ရယ် သုံးရက် ရေလောင်းမယ်။ နေ့လယ်ပိုင်းမှာ တော့ လာရောက်တဲ့ဧည့်သည် တွေကို စတုဒိသာကျွေးမွေးမယ်’’ ဟု ၎င်းက ပြောသည်။

ရခိုင်ရိုးရာ နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပာယ်ပွဲတော်ကို နေပြည်တော်ရှိ အေးမြရွှေပြည် ဘုန်းကြီးကျောင်းတွင် ၂၀၁၃ က စတင်ကျင်းပခဲ့ပြီး ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် ပထမဆုံး ထည့်သွင်းကျင်းပခြင်း ဖြစ်သည်။