လာလီဂါရှုံးပွဲမရှိ စံချိန်ကို ဘာစီလိုနာလိုက်မီ၊ လီဟာနက်စ်ကို မက်ဆီ ဟက်ထရစ်သွင်းယူ

လီဟာနက်စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် တိုက် စစ်မှူး လီယွန်နယ်မက်ဆီသည် ဟက်ထရစ်သွင်းယူခဲ့ပြီး ဘာ စီလိုနာအသင်းကို နောက်ဆုံး ကစားခဲ့သော လာလီဂါ ၃၈ ပွဲ၌ ရှုံးပွဲတစ်ပွဲမျှ မရှိအောင် ကူညီခဲ့ သည်။


မက်ဆီသည် ၂၇ မိနစ်တွင် အဖွင့်ဂိုးကို အလွတ်တည်ကန် ဘောမှတစ်ဆင့် တိုက်ရိုက်ကန် သွင်းခဲ့ပြီး ၃၇ မိနစ်တွင် တစ်ဂိုးနှင့်၈၇ မိနစ်တွင် တစ်ဂိုးသွင်းယူ ခဲ့သည်။

ထို့ကြောင့် မက်ဆီသည် ၂၀၀၆-၀၇ ဘောလုံးရာသီက အ သင်းဖော်ဟောင်း ရော်နယ်ဒင်ဟို နောက်ပိုင်း လာလီဂါ၌ တစ်ရာသီ အတွင်း အလွတ်တည်ကန်ဘော မှတစ်ဆင့် ခြောက်ဂိုးသွင်းယူနိုင်ခဲ့ သော ပထမဆုံးကစားသမားဖြစ် လာသည်။

ထို့အပြင် ယင်းဟက်ထရစ် ကြောင့် မက်ဆီသည် လာလီဂါဂိုး သွင်းဘုရင်စာရင်း၌ ၂၉ ဂိုးဖြင့် ထိပ်ဆုံးနေရာတွင် ဆက်လက်ဦး ဆောင်နေပြီး အဓိကပြိုင်ဘက် ရော်နယ်ဒိုကို ခုနစ်ဂိုးဖြတ်ကာ လီဗာပူးမှ ဆာလက်နှင့်သွင်းဂိုး ချင်းတူညီခဲ့သဖြင့် ဥရောပရွှေဖိ နပ်ဆုရရန် အခြေအနေကောင်း နေသည်။

ဘာစီလိုနာသည် ပြီးခဲ့သည့် နှစ် ဧပြီ ၈ ရက်က မာလာဂါကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း လာလီဂါတွင် ရှုံးပွဲမရှိသေးသ ဖြင့် ၁၉၉၇ နှင့် ၁၉၈၀ ကြားက ရီးရဲလ်ဆိုစီဒက်တင်ခဲ့သော ရှုံးပွဲ မရှိစံချိန်ကို လိုက်မီခဲ့သည်။ နည်း ပြ ဗယ်လ်ဗာဒီ၏ ဘာစီလိုနာ သည် ယခုနှစ်ချန်ပီယံလိဂ်တွင် လည်း ရှုံးပွဲမရှိသေးပေ။

‘‘ဒါကသမိုင်းဝင်စံချိန်ပါ။ ဒါ ကို ဘယ်လိုစွမ်းဆောင်နိုင်ခဲ့တယ် ဆိုတာ ကျွန်တော်ရှင်းပြလို့မရနိုင် ဘူး။ ကျွန်တော်တို့အားလုံး ကြိုး စားခဲ့ပြီး နောက်ပွဲအမြဲတမ်းအနိုင် ရအောင် အာရုံစိုက်နေပါတယ်’’ ဟု ဗယ်လ်ဗာဒီကပြောသည်။

သို့သော် ၎င်း၏အသင်းအ နေဖြင့် အမှတ်ပေးဇယားကို အ မှတ်ပြတ်ဖြင့် ဦးဆောင်နေသော် လည်း ချန်ပီယံဖြစ်ပြီဆိုသော ပြောဆိုမှုနှင့်စပ်လျဉ်း၍ ဗယ်လ် ဗာဒီက ငြင်းဆိုနေဆဲဖြစ်သည်။

‘‘ကိုယ့်ကိုယ်ကိုယ်ချန်ပီယံ ဖြစ်ပြီလို့ စပြီးထင်တာနဲ့ အမှား တစ်ခုကို စပြီးလုပ်မိတော့တာပဲ။ အဆုံးသတ်အထိ ကျွန်တော်တို့ တိုက်ပွဲဝင်ရမှာပါ’’ ဟု ဗယ်လ်ဗာ ဒီက ထပ်လောင်းပြောကြား သည်။

အခြားပွဲစဉ်များတွင် အလာ ဗတ်စ်က ဂီတာဖေးကို ၂-၀ ဂိုး၊ ဆယ်လ်တာဗီဂိုက ဆီဗီလာကို ၄-၀ ဂိုး၊ ရီးရဲလ်ဘက်တစ်က အီဘာကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။

—Ref:Reuters

More in News Section