ကိုယ်ဝန်ဆောင်ညီအစ်မနှစ်ဦး ဆေးရုံတစ်ရုံတည်း၌ ငါးနာရီအတွင်း ပြိုင်တူမီးဖွား

ဗြိတိန်နိုင်ငံတွင် ဆေး ရုံတစ်ရုံတည်း၌ ငါးနာရီအတွင်း ကိုယ်ဝန်ဆောင် ညီအစ်မနှစ်ဦး ပြိုင်တူမီးဖွားခဲ့ရာ မိသားစုဝင်များ မီးဖွားခန်းနှစ်ခုအကြား ဗျာများခဲ့ ရသည်။

 ဒါဝန်မြို့ ဇာတိဖြစ်သော အစ်မ လီဘေဟာရီ အသက်(၂၀)နှင့် ညီမ လာကေး (၁၆) နှစ်တို့ သည် Blackburn Birth Centre ဆေးရုံ၌ မီးဖွားခြင်းဖြစ်သည်။


မီးဖွားရန် ထိုဆေးရုံသို့ ပြိုင် တူရောက်ရှိလာပြီးနောက် လာ ကေးသည် ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီ ၄၅ မိနစ်တွင် သမီးဦးလေး လိုလာမီကို မွေးဖွားပြီး လီဘေသည် ကြာသပတေးနေ့ နံနက် ၄ နာရီ မိနစ် ၅၀ တွင် သားဦးလေး ဂျိုရှ်ယူကို မွေးဖွားခဲ့သည်။

 လီဘေက ညီမနှင့်အတူ ပြိုင်တူမီးဖွားရသည်ကို အလွန် ဝမ်းသာကြောင်း ပြောသည်။

အကြီးတန်းဆရာဝန် ဂီလီ ယာဘရန်ဒွန်က ‘‘ညီအစ်မနှစ် ယောက် ငါးနာရီအတွင်း တစ်ပြိုင် တည်း မီးဖွားတာ ကြုံခဲပါတယ်။ သူတို့ ညီအစ်မနှစ်ယောက်အ တွက်၊ ကလေးလေး နှစ်ယောက်အတွက်နဲ့ မိသားစုတွေအတွက် ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်’’ဟု ပြောကြားသည်။                

—Ref: BBC