ကိုယ်အလေးချိန် ပေါင်၂၀ကျချင်တဲ့ ကိုင်လီဂျန်နာ

 မကြာမီက မီးဖွား ခဲ့သော အမေရိကန်မော်ဒယ် ကိုင် လီဂျန်နာသည် ကိုယ်အလေးချိန် ပေါင် ၂၀ ကျလိုကြောင်း ပြော ကြားသည်။

ဖေဖော်ဝါရီက သမီးလေး Stormi ကို မွေးဖွားခဲ့သော အ သက် (၂၀) အရွယ် ကိုင်လီဂျန်နာ သည် ယခင်ကတောင့်တင်းသွယ် လျသော ခန္ဓာကိုယ်အချိုးအစား ပြန်ရရန် ကြိုးစားနေသည်။

မီးဖွားပြီးနောက် ခန္ဓာကိုယ် ကို ပြန်လည်ထိန်းသိမ်းရန် ကိုယ် အလေးချိန်ပေါင် ၂၀ ချရန် လို အပ်ကြောင်း ကိုင်လီဂျန်နာက ပြောသည်။

‘‘ကိုင်လီက ကလေးမွေးပြီး နောက်ပိုင်း ဝိတ်ပြန်ချဖို့အတွက် အားကစားလေ့ကျင့်မှုတွေ လုပ် နေပါတယ်။ သူကငယ်ရွယ်လှပ တဲ့ ခပ်လန်းလန်းကလေးအမေ တစ်ယောက်ဖြစ်ချင်တာလေ။ အဲဒီလိုဖြစ်အောင်လည်း သူကြိုး စားနေပါတယ်’’ ဟု အတွင်းလူ တစ်ဦးက ပြောသည်။

ကိုင်လီသည် ချစ်သူအဆို တော် ထရာဗစ်စကောက်နှင့် ရရှိ သည့် ရင်သွေးလေး လွယ်ထားရ ကြောင်း ၂၀၁၇ စက်တင်ဘာက ကြေညာခဲ့ပြီး ယခုနှစ်ဖေဖော်ဝါ ရီတွင် သမီးဦးလေး မွေးဖွားခဲ့ သည်။

လူမှုမီဒီယာစာမျက်နှာတွင် ပရိသတ်များအကြား ရေပန်း စားပြီး ၂၀၁၄ ၌ တိုင်းမ်မဂ္ဂဇင်း က ဖော်ပြသည့် ကမ္ဘာ့သြဇာလွှမ်း မိုးမှုအရှိဆုံး ဆယ်ကျော်သက်အ ဖြစ် ဖော်ပြခံခဲ့ရသော ကိုင်လီဂျန် နာသည် ငယ်ရွယ်သော မိခင်တစ် ဦးဖြစ်လိုကြောင်း ကိုယ်ဝန်မရမီ က ပြောကြားဖူးသည်။

—Ref:Contactmusic