နိုင်ငံတကာသတင်းတိုများ

ဗြိတိန်နိုင်ငံတွင် အာရုံကြောအဆိပ်ဖြင့် လုပ်ကြံတိုက်ခိုက်ခံရ သော ရုရှားထောက်လှမ်းရေးဝန်ထမ်းဟောင်း ဆာဂျီစကရီပေါလ်နှင့်သမီး ယူလီယာတို့ထံ စကရီပေါလ်၏တူမ ဗစ်တိုးရီးယားစကရီပေါလ်က လာရောက်တွေ့ဆုံရန် ဗြိတိန်ဗီဇာလျှောက်ထားရာ၌ မော်စကိုရှိ ဗြိတိန်သံရုံးက ခွင့်မပြုသော အကြောင်းရင်း ဖြေရှင်းရန် ရုရှားသံရုံးက တောင်းဆိုသည်။


ဆော်ဒီအာရေးဗီးယားကာကွယ်ရေးဝန်ကြီး တော်ဝင်မင်းသား မိုဟာမက်ဘင်ဆယ်လမန်၏ တနင်္ဂနွေနေ့က စတင်သော သုံးရက်ကြာ ပြင်သစ်ခရီးစဉ်အတွင်း ပြင်သစ်နှင့် ဆော်ဒီတို့ကြား လက်နက်ရောင်းရန် သဘောတူညီချက်များ ပါဝင်သည့် အစိုးရကြား သဘောတူညီမှုတစ်ရပ် ရယူခဲ့သည်။

ဥရောပတွင် ရွှေ့ပြောင်းနေထိုင်မှုပြဿနာနှင့် ပတ်သက်၍ သဘောထားတင်းမာသူ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်အတွက် တတိယရာထူးသက်တမ်းတာဝန် ထမ်းခွင့်ရမည်ဟု မျှော်လင့်ထားသော ရွေးကောက်ပွဲကို ဧပြီ ၈ ရက်က စတင်ကျင်းပ သည်။