တောင်ကြီးမြို့တွင် သမ္မတဦးဝင်းမြင့်ကို ထောက်ခံကြိုဆိုပွဲ ကျင်းပ

တောင်ကြီးမြို့တွင် ဧပြီ ၈ ရက်က ပြုလုပ်သော သမ္မတထောက်ခံကြိုဆိုပွဲသို့ တက်ရောက်လာသူများ (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

 နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ထောက်ခံကြိုဆို ဂုဏ်ပြုပွဲ တောင်ကြီးမြို့၊ အ နောက်မြို့ပတ်လမ်းနှင့် ကုန် သည်လမ်းထောင့်တွင် ဧပြီ ၈ ရက်က ကျင်းပခဲ့သည်။

  သမ္မတ  ဦးဝင်းမြင့်ကို ထောက်ခံသူများသည် လမ်းသွား၊လမ်းလာ ပြည်သူများအား သမ္မ တရုပ်ပုံပါသော တီရှပ်အထည် ၂၀၀ ကျော် ဝေငှပေးခဲ့ပြီး ကောက်ညှင်းပေါင်းနှင့် အကြော်များ လှူ ဒါန်းခဲ့ကြောင်း ပွဲစီစဉ်ရာတွင် ပါဝင်သည့် ဦးဝင်းနိုင်စိုးက ပြော သည်။

‘‘နိုင်ငံတော်သမ္မတ အသစ် ကို ကျွန်တော်တို့တောင်ကြီးမြို့ က ပြည်သူတွေက လေးလေးစား စားနဲ့ ထောက်ခံကြိုဆိုတဲ့အနေနဲ့ လုပ်ခြင်းဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါ ထောက်ခံကြိုဆိုပွဲ ကို တောင်ကြီးခရိုင်အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်နှင့် စိတ်ပါဝင် စားသည့် ပြည်သူများစုပေါင်း၍ ကျင်းပခြင်းဖြစ်ကြောင်း ဦးဝင်း နိုင်စိုးက ပြောသည်။

တောက်ခံကြိုဆိုပွဲသို့ ရှမ်း ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည် နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းဆွံဆိုင်းနှင့် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့ တက်ရောက်အားပေးခဲ့သည်။

‘‘သမ္မတ အသစ်နှင့်အတူ တိုင်းပြည်အတွက်  ပူးပေါင်း ဆောင်ရွက်သွားမှာပါ’’ဟု အခမ်း အနားမိန့်ခွန်းတွင် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဦးစိုင်းရှဲန်တစ် လုံက ပြောသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန် ကြီး ဦးစိုင်းဆွံဆိုင်းနှင့် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဦးစိုင်းရှဲန်တစ် လုံ၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အချို့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အချို့၊ တောင် ကြီးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များနှင့် ဒေသ ခံပြည်သူလူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့သည်။