ရန်ကုန်လမ်းလျှောက်သင်္ကြန် ဆင်နွှဲဖို့ အစီအစဉ်ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်

 နှစ်စဉ်သင်္ကြန်တွင် မဏ္ဍပ်ထိုးလေ့ရှိသည့် စိုင်းစိုင်း ခမ်းလှိုင်က ယခုနှစ်သင်္ကြန်၌ မဏ္ဍပ်မထိုးဖြစ်ဘဲ သူငယ်ချင်း များနှင့် ရေပက်ခံထွက်မည်ဟု ပြောသည်။

‘‘ညနေပိုင်းက MRTV-4 Stage မှာဆိုမှာ။ အဲဒါကို တာဝန် ယူထားတော့ မဏ္ဍပ်လည်းမထိုး ဖြစ်တော့ဘူး။ ညနေပိုင်း ၄နာရီ၊ ၅ နာရီလောက်ကို သွားဆိုမယ်။ ကျိုက္ကဆံမှာ’’ဟုသင်္ကြန်ဖြတ် သန်းမှုအစီအစဉ်ကို ပြောသည်။

ထို့အပြင် ရန်ကုန်မြို့၌ ပြု လုပ်မည့် လမ်းလျှောက်သင်္ကြန်ကို မကြုံဖူးသောကြောင့် သွားရောက် ရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆိုသည်။

လမ်းလျှောက်သင်္ကြန်ပွဲကို ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး မဟာဗန္ဓုလ ပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာ ကျွန်း၊ ကန်တော်မင်ပန်းခြံနှင့် သခင်မြပန်းခြံတို့တွင် ပြုလုပ်မည် ဖြစ်သည်။

ဧပြီ ၁၀ ရက်တွင် ပြုလုပ် မည့် စိုင်းစိုင်းခမ်းလှိုင်၏ (၁၄)ကြိမ်မြောက် မွေးနေ့ ဖျော်ဖြေပွဲကို အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့် မည်ဖြစ်သည်။

‘‘ခါတိုင်းနှစ်တွေက ပွဲကို ဒီအတိုင်းပဲလုပ်တယ်။ ဒါမှ မဟုတ်ရင်လည်း ရိုက်ထားပြီး သင်္ကြန်ပြီးမှ Delay ပြန်ပြတယ်။ ဒီနှစ်မှာတော့ Live ပြဖို့စီစဉ်ထား တယ်။ ဖျော်ဖြေရမှာတော့ ဒါပဲ။ ဒါပေမဲ့ ကြည့်ရှုမယ့်သူတွေက ရန်ကုန်ကတင်မဟုတ်ဘဲ တစ် နိုင်ငံလုံးက ကြည့်ရှုရမှာဖြစ်တဲ့ အတွက် ပိုပြီး စိတ်လှုပ်ရှားပါ တယ်’’ဟု iflix App မှ အွန်လိုင်း တွင် တိုက်ရိုက်ထုတ်လွှင့်မည့် အပေါ် စိုင်းစိုင်းခမ်းလှိုင်က ၎င်း၏ ခံစားမှုကို ပြောသည်။

မွေးနေ့ ဖျော်ဖြေပွဲတွင် မကြာမီက ထွက်ရှိထားသည့် စိုင်းစိုင်းကစိုင်းစိုင်း တေးစီးရီးထဲမှ သီချင်းအသစ်များ အပါအဝင် သီချင်းအဟောင်းများ ဖျော်ဖြေ မည်ဟု ၎င်းကဆိုသည်။

‘‘သူငယ်ချင်းများစွာထဲက သီချင်းတွေပြန်ဆိုမယ်။ ဖေဖော် ဝါရီမှတ်တမ်းထဲက စိတ်ကူးယဉ် အနမ်းများနဲ့လို သီချင်းမျိုး ကျွန် တော့်ပရိသတ်တွေ ပြန်နား ထောင်ချင်ကြဦးမယ်လို့ထင်ပါ တယ်။ အဲဒါမျိုးတွေထဲကလည်း ကောင်းနိုးရာရာတွေ ရွေးမယ်။ ဖေ့စ်ဘွတ်ခ်က ပရိသတ်တွေနဲ့ လည်း တိုင်ပင်နေပါတယ်’’ဟု ယင်းဖျော်ဖြေပွဲတွင် သီဆိုမည့် သီချင်းရွေးချယ်မှုနှင့်ပတ်သက်၍ ပြောသည်။

စိုင်းစိုင်းခမ်းလှိုင်၏ ကိုးခွေ မြောက် တစ်ကိုယ်တော်ခွေ စိုင်း စိုင်းကစိုင်းစိုင်း တေးစီးရီးကို ဧပြီ ၁ ရက်တွင် ဖြန့်ချိပြီး ယင်းနေ့ည နေတွင်  ပရိုမိုးရှင်းပွဲပြုလုပ်ခဲ့ရာ ၎င်း၏ ဂီတသက်တမ်းတစ် လျှောက် ပရိုမိုးရှင်းပွဲများတွင် အရောင်းရဆုံးဖြစ်ခဲ့သည်ဟု စိုင်း စိုင်းခမ်းလှိုင်က ပြောကြားသည်။