မက်ဒရစ်ဒါဘီပွဲ သရေကျသွား၍ ဘာစီလိုနာ လာလီဂါဖလားဆွတ်ခူးရန် နီးစပ်လာ

မက်ဒရစ်ဒါဘီပွဲတွင် ရီးရဲလ်နှင့် အက်သလက်တီကိုတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ သောကြောင့် လာလီဂါအမှတ် ပေးဇယားကို ဦးဆောင်ထား သည့် ဘာစီလိုနာအတွက် ဖလား ရရန် ပိုမိုနီးစပ်လာသည်။

လက်ရှိတွင် ရာသီကုန်ရန် ခုနစ်ပွဲအလို၌ ဘာစီလိုနာသည် ဒုတိယနေရာရှိ အက်သလက်တီ ကိုကို ၁၁ မှတ်ဖြတ်ထားပြီး တတိ ယနေရာ ရီးရဲလ်ကို ၁၅ မှတ် ဖြတ်ထားနိုင်သည်။ ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ယှဉ်ပြိုင်ကာ အက်သလက်တီကို ကို ရော်နယ်ဒို၏ ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ဂရစ်ဇ်မန်းက ချေပဂိုးသွင်းယူခဲ့သည်။

ရီးရဲလ်နည်းပြ ဇီဒန်းက ဂျူ ဗင်တပ်နှင့် ချန်ပီယံလိဂ်ကွာတား ဖိုင်နယ် ဒုတိယအကျော့ ယှဉ်ပြိုင် ရန် ရှိနေစဉ် ရော်နယ်ဒိုကို ပွဲချိန် ပြည့်မသုံးဘဲ အနားပေးခဲ့သည်။

ယခုပွဲတွင် ရီးရဲလ်က ပင် နယ်တီရနိုင်ခြေ အချို့ရှိခဲ့သည်ဟု ဝေဖန်မှုများ ရှိနေစဉ် လာလီဂါ ၌ ဗီဒီယိုအကူဒိုင်စနစ် အသုံး ပြုရန် တောင်းဆိုမှုများ ထပ်မံ ထွက်ပေါ်လာသည်။

ယခုဒါဘီပွဲတွင် နှစ်ဖက်ဂိုး သမားများဖြစ်သော နာဗတ်စ်နှင့် အိုဘလက်တို့၏ လက်စွမ်းကို  ပရိသတ်က ချီးကျူးခဲ့သည်။ ယခု ပွဲတွင် ရော်နယ်ဒိုသည် ကစား သမားဘဝတစ်လျှောက် ၆၅၀ မြောက်ဂိုး သွင်းယူခဲ့သည်။

ရီးရဲလ်နည်းပြဇီဒန်းက ယခု ပွဲတွင် ဂိုးသွင်းခွင့်များ ရရှိခဲ့သော် လည်း အသုံးမချနိုင်ခဲ့ဟု ပြော သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက မိမိတို့သည် ကမ္ဘာ့အင် အားအတောင့်တင်းဆုံး အသင်း များအနက် တစ်သင်းဖြစ်သော ရီးရဲလ်ကို သရေကစားနိုင်ခဲ့သ ဖြင့် ကျေနပ်မိသည်ဟု ပြော သော်လည်း ဒိုင်၏ ဆုံးဖြတ်ချက် အချို့နှင့် ပတ်သက်၍ မပျော်ရွှင်  ဟု ပြောဆိုသည်။

—Ref:Marca/Gaol