ရီးရဲလ်ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့် တက်နိုင်ဟု ဂျူဗင်တပ်နည်းပြပြောကြား

ချန်ပီယံလိဂ်ကွာတားဖိုင် နယ် ပထမအကျော့အိမ်ကွင်းတွင် ရီးရဲလ်ကို ၃-၀ ဂိုးဖြင့် ရှုံးထား သော်လည်း ဘာနေဗျူးကွင်း၌ မိမိတို့ ထိပ်တန်းခြေစွမ်းမျိုးပြသ နိုင်ပါက နောက်တစ်ဆင့်တက်နိုင် ကြောင်း ဂျူဗင်တပ်နည်းပြ အယ် လီဂရီက ပြောသည်။

ပြီးခဲ့သည့် ရာသီက ချန်ပီယံ လိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်ကို ၄-၁ ဂိုးဖြင့် ရှုံးခဲ့သည့် ဂျူဗင်တပ်သည် ဒုတိယအကျော့ကို လာမည့် ဗုဒ္ဓ ဟူးနေ့ နံနက်၌ ယှဉ်ပြိုင်မည်ဖြစ် သည်။ဂျူဗင်တပ်နည်းပြ အယ်လီ ဂရီက ချန်ပီယံလိဂ်ဖလား  ၂ နှစ် ဆက်ယူခဲ့သည့်    ရီးရဲလ်နှင့်ရင် ဆိုင်ရာတွင် ခြေစွမ်းကောင်းများ ပြသနိုင်မည်ဟု မျှော်လင့်ထား သည်။

မိမိတို့အနေဖြင့် စီးရီးအေဖ လားနှင့် ကိုပါအီတာလီယာဖလား တို့အတွက် အင်အားကျန်ရှိနေဦး မည်ဖြစ်သော်လည်း ရီးရဲလ်ကို ထိပ်တန်းစွမ်းဆောင်ရည်မျိုးဖြင့် ရင်ဆိုင်ရမည်ဟု အယ်လီဂရီက ပြောသည်။  Ref:Football Italia