‘ဒုဋ္ဌဝတီကို လွန်၍’ ရုပ်ရှင်အတွက် စိတ်လှုပ်ရှားနေတဲ့ အမွန်း

သရုပ်ဆောင်အဖြစ် ပထမဆုံးရိုက်ကူးထားသည့် ‘ဒုဋ္ဌ ဝတီကို လွန်၍’ ရုပ်ရှင်ရုံတင်တော့ မည်ဖြစ်သောကြောင့် စိတ်လှုပ် ရှားနေကြောင်း အမွန်းက ပြော သည်။

‘‘ဒါက အမွန်းအတွက် ပထမဆုံးရုပ်ရှင်ကားကြီးပါ။ အာကာတို့ အတွက်လည်း ပထမဆုံးရုပ်ရှင်၊ ထုတ်လုပ်ရေးအတွက်လည်း ပထမဆုံးရုပ်ရှင်ဆိုတော့ ပထမ တွေစုနေတဲ့ ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်ပါတယ်’’ဟု ယင်း ဇာတ်ကားရုံတင်မည့်အပေါ် ခံစားမှုကို ပြောသည်။

ယင်းဇာတ်ကားတွင် အမွန်း က သမိုင်းကြောင်း ရှင်းပြရသူအ ဖြစ် သရုပ်ဆောင်ထားပြီး စကားပြောမြန်သူ ဖြစ်သောကြောင့် စကားပြောသည့် ဇာတ်ဝင်ခန်းများတွင် ထိန်း၍ သရုပ်ဆောင်ခဲ့ ရသည်ဟု ၎င်းက ဆိုသည်။

‘ဒုဋ္ဌဝတီကို လွန်၍’ ဇာတ်ကားသည် ရတနာသိုက်ရှာဖွေ သည့်ဇာတ်လမ်းကို စွန့်စားမှုပုံစံ ရိုက်ကူးထားပြီး နိုင်းနိုင်းနှင့် အမွန်းတို့က အဓိကပါဝင် သရုပ်ဆောင် ထားကာ မေလ ၄ ရက်တွင် ရုံတင် ပြသမည်ဖြစ်သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် သီချင်းတစ် ပုဒ် အွန်လိုင်းမှတင်ပေးရန် စီစဉ် နေပြီး တစ်ကိုယ်တော်စီးရီးခွေ အသစ်လည်း စီစဉ်နေသည်ဟု အမွန်းက ပြောသည်။

‘‘ဂယက်ကတော့ ချစ်သူကိစ္စ ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စပဲဖြစ်ဖြစ် အပြောခံရတာတွေတော့ ရှိပါ တယ်။ ဒါပေမဲ့ အမွန်းက အဲဒါကို သိပ်ပြီးတော့ အချိန်ပေးပြီး နား ထောင့်လေ့မရှိဘူး’’ဟု ၎င်း၏အ ချစ်ရေးနှင့်ပတ်သက်၍ ဝေဖန်မှု များအပေါ် ပြောသည်။

အမွန်းသည် ကမ္ဘာကျော် Forbes မဂ္ဂဇင်း၏ ၂၀၁၈ အတွက် အသက်(၃၀)အောက် ထူးချွန်အာရှလူငယ် ၃၀ စာရင်းတွင် ရွေး ချယ်ခံထားရသည်။