ရင်သားကြီးထွားမှု ပေါင် ၄၀ ကျော်ရှိနေသည့် ဆယ်ကျော်သက်လူနာ ယနေ့ခွဲစိတ်မည်

ခွဲစိတ်ကုသမှု ခြောက်နာရီခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ (ဓာတ်ပုံ − ဒေါက်တာနန္ဒဝင်း)

အပျိုဖော်ဝင်ချိန် ရင်သားအပေါ် ဟော်မုန်းသက်ရောက်မှုကြောင့် ရင်သားအဆမတန်ကြီးသည့်ရောဂါ (Varginal Breast Hypertrophy) ခံစားနေရသည့် အသက်(၁၃)နှစ်အရွယ် မိန်းကလေးကို သီပေါဆေးရုံ တွင် ယနေ့ခွဲစိတ်မည်ဖြစ်ကြောင်း ယင်းဆေးရုံအုပ် ဒေါက်တာနန္ဒ ၀င်းက ပြောသည်။


‘‘ဟော်မုန်းစထွက်တဲ့အချိန် မှာ ရင်သားအပေါ်မှာ သွားပြီး တော့ သက်ရောက်မှုများသွားတာ ပေါ့။ သူ့အသက်(၁၁)နှစ်လောက် ကတည်းက ဖြစ်လာတယ်။ ၂ နှစ် အတွင်း အခု အသက်(၁၃)နှစ်အ ရွယ်မှာ အရမ်းကြီးလာတယ်။ ရင် သားတစ်ဖက်ကို ၁၀ ကီလို(၂၂) ပေါင်လောက် လေးတယ်။ နှစ် ဖက်ဆိုတော့ ပေါင် ၄၀ ကျော် ဖြစ် နေတော့ နေထိုင်ရတာလည်းမလွယ်ဘူး။ လေးလံလာတဲ့အတွက်ကြောင့် ကုသပေးဖို့ လိုအပ်လာတယ်’’ဟု ဒေါက်တာနန္ဒ၀င်းကပြောသည်။

အဆိုပါခွဲစိတ်မှုကို ခွဲစိတ် အထူးကုဆရာဝန်ကြီး ဦးဆောင် ၍ မေ့ဆေးဆရာဝန်ကြီး၊ ဆရာ ၀န်နှင့် သူနာပြုများ အပါအ၀င် ကျန်းမာရေးဝန်ထမ်း ၁၀   ဦးခန့်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။ ခွဲစိတ်ချိန် ခြောက်နာရီခန့်ကြာမြင့်မည်ဟု ခန့်မှန်းကာ အဆိုပါကုသမှုအတွက် လိုအပ်သော ဆေးဝါးပစ္စည်းနှင့် စက်ကိရိယာများ ပြင်ဆင်ထားသည်ဟုဆိုသည်။

‘‘ခွဲစိတ်တဲ့နေရာမှာ နည်း လမ်းနှစ်ခုရှိတယ်။ သိပ်ကြီးနေတဲ့ ရင်သားကြီးကို ပြန်တည်ဆောက် တာ။ မလိုအပ်တဲ့ အသားဆိုင် တွေဖယ်ပြီး နဂိုရင်သားအတိုင်း ဖြစ်အောင်လုပ်တာ။ နောက်နည်း ကတော့ အားလုံးကိုဖြတ်ထုတ်တဲ့ နည်းပေါ့။ နဂိုအတိုင်း ပြန်ဖြစ် အောင် ကြိုးစားပြီး တည်ဆောက် မယ်။ မရရင်တော့ အကုန်လုံး ဖယ်ထုတ်ရမယ့် အခြေအနေမှာ ရှိတယ်။ ရင်သားတင် ပေါင် ၄၀ ကျော်လောက်ရှိနေတော့ အဲဒါကို ဖြတ်ချလိုက်ရင် အဲဒီထဲမှာပါတဲ့ သွေးတွေဆုံးရှုံးပြီး သေသွားနိုင် တယ်။ တန်းဖြတ်လို့မရဘူး။ သွေးထွက်အနည်းဆုံးဖြစ်အောင် ရင် သားထဲမှာရှိတဲ့ သွေးတွေ၊ ခန္ဓာ ကိုယ်ထဲပြန်စီးအောင် တဖြည်း ဖြည်းချင်း တစ်လွှာချင်းအချိန်ယူ ပြီး လုပ်ရမှာ’’ဟု ဒေါက်တာနန္ဒ ၀င်းက ရှင်းပြသည်။

အဆိုပါ ရှားပါးရောဂါခံစား နေရသည့် လူနာမိန်းကလေး နန်းဆိုင်လူသည် ရှမ်းပြည်နယ်အ တွင်းရှိ ဝေးလံသည့်ဒေသ မိုင်း ရယ်နယ်စပ်မှဖြစ်ပြီး မိသားစု စီးပွားရေးချို့တဲ့သူများ ဖြစ်သည်။ ၎င်းနေထိုင်ရာဒေသသည် Politi-cally Harel to Reach Area ဖြစ်သောကြောင့် အဆင့်ဆင့်ညှိနှိုင်း ပြီး ခေါ်ဆောင်ကုသခဲ့ရသည်ဟု ဆိုသည်။

ယခုခွဲစိတ်မှုနှင့်ပတ်သက်၍ အောင်မြင်မည်ဟု ယူဆကြောင်း နှင့် ခွဲစိတ်မှုအတွက် စနစ်တကျ ဆောင်ရွက်နေကြောင်း ဒေါက် တာ နန္ဒ၀င်းက ပြောသည်။

‘‘ဒါကို ခွဲမယ်လို့ ကြိုးစား လိုက်တာနဲ့ သေချာပေါက် ၁၀၀ ရာခိုင်နှုန်း အောင်မြင်မယ်လို့ ယူ ဆလို့သာ ခွဲတာပါ။ မေ့ဆေးဒဏ်၊ ထုံဆေးဒဏ်ကို ခံရမယ်။ ဒီကြား ထဲမှာ Risk တွေကတော့ အများ ကြီးပဲ။ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတယ်။ စနစ်တကျတော့ ဆောင်ရွက်နေပါတယ်။ အကောင်းဆုံး ဖြစ်ပါစေလို့ ဆုတောင်းနေပါတယ်’’ ဟု ၎င်းကဆို သည်။

အဆိုပါခွဲစိတ်မှု ကုန်ကျ စရိတ်ကို အစိုးရ၏ပံ့ပိုးမှုဖြင့် ပြုလုပ်မည်ဖြစ်သည်။

More in News Section