ရော်ဘင်နှင့် ရီဘာရီကို ဘိုင်ယန်မြူးနစ် စာချုပ်သက်တမ်းတိုးဖွယ်ရှိ

ဘွန်ဒက်စ်လီဂါအ မှတ်ပေးဆုဖလားကို ခြောက်ကြိမ် ဆက်တိုက် စံချိန်တင် ဆွတ်ခူး ထားသည့် ဘိုင်ယန်မြူးနစ်သည် အသင်းအမှုဆောင်ချုပ် ရူမန် နစ်ဂီအဆိုအရ တောင်ပံကစား သမားနှစ်ဦးဖြစ်သော အာဂျန် ရော်ဘင် (၃၄) နှစ်နှင့် ရီဘာရီ (၃၅) နှစ်ကို စာချုပ်သက်တမ်းတိုးဖွယ်ရှိနေသည်။


အော့စ်ဘတ်ကို ၄-၁ ဂိုး ဖြင့် အနိုင်ရပြီး အသင်းသမိုင်းတစ် လျှောက် ဂျာမန်လိဂ်ချန်ပီယံအ ဖြစ် (၂၈) ကြိမ်မြောက် ဖလားကိုင် မြှောက်နိုင်ခဲ့ပြီးနောက် ယင်းက စားသမားနှစ်ဦးကို စာချုပ်သက် တမ်းတိုးဖွယ်ရှိကြောင်း ရူမန်နစ် ဂီက အရိပ်အမြွက်ပြောကြား သည်။

ယင်းပွဲတွင် ယခုနှစ်ရာသီ ကုန်လျှင် စာချုပ်သက်တမ်းကုန် ဆုံးမည့် အဆိုပါကစားသမားနှစ် ဦးစလုံးပါဝင်ပြီး ရော်ဘင်က  တစ် ဂိုးသွင်းယူခဲ့သည်။ ယင်းကစား သမားနှစ်ဦးစလုံးကို အသင်းနည်း ပြ ဂျပ်ဟိုင်းနက်စ်ကချီးကျူးဂုဏ် ပြုခဲ့ပြီး ၎င်းတို့သည်ထူးချွန်သော အရည်အသွေးများ ပိုင်ဆိုင်ထား သည်ဟုဆိုသည်။

မြူးနစ်မှ ထွက်ခွာရနိုင်သည် ဟု ဝန်ခံထားစဉ် ရော်ဘင်က ၎င်း ၏ အနာဂတ်နှင့်ပတ်သက်၍ ယုံ ကြည်မှုအားနည်းနေသည်။

ယခုနှစ်သည် ဘိုင်ယန်မြူး နစ်တွင် ၎င်း၏နောက်ဆုံးရာသီ ဖြစ်နိုင်ပါသလားဟု မေးမြန်းခံရ စဉ် ရော်ဘင်က ‘‘ဖြစ်နိုင်ပါတယ်။ အရာရာဖြစ်နိုင်ပါတယ်။ အဲဒါ ကြောင့် ပျော်အောင်နေဖို့ကြိုးစား ရမယ်။ ဒါကအမြဲတမ်း လွယ်ကူ တာတော့ မဟုတ်ပါဘူး’’ ဟုဖြေ ကြားသည်။

ထိုအတောအတွင်း အသင်း အနေဖြင့် ယခုကဲ့သို့စံချိန်တင် ဗိုလ်စွဲရာတွင် နည်းပြဟောင်း အန်ဆယ်လော့တီက အဓိကကျခဲ့ ကြောင်း ဂျပ်ဟိုင်းနက်စ်က ပြော ကြားသည်။

‘‘အီတလီမှာရှိနေတဲ့ ကား လို့စ်အန်ဆယ်လော့တီအတွက် အကောင်းမွန်ဆုံး ဆန္ဒပြချင်ပါ တယ်။ ဒီဆုဖလားက သူ့အတွက် ပါ။ သူကသိပ်တော်တဲ့နည်းပြ တစ်ယောက်ပါ’’ ဟု ဂျပ်ဟိုင်း နက်စ်က ပြောသည်။

အန်ဆယ်လော့တီသည် အောက်တိုဘာက ဘိုင်ယန်နည်း ပြရာထူးမှ ထုတ်ပယ်ခံရပြီး ဂျပ် ဟိုင်းနက်စ်နှင့် အစားထိုးခြင်းခံ ခဲ့ရသည်။ အသင်းတာဝန်ရှိသူများ ၏ မေတ္တာရပ်ခံမှုကြောင့် နည်းပြ ဘဝမှ အနားယူနေသူ ဂျပ်ဟိုင်း နက်စ်သည် ဘိုင်ယန်မြူးနစ်ကို စတုတ္ထအကြိမ် ကိုင်တွယ်နေခြင်း ဖြစ်သည်။

—Ref:Reuters/Gaol

More in News Section