ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား အဖမ်းခံပြီး ထောင်ဒဏ်စတင်ကျခံ

ဘရာဇီးနိုင်ငံ ကူရီတီဘာဒေသရှိ ဖက်ဒရယ်ရဲဌာနချုပ်သို့ သမ္မဟောင်းလူလာဒါဆေးလ်ဗား ဧပြီ ၇ ရက်က ရောက်ရှိလာစဉ် (Ricardo Moraes/REUTERS)

ရဲတပ်ဖွဲ့ထံ အဖမ်းခံပြီးနောက် ဘရာဇီးသမ္မတ ဟောင်း လူလာဒါဆေးလ်ဗားသည် ထောင်ဒဏ် ၁၂ နှစ် စတင် ကျခံရပြီဖြစ်သည်။

 လာရောက်အဖမ်းခံရန် တရားရုံး၏ နောက်ဆုံးသတ်မှတ် ရက်ကို ရှောင်လွှဲပြီးနောက် သံမဏိလုပ်သားများ သမဂ္ဂအဆောက်အအုံ၌ ခိုလှုံနေထိုင်ခဲ့ ကာ နှစ်ရက်ကြာ လိပ်ခဲတည်း လည်းဖြစ်အပြီး လူလာက ယင်း သို့ အဖမ်းခံခဲ့ခြင်းဖြစ်သည်။


လူလာ (၇၂)နှစ်သည် ဆော်ပေါ်လိုအနီး ဇာတိမြေရှိ ယင်း သမဂ္ဂရုံးခန်းမှ ထွက်ခွာပြီး ရဲကားများဖြင့် ခေါ်ဆောင်ခြင်း ခံခဲ့ရ သည်။

ထောက်ခံသူများက အဆိုပါနေရာမှ လူလာ မထွက်ခွာနိုင်စေရန် အစောပိုင်းတွင် ၎င်း၏ ကားကို ပိတ်ဆို့ခဲ့သည်။

အပြစ်မရှိကြောင်း လူလာ က ဆက်လက်ပြောထားသော် လည်း ၎င်းအနေဖြင့် ဖမ်းဝရမ်း အမိန့်ကို လိုက်နာမည်ဟု ဆို သည်။

ထို့နောက် ထောင်ဒဏ် စတင်ကျခံရန် လူလာကို ရဲတပ် ဖွဲ့ပိုင်လေယာဉ်ဖြင့် ဆာအိုဘာ နာဒို ဒိုကမ်ပိုမြို့သို့ ပို့ဆောင်ခဲ့ သည်။

ရဟတ်ယာဉ်ဆင်းသက်စဉ် ဆန္ဒထုတ်ဖော်သူများက မီးရှူးမီး ပန်းများ ပစ်ဖောက်ခဲ့ပြီး ဆန္ဒပြမှု ဖြိုခွင်းရေးရဲတပ်ဖွဲ့က မျက်ရည် ယိုဗုံးများဖြင့် ပစ်ခတ်ကာလူစုခွဲ ခဲ့ရသည်။

ယင်းကြောင့် လူရှစ်ဦး အ သေးစားဒဏ်ရာများ ရရှိကြောင်း မီးသတ်ဌာနက ပြောသည်။

အောက်တိုဘာ သမ္မတရွေး ကောက်ပွဲတွင် တစ်ပြေးနေသူ လူ လာသည် လက်တင်အမေရိက ၌ လက်ဝဲဝါဒီများအတွက် စံပြ ပုဂ္ဂိုလ်ဖြစ်ပြီး ၎င်းသည် နှစ် ၅၀ နီးပါးအတွင်း ဘရာဇီးသမ္မတ ဖြစ် ခဲ့သော ပထမဆုံးလက်ဝဲယိမ်း ခေါင်းဆောင်ဖြစ်သည်။

‘‘အမိန့်ကို လိုက်နာသွားမှာ ပါ။ ကျွန်တော်ဟာ ဥပဒေအထက် မှာ ရှိမနေပါဘူး။ ဥပဒေကိုမှ အ ယုံအကြည်မရှိခဲ့ဘူးဆိုရင် နိုင်ငံရေးပါတီကို တည်ထောင်မှာ တောင် မဟုတ်ပါဘူး’’ဟု ဧပြီ ၇ ရက် အစောပိုင်းတွင် ၂၀၀၃ မှ ၂၀၁၁ အထိ သမ္မတတာဝန်ထမ်း ဆောင်ခဲ့သူ လူလာက ပြောကြား ခဲ့သည်။

—Ref: BBC