ပေါင်မြို့နယ်တွင် အမျိုးသားချင်း သက်ငယ်မုဒိမ်းမှု ကျူးလွန်သည်ဆိုပြီး ဆယ်ကျော်သက် နှစ်ဦးကို ဖမ်းဆီး

 မွန်ပြည်နယ် ပေါင် မြို့နယ် ဥတ္တံတားကျေးရွာနေအသက် (၇) နှစ်အရွယ် ယောက်ျားလေးကလေးငယ်တစ်ဦးကို တစ်ရွာတည်းနေ ဆယ်ကျော်သက်အရွယ် အမျိုးသားနှစ်ဦးက ဓမ္မတာနှင့် ဆန့်ကျင်၍ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ရဲလင်းနောင်က ပြောသည်။

ဧပြီ ၇ ရက် ညနေ ၃ နာရီတွင် အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်နေအိမ်မှ ရှစ်အိမ်ကျော်အကွာ လယ်ကွင်းထဲ၌ စောဖားလီး(ခ)ရှိန်းထက်ကျော် (၁၄) နှစ်နှင့် နွားချေးပိုး (ခ) ညီညီထွန်း  (၁၂) နှစ်တို့သည် ဓမ္မတာအတိုင်းမဟုတ်ဘဲ မုဒိမ်းမှု ကျူးလွန်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘ဖြစ်တာတော့ ကျွန်တော် နယ်မြေပိုင်စခန်းမှာပါ။ ကျူးလွန် ခဲ့တဲ့ ကလေးနှစ်ဦးကို အခုလော လောဆယ် ထိန်းသိမ်းထားတယ်။ အသက်မပြည့်သေးတဲ့ ကလေး တွေကို အာမခံပေး၊ မပေးကိစ္စ ဆောင်ရွက်နေတယ်။ အမှုက ပုဒ်မတစ်ခုနဲ့ အမှုဖွင့်ထားတယ်’’ဟု ရဲအုပ် ရဲလင်းနောင်က ပြောသည်။ကျူးလွန်ခံရသူသည် ပထမ တန်းဖြေဆိုထားပြီး စအိုဝကွဲဒဏ်ရာရရှိသဖြင့် မော်လမြိုင်မြို့၌ ပြသရမည်ဖြစ်ကြောင်း မိခင် ဒေါ်ရွှေဇင်က ဆိုသည်။

‘‘ကျွန်မကတော့ တရားဥပဒေအတိုင်း အရေးယူစေချင်တယ်။ ကျွန်မကလေးက အခုထိ ထိုင်လို့ မရသေးဘူး။ ကျူးလွန်တဲ့သူတွေ က တစ်ရွာတည်းနေ ကလေးတွေ ပဲ။ ဒါပေမဲ့ သည်းမခံနိုင်ဘူး။ ကျွန်မကလေးဖြစ်ဖြစ်ချင်း အမေ ကိုလာပြတော့ ကလေးရဲ့ စအို အ၀မှာ သွေးတွေထွက်နေပြီး ကွဲ ပြဲညိုမည်းနေရော။ ပေါင်မြို့ဆေးရုံကို ပို့ပြီး ဒီနေ့ (ဧပြီ ၈) မော်လမြိုင် ဆေးရုံကို ပြန်ပြရမယ်’’ဟု ဒေါ်ရွှေဇင်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ပြီး ကျူးလွန်သူနှစ်ဦးကို ပေါင်မြို့ မရဲစခန်းတွင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း ရဲအုပ် ရဲလင်းနောင် က ဆိုသည်။