အပြောင်းအလဲကို အပြန်အလှန် လွှမ်းမိုးသက်ရောက်နေမှု ၁၀ ချက်နှင့် ယနေ့မြန်မာ (၃)

(၈) တာဝန်အယူအဆပိုင်း (Concept of Duty)

  အယူအဆပိုင်းဆိုင်ရာ ကျွမ်းကျင်လိမ္မာမှုများ (Conce- ptual Skills)မှ ယူထားသည်ဟု မြင်ကြလျှင် စီးပွားလုပ်ငန်း (Business)ကိုပဲ တန်းမြင်ကြတာ များပါလိမ့်မည်။ တကယ်တမ်း က ကုမ္ပဏီတွေမှာမှမဟုတ်ပေ။ ဘိဇနက်ဆိုသည်က နိုင်ငံရေး၊ နိုင်ငံ့စီးပွား၊ လူမှုစီးပွား၊ ဘယ် အလုပ်ကိုမဆို၊ ကြီးသည်ငယ် သည်မဆို အကျုံးဝင်သက်ရောက် သော အနက်ရှိသည့် ဝေါဟာရ ဖြစ်ပါ၏။ သမ္မတ၏ဘိဇနက်နှင့် အရောင်းဝန်ထမ်းတစ်ဦး၊ ပြည် သူ့ဝန်ထမ်းတစ်ဦးတို့၏ ဘိဇနက် ကို ခွဲ၍မြင်ရမည်ဖြစ်သလို တွဲ၍ လည်း မြင်နိုင်ရပါမည်။ သူ့အ လုပ် ကိုယ့်အလုပ်။ ဂုဏ်သတ္တိ အရာမှာသာ ခြားနားချက်၊ အဓိပ္ပာယ် ဆောင်ချက်တွေ ထွက် ပေါ်လာမည်ဖြစ်ပြီး ဘိဇနက် သည် ဘိဇနက်ပင်။ ဤနေရာမှာ ‘တာဝန်’ဝင်လာပါ၏။ တာဝန်ကို လည်း ကြီးသည်ငယ်သည် ဘာ နှင့်တိုင်းတာမည်လဲ၊ တာဝန်ကို ဘယ်လောက် နားလည်ခံယူ၍ ကျေပွန်သလဲဆိုသည်မှစ၏။ ဘယ်လိုမြင်သလဲ၊ ယူဆသလဲ ဆိုခြင်းက ပိုမြင့်သွားပြီဖြစ်၏။ အယူအဆပိုင်းဆိုင်ရာတို့၌ တာ ဝန်ဆိုသည်ကို သေချာနားလည် ခံယူတတ်ပါက လူတော်ရောလူ ကောင်းပါ ဖြစ်နိုင်ခြေများပါပြီ။

ဒုတိယကမ္ဘာစစ်အပြီး စစ်ရှုံး ဂျပန်ကို အကြီးဆုံး၊ အကောင်းဆုံး နမူနာအဖြစ် ကြည့်မြင်ယူကြသူ များပြားလှသလို ဤဖက်တာ၏ အခြေခံနှင့် အနှစ်သာရကိုပါ ဆွဲ ထုတ်ယူ၍ရနေသည်။ ဂျပန် ဧကရာဇ်ကြီးက ရိုက်၍လည်း မခိုင်းပါ။ ဂျပန်နိုင်ငံသားတို့၏ ‘တာဝန်’အပေါ် အယူအဆသည် လူမှုသိပ္ပံအရာ၌ ကြီးမားစွာ ထင် ဟပ်ပြနေဆဲဟု ဆိုနိုင်ပြီး လူမှု ဗေဒအရတော့ ထိုခေတ်နှင့် ၂၁ ရာစုအိုင်တီခေတ်၊ ဒစ်ဂျစ်တယ် ခေတ်ကို ယှဉ်ပြခြင်းအပေါ် လက် ခံမှုသိပ်မရှိ၊ သဘောသိပ်မကျ ကြကြောင်း တွေ့ရပြန်၏။ လူ တွေကပဲ တစ်ကိုယ်ရေလွတ်လပ် မှုကို သိပ်လိုချင်သလို အာသာ မပြေ ဖြစ်လာနေသည်လားဟု မေးခွန်းတွေလည်း ရှိနေ၏။ ထင် ရှားပေါ်ထွက် ရှေ့ဆက်နေ၏။ ဖွံ့ဖြိုးပြီး စက်မှုခေတ်လွန် နိုင်ငံ များတွင် ပိုများပြား၏။ ဒီရုပ်ပုံ ကားချပ်က ယနေ့ကမ္ဘာ့တိမ်း ညွတ်မှု မျဉ်းပြိုင်တွေကို အထင် အရှား ပြသပါသည်။ သယံဇာတ ကျိန်စာအမျိုးမျိုးနှင့် ပထဝီအနေ အထားအရ ဆင်းရဲနုံချာလှသည့် ဒေသကြီးများမှ နိုင်ငံတို့ကို ဖယ်  လိုက်လျှင်တောင်မှ ကျန်ကမ္ဘာ့ အစိတ်အပိုင်းအများစုရှိ ပုံမှန် သာမန်နိုင်ငံများတွင် ဆင်းရဲချမ်း သာကွာဟချက်ကို အနည်းနှင့် အများ အထင်အရှား တွေ့မြင်နေ ရသည်။ ကမ္ဘာကြီး မမျှတ မပြေ ပြစ်သေးပါ။  ကမ္ဘာ့နိယာမတွေ အရ ဘယ်တော့မှလည်း အလုံးစုံ ပြည့်ဝမည်မဟုတ်ပါ။ အဆိုးမြင် လွန်း၊ အကောင်းမြင်လွန်း အစွန်း နှစ်ပါးကိုတော့ ရှောင်ကြဉ်အပ်ပါ ၏။

ယနေ့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ခြုံကြည့်လျှင် ဤ ‘တာဝန်’အယူအဆပိုင်း ဖက်တာ ၌ အတော်တိမ်းစောင်း နေကြပါ သည်။ အပြစ်စကားဆိုခြင်း မဟုတ်သလို သာမန်ပြည်သူလူထု အများစုကြီးအတွက် ဘယ်လိုမှ မဆိုရက်ပါ။ နှစ် ၅၀ ကျော် အသော်ရစ်တေးရီးယန်းအောက် မှာ နက်နက်ရှိုင်းရှိုင်း ကွဲအက်နေ တာလား၊ ကွဲအက်ခံရသည်လား ... ထင်ရှားနေစေလှ၏။ ‘တာဝန်’ ဆိုသည်ကိုပင် အဓိပ္ပာယ်လွဲမှား စွာ ကောက်ယူနားလည်နေကြရ ၏။ အငတ်ခံပြီး စပါးရောင်းပေးမှ တာဝန်ကျေပွန် ဦးကြီးဖြစ်သည်။  အငတ်မခံနိုင်၍ မရောင်းလျှင် အန္တရာယ်အပြုခံရသည်။ ဒါက မြန်မာ့ဆိုရှယ်လစ်ခေတ်။ နောက် နဝတ၊ နအဖနှင့် ၂၀၁၁ အထိ လည်း ဤသို့ဤပုံတွေ အမြောက် အမြားရှိပါ၏။ အဆင်သာကွဲ မည်၊ ဒီဇိုင်းအနှစ်သာရက အတူ တူပင်။ အကြောက်တရားတွေ လှိုင်လှိုင် ပေါများစေ၏။ လူ့အရင်း အမြစ် အစစ်အမှန်ဖြစ်သော စိတ် နေစိတ်ထားရေးရာ၊ အယူအဆ ပိုင်းရေးရာတွေကို သတ်ပစ် သည်။ ဝမ်းဝရုံ၊ ကျောခင်းနိုင်ရုံ တွေသာ ဒုနဲ့ဒေး မွေးထုတ်သည်။ ၁၉၅၈၊ ၁၉၆၂ မှ ၁၉၈၈ အထိ အဂတိလိုက်စားမှု၊ အကျင့်ပျက် ခြစားမှုက မဆလထိပ်ပိုင်းမှာပဲ ရှိခဲ့ပါသေးသည်။ ၁၉၈၈ မှ ၂၀၁၀ အထိ ၂၃ နှစ်ကာလက တော့ ဝန်ထမ်းကြီးတွေမကျန်၊ ဝန်ထမ်းလတ်၊  ဝန်ထမ်းငယ်တွေ အဆုံး ဖြည်းဖြည်းမှန်မှန် ပျက်စီး လာ၊ အဖျက်ဆီးခံလာခဲ့ကြရ သည်။ နိုင်ငံသား သာမန်လူတွေ လည်း လာဘ်ပေးလာဘ်ယူ လောက်ဆိုသည်က ထမင်းစား ရေသောက်ကိစ္စ ဖြစ်လာစေခဲ့ရ တော့သည်။ ကြုံသလို၊ ကြက် ယက်သလို ရှာဖွေစားသောက်နိုင် ကြလွန်းပါမှ။ အရေအတွက် အနည်းငယ်ကတော့ တချို့ ခရိုနီ ကြီး၊ လတ်၊ ငယ်တွေဖြစ်လာပြီး တချို့ တစ်ဆင့်ခံလက်ပွား အဆက်အနွှယ်တွေဖြစ်လာ၊ ခွင် ရိုက်စား၊ အဆင်ပြေ၏။ စာအုပ် တွဲကြီးတွေပင် ရေးနိုင်ပါသည်။

တာဝန် ...။ နိုင်ငံသားများ၏ တာဝန်ကိုပဲ တောက်လျှောက် ပြောလာခဲ့၏။ အသော်ရစ်တေး ရီးယန်း သွင်းသမျှပုံစံကို ‘ဝင်’သူ သာ တာဝန်ကျေသလို ဖြစ်တော့ ၏။ အခွန်ဆောင်ခြင်းလောက်မှာ တောင် လက်သိပ်ထိုးလိုက်လျှင် ပိုအဆင်ချောသည်မို့ ရပ်ကွက်ထဲ က ကွမ်းယာဆိုင်၊ အပ်ချုပ်ဆိုင်၊ ဆိုင်းဘုတ်ခွန်လောက်ကိုပင် လမ်းလျှောက် စည်ပင်ဝန်ထမ်းနှင့် ပေါင်းရိုက်လိုက်ကုန်ကြ၏။ ကမ်း ကုန်ပါ၏။ ထိုသူများကို အပြစ် ပြော၍မရ။ အသော်ရစ်တေးရီး ယန်းသည်သာ အဓိက။

ဟုတ်ပြီ...။ ယခု ခုနစ်နှစ်၊ အရပ်သားအစိုးရ ၂နှစ်မှာကော တာဝန်သိစိတ်ရေချိန် နိုင်ငံမှာ ဘယ်လောက် ရှိလာနေပြီလဲ။ သော့ချက်မေးခွန်း ထွက်လာပြီ ဖြစ်သည်။ ဥပဒေတွေ ပြဋ္ဌာန်း ခြင်းက လက်တစ်လုံးခြားနှင့် စိုး မိုးရေးဖော်ဆောင်ရသည့် ယန္တရား ထဲမှ အဆင့်ဆင့်ပုဂ္ဂိုလ်များဆီမှာ သာ လိုသလိုလုပ်၍ ရနေသေး သည်။ ဥပဒေတချို့က အဆင် မပြေ။ သည်ကြားထဲမှာ နည်း ဥပဒေနှင့် လုပ်ထုံးနည်းနာ စနစ် တွေ မပေါ်ထွက်လာသေးသည်က အများစု။ နိုင်ငံသားတွေဘက်ကို ပြောပါမည်။ နိုင်ငံတော်ကြီး အတွက်၊ လူ့အဖွဲ့အစည်းအတွက် ဟု အနစ်နာ ဆက်ခံခိုင်းသလိုပုံစံ ဖြင့် ဆော်သြပြနေရုံမျှလောက်က အလုပ်မဖြစ်ပါ။ ပညာပေး (Advocacy) လုပ်ဆိုသည်တွေက ယနေ့ထိ ယေဘုယျဆန်နေသေး ၏။

Conceptual Skills မြင့် လျှင် တစ်ဦးချင်းစီရော နိုင်ငံပါ ‘တက်’မည်။ ဤမက်လုံး (Incen -tives)များကို နည်းလမ်းပေါင်း စုံဖြင့် လက်တွေ့ကျကျ ယုတ္တိရှိရှိ ပြသနိုင်ဖို့ လိုနေသည်။ တစ်ဦး ကောင်း တစ်ယောက်ကောင်း လောက်ကို ဆွဲထုတ်ပြနေရုံမဖြစ် ပါ။ ‘တာဝန်’ဆိုတာ ဘာလဲ...။ အလုပ်ပြုတ်မှာစိုး၍၊ အဖမ်းခံရ မှာစိုး၍ဆိုသော အကြောက်တရား အရင်းခံပြီး ကျေတယ်ဆိုရုံလုပ်နေ ကြ၍လည်း တိုးတက်လမ်းသိပ် မမြင်။ တစ်ဦးစိတ် အတ္တကိုပဲ၊ ပုဂ္ဂလိအကျိုးစီးပွားကိုပဲ အခြေ ‘တည်’ပေးလိုက်ပါ။ ၁၉၄၅-၆၀ ဂျပန်တွေ၏ စိတ်ဓာတ်မျိုးကို ရုပ်ရှင်၊ ဗီဒီယို၊ ဝတ္ထုတွေဖြင့် ခြယ်မှုန်းကြပါ။ ဆိုရှယ်မီဒီယာ တွေမှာ ဖန်တီးဖော်ပြကြပါ။ အစိုးရချည်းသက်သက် လုပ်၍ မရတော့သည့် ကာလမျိုးမှာ လူထု၏ သိစိတ်ရေချိန်ပါဝင်ပူး ပေါင်းလာပါမှ အလုပ်ဖြစ်ပါမည်။ ကျယ်ပြန့်လွန်းလှငြား ဤမျှ လောက်နှင့် ခဏရပ်မည်။ ဆက် လက်ချိန်ဆ စဉ်းစားကြ၊ တွေး ခေါ်လုပ်ကိုင်ပေးကြ စေလိုပါ၏။

(၉) မစ်ရှင်သစ် (များ) (New Mission)

အပြောင်းအလဲက ကောင်း ဆိုး ရောပြွမ်းနေသေးသောကာလ နှင့် အနေအထားထဲမှာ ဖြစ်နေ ၏။ ရှိနေ၏။ ကျန်ဖက်တာကိုးခု ကိုမူတည်၍ ယခုဖက်တာကို အစောပိုင်းကတည်းက သေချာ စနစ်တကျ ချမှတ်ထားရုံတင် မက ‘လမ်းကြောင်း’ (Path Way) တွေကိုပါ စဖွင့်ထားခဲ့ရပါမည်။ နိုင်ငံတော်သမ္မတ၏ ရာထူးလက် ခံမိန့်ခွန်းတွင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းစစ်ငြိမ်း ချမ်းရေး၊ အဂတိတရားကင်းစင် သော လူ့အဝန်းအဝိုင်းတည် ဆောက်ဖြစ်ပေါ်ရေး၊ လူမှုစီးပွား မြင့်မားတိုးတက်ရေး ... အဓိက ပန်းတိုင်လေးချက် ပါဝင်ခဲ့၏။ ချမှတ်ပြီးသားဖြစ်၏။ နိုင်ငံတကာ နှင့် နိုင်ငံရေးသီအိုရီများအရ အပြောင်းအလဲသည် ရုတ်ခြည်း ပေါ်လာသည်မဟုတ်။ မြန်မာ လည်း နှစ် ၃၀ နီးပါး ဖြတ်သန်း ကျော်လွှားပြီးမှ ပေးဆပ်မှုများစွာ ဖြင့် ဤအဆင့်အနေအထားကို ရောက်ရှိခဲ့ရတာဖြစ်သည်။ ပင်မ ကျောရိုးက ရိုးရိုးသာမန် ပြည်သူ တွေပဲ ဖြစ်ကြပါသည်။ နောက် သီအိုရီတွေအရ Regime Change တွင် ပထမဆုံးအရပ် သားအစိုးရသက်တမ်းမှာ အကန့် အသတ်နှင့် ယေဘုယျသတ်မှတ် ချက်တွေရှိ၏။ မြန်မာ၏ ငါးနှစ်ကို ပဲ ယူကြမည်။ ပထမသုံးနှစ်၊ အလွန်ဆုံး သုံးနှစ်နှင့် သုံးလသည် အဓိကမူလ ပန်းတိုင်များကို တတ်နိုင်သမျှ ဖော်ဆောင်ပေးရန် ဖြစ်ပြီး ကျန် ၂နှစ် (သို့မဟုတ်) တစ်နှစ်နှင့် ကိုးလသည် နောက် ထပ် တိုးတက်ဖြစ်ထွန်းနိုင်ခြေတို့ ချပြ၍ လာမည့်ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင် စည်းရုံးရမည်ဖြစ်သည်။ ထိုကာ လမှာလည်း ဖြစ်ထွန်းတိုးတက်နေ ရေး ဇောင်းပေးနေရချက်ကို လျှော့ချ၍မဖြစ်ပြန်။

စာရေးသူ အဆိုးမြင်ပိုများ နေသည်ဟု ထင်ကောင်းထင်နိုင် ပါ၏။ နောက်တော့ မကျသေးဟု ယူဆပါသည်။ တာဝန်ပိုင်းတွင် ပညာရေးနှင့် သိမြင်လွယ်မှု အဓိ ကကျသည်။ ထိုအချက်တွေ ခပ် မြန်မြန်မြှင့်ပါ။ တာဝန်သည် မစ် ရှင်အတွက်ဖြစ်ကြောင်း အသိမှန် အမြင်မှန်သူများဆီသာ ဦးတည် ပစ်မှတ်ထား ဆောင်ရွက်ပါ။ တရားဥပဒေ၊ ဥပဒေပိုင်းဆိုင်ရာ ဖော်ဆောင်မှုပိုင်းပါ မြှင့်တင်ရေး ဆောင်ရွက်ပါ။ စစ်ဘက်မှ တိုက် ရိုက်ကိုင်တွယ်နေသော ဝန်ကြီး ဌာန သုံးခုအပါအဝင် ဘယ်ဝန် ကြီးဌာနကိုမဆို တာဝန်နှင့်မစ်ရှင် ပိုင်း၌ တစ်တန်းတည်း ရှိပါစေ။ မစိုးရိမ်ပါနှင့်။ ပြုပြင်ပြောင်းလဲမှု များ ဆက်တိုက်ဆက်လုပ်၊ ရဲရဲ လုပ်ပါ။ အရပ်ဘက်လူမှုအဖွဲ့ အစည်း CSO များ၊ မီဒီယာများ၏ ‘အား’ကို ပြန်ယူနိုင်ရေး လမ်း ကြောင်းဖွင့်ပါ။ နိုင်ငံသားများကို မထမ်းနိုင်သော ‘ဝန်’ပိုမပိပါစေ နှင့်။ အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေကို အမြန်ဆုံးပြင် ပါ။ လက်တွေ့ကျကျ ဖော်ဆောင် ရေးယန္တရား ပြုပြင်တည်ဆောက် ပါ။ ဝန်ထမ်းများ လစာမလောက် ငပါက ဆုပေးဒဏ်ပေး ဝန်ကြီး ဌာနများပိုင် စီးပွားရေးအမြတ် အစွန်းတို့မှ ခွဲဝေပေးနိုင်၏။ ပြည် သူ့ဘဏ္ဍာ၊ ဘတ်ဂျက်ထဲမရောက် တာတွေ အများကြီးမှ အများကြီး ရှိနေဆဲဖြစ်သည်။ ဖော်ထုတ်ပါ၊ စိစစ်ပါ၊ လူကိုအရေးမယူဘဲ လုပ် ငန်းကို အရေးယူဒဏ်ငွေရိုက်ပါ။ နိုင်ငံတော်ပိုင်လုပ်ငန်းများ (SOEs- State Owned Enterprises) ကို အရည်အသွေးမြှင့်ပြီး ကုမ္ပဏီ များပုံစံ ခပ်သွက်သွက်လုပ်ပါ။ အချိန်ပင် သိပ်မရတော့ပေ။ မြန် မြန်ကြီး လုပ်ရပါမည်။ ပုဂ္ဂလိက SMEs များ၏ အကျိုးစီးပွားနှင့် မျဉ်းပြိုင်သဘောပဲ ဖြစ်ပါစေ။ Rival အပြိုင်သဘော မဖြစ်ပါစေ နှင့်။ လုပ်ကွက်တွေ ခွဲဝေယူနိုင် စရာ အများကြီးရှိပါသည်။ ဖိနှိပ် မှု၊ နှိပ်ကွပ်မှု၊ အသာစီးရယူမှုမျိုး လုံးဝမလုပ်မိပါစေနှင့်။ သီးခြား လွတ်လပ်သော၊ အမှီအခိုကင်းမဲ့ ၍ ထက်မြက်တက်ကြွသော စောင့်ကြည့်သုံးသပ် (M&E)များ၊ Watch Dog Body များ၊ ဖြစ်နိုင် လျှင် သင့်ခ်တန့်ခ် (Think Tank) များ ထပ်ဖွဲ့စည်းပေးပြီး အကြံပြု ချက်ရယူပါ။ စီးပွားရေးမှာ ၁၅ လလောက်ပဲ အချိန်ရှိတော့သည်။ မေခရိုရော၊ မိုက်ခရိုမှာပါဖြစ် သည်။ GDP တက်ရေးကတစ် ပိုင်း၊ အရင်းပြန်လည်ခွဲဝေမှု စနစ် ကောင်း (Capital Redistribu-tion)က တစ်ပိုင်းဖြစ်၏။ GDP တက်တိုင်း စီးပွားဖြစ်၍ လူအများစု ရနိုင်သည်မဟုတ်။ အလျဉ်းသင့်လျှင် အသေးစိတ်ရေးပါဦး မည်။

ဒါတွေက ၂၀၂၀ ထိ မစ်ရှင် သစ်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ဖက်တာများကို တော့ ယတိပြတ်မပြောလိုပါ။ မပြောနိုင်ပါ။ အင်အားအကြီးဆုံး အဖွဲ့၏ သဘောကိုပဲ ကြည့်နေရ သည့်ပုံမျိုး ဖြစ်နေ၏။ အတိုင်ပင် ခံပုဂ္ဂိုလ် လုပ်နိုင်သ၍ ၂၁ ပင်လုံ (များ) ထိရောက်အားကောင်းမှု အမြင့်ဆုံး ရနိုင်သလောက်တော့ ရပါမည်။ EAO တွေ စိတ်ထင့်နေ ကြတာလည်း  ဒါပဲဖြစ်၏။

လာမည့်မစ်ရှင်သစ်က ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု လူမှုစီးပွား တိုးမြှင့်၍ နိုင်ငံတော် မြင့်တက်ခြင်း ... ပဲဖြစ်ပါသည်။ ၂၀၂၀ အလွန်။

(၁၀) ရုပ်သိမ်းမှု (များ) (Demo -bilisation)

Mobilisation/Mobiliza-tion ကို Regime Change အတွက်မှာတော့ လူထုပါဝင် ရွေ့လျားမှုဟုယူဆပြီး ယခု De တစ်လုံးခံလိုက်တော့ ဘာကြောင့် ရုပ်သိမ်းမှုဟု ယူရသည်လဲ။ ပညာရပ်၊ လက်တွေ့အမေး ထွက်လာပါသည်။ မှန်ပါသည်။ Change အထွက်တုန်းကအတိုင်း ဆက်ယူ လျှင် လူထုပါဝင်ရွေ့လျားမှုကို ရုပ်သိမ်းလျှော့ချ လိုက်ရသည် လားဟု ထင်စရာ ယူစရာဖြစ်သွား ၏။ နောက်အဓိပ္ပာယ်တစ်မျိုးက ‘ရွေ့မှုကို လျှော့ချခြင်း’ဖြစ်နေပြန် သည်။

အပြောင်းအလဲကို လွှမ်းမိုး သော ဖက်တာအဖြစ် ရုပ်သိမ်းမှု ကို ဘယ်အရာတွေမှာ ပြုရမည် လဲ။ လုပ်ရသည်လဲ။ ဥပဒေပိုင်း၊ တာဝန်ခံယူမှုနှင့် ဗျူဟာပိုင်း၊ အော်ပိုရေးရှင်းပိုင်း၊ လူမှုဆိုင်ရာ  ပိုင်းများတွင် မလိုလားအပ်သော မရှိသင့် မဖြစ်သင့်သည်များကို ဖြေလျှော့ရုပ်သိမ်း နှစ်မျိုးနှစ်ဆင့် လုပ်နိုင်ခြင်းကို ရည်ညွှန်းလိုခြင်း သာဖြစ်ပါ၏။ ရာဇသတ်ကြီးမှာ ခေတ်နှင့် မလျော်ညီတော့သော ပုဒ်မတွေ၊ ပြဋ္ဌာန်းချက်နှင့်(ဥပမာဒဏ်ငွေပမာဏ) သတ်မှတ်ချက်တွေ ရုပ်သိမ်းပြင်ဆင်ရပေမည်။ ဥပဒေပိုင်းကို စိုးမိုးရေး တာဝန်ယူရသည့် ပြည်ထဲရေး (ရဲတပ်ဖွဲ့၊ စသုံးလုံး၊ စီအိုင်ဒီ၊ အက်စ်ဘီ စသည်ဖြင့်) အပြင် သီးခြားကော်မရှင်များ (အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူ့အခွင့်အရေး စသည်ဖြင့်)တို့၏ တာဝန်ပိုင်းများ၌ အလုပ်မဖြစ်သည်များကို လျှော့ချ ရုပ်သိမ်းရမည်။ ထိရောက်ထက်မြက်အားကောင်းစေရေး ရည်ရွယ်ဆောင်ရွက်ဖို့ဖြစ်၏။ ခပ်ရဲရဲလုပ်ဖို့ လိုပါမည်။ တချို့သော ဥပဒေသစ်များကိုလည်း ပြန်စိစစ်ရမည်။ လက်ရှိ လွှတ်တော်ရေးရာ ကော်မတီ၊ ကော်မရှင်များ၏အင်အား၊ စွမ်းရည်မလုံလောက်လျှင် ဖြည့်တင်းရမည်။ ရုပ်သိမ်းခြင်းသည် ဖြည့်ဆည်းမှုအတွက်ဖြစ်၍ ဤဖက်တာအောက်မှာပဲ အကျုံးဝင်နေခြင်းဟု ဆိုပါမည်။ တင်းကျပ်နေမှုများကို ဖြေလျှော့ရပါမည်။ လူမှုစီးပွား အဓိကကျသော်လည်း နိုင်ငံနှင့် တာဝန်ခံယူထားသော အစိုးရကိုပင် ပြန်အထင်လွဲနိုင်စေသည့် ကိစ္စရပ်များရှိ၏။ ဒါတွေကို ရုပ်သိမ်းပေးရမည်။ စိတ်ကိုလည်း ပျော်စေရပါမည်။ လူမှု စီးပွားကိုလည်း ဦးစားပေးရပါ မည်။ ပိုက်ဆံရတိုင်း ပျော်သည် တော့မဟုတ်။ သူတစ်ပါး ထိခိုက် နစ်နာမှုမရှိလျှင် စည်းဘောင်ထဲ က ပျော်ရွှင်ခွင့်ကို ပေးရပါမည်။ အပန်းဖြေစရာ နေရာမရှိ။ နိုက် ကလပ်နှင့် ဟိုတယ်မသွားနိုင်သူ အများစုအတွက် အများပြည်သူ အပန်းဖြေစရာ ဧရိယာများ ရှာဖွေဖော်ထုတ် ပေးရပါမည်။ အ တားအဆီး၊ အဟန့်အတားဖြစ် နေသည်များကို ဖယ်ရှားရုပ်သိမ်း ခြင်း မည်ပါ၏။ လူများစု လက်ခံ မည်သေချာ၍ ရဲရဲလုပ်ရတော့မှာ တွေ ရှိနေသည်။ အသော်ရစ်တေး ရီးယန်း ‘မဲ’ တင်းမှာ၊ ခရိုနီတွေ ငြူစူမှာမျိုး ကြုံရမည်။ မစိုးရိမ်ပါ နှင့်။ အမှန်တကယ် ထက်မြက် သော လုပ်ငန်းရှင်များ ပူးပေါင်း ပါဝင်လာပါလိမ့်မည်။ ဈေးကွက် စီးပွားရေးက ဒါပဲဖြစ်၏။ မျှတ ပြေပြစ် ကစားကွင်း (Fair Play-ground)တွေ  ဖန်တီးပေးခြင်း ဖြစ်သည်။ နောက် CSO များ၊ မီဒီ ယာများကို တင်းကျပ်ထားမှုများ အား ဖြေလျှော့ရုပ်သိမ်းရပါမည်။ အများပြည်သူတွေ အမှန်တရား ကို  ပိုရွေးချယ်တတ်လာဖို့အရေး အတွက် လုပ်ရမည့် အလုပ်ဖြစ် သည်။

ဤဖက်တာ ၁၀ ချက်ကို ဤ ဆောင်းပါး အစပျိုးကတည်းက ဘာအရေးအကြီးဆုံးလဲ သတ် မှတ်မထားပါ။ အားလုံးအရေးကြီး ၍ဖြစ်သည်။ ကံကောင်းထောက်မနေသည့် အချက်တစ်ချက်က မြန်မာပြည်သူ ၅၄ သန်း၏ အများ စု၏ ယနေ့အထိ အရပ်သားအစိုးရ ဘက်မှာ ရပ်ခံ၊ တောင့်ခံ ပေးထား သည်။ နိုင်ငံ့အနာဂတ်အတွက် (သိသည်ဖြစ်စေ၊ နားမလည်ဘဲ ဖြစ်စေ) ၎င်းတို့ ပါဝင်ဆောင်ရွက် ရွေ့လျားပေးနေကြပါ၏။ အ သော်ရစ်တေးရီးယန်းအောက်မှ လွတ်မြောက်ရုန်းထွက်ပြီး ကိုယ့်ဘဝကိုယ် တရားဝင်ပိုင်ဆိုင် ရပ်တည်၊ ကံဉာဏ်ဝီရိယအလျောက် ကြီးပွားလိုသောစိတ်တွေ အရင်းခံတာ အများစုဖြစ်ပါသည်။ Deeply Divided Societies အဆုံးကို ဂရုစိုက်ရမည်ဖြစ်သည်။ သို့ငြား အများညီ၍ ဤကိုကျွဲဖတ် စေသော ခေတ်ကာလတွေ ဖြတ် သန်းခဲ့ပြီးပြီ။ ဒါကလည်း အများ ညီသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့ခြင်းသာ ဖြစ်ပါ၏။ စိုးရိမ် စရာတွေက ရေချိန်မြင့်လှသည်။  သို့ငြား စိတ်အေး (Calm)မှ ဖြစ် မည်။ ခြုံငုံလွှမ်းမိုးကြည့်နိုင်၊ အို ဗာဗျူးလုပ်နိုင်ဖို့ အရေးကြီးပြီး ဖက်တာတွေကို အပြန်အလှန် ချိတ်ဆက်ပေးနိုင်ဖို့ ထပ်ထပ် ကြိုးစားနေကြရပါမည်။ တိုင်းရင်း သားတွေ၏ အသံကို ပိုနားထောင် ပါ။ တကယ်ဆုံးဖြတ်ရမည်က ကိုယ်သာဖြစ်ပြီး လမ်းဖွင့်ပေးပါ။ ဆွဲခေါ်ယူပါ။

ဒီမိုကရေစီလှိုင်း၊ အုပ်ချုပ် ရေးအပြောင်းအလဲ ... ဒါကို မြန်မာ ရထားနှင့်ပြီ ဖြစ်သည်။ ငရဲ က လွတ်တယ်ဆိုရုံတော့ရှိပြီ။ အမှောင်ခေတ် (Dark Age)ကနေ အလင်းခေတ်ဆီ ဦးတည်နေပြီဖြစ်သည်။ ပြာပူ၊ မီးပူတွေတော့ရှိနေဦးမှာသေချာ၏။ အတူတကွ၊ အများစုကြီးအတူ ဖြတ်သန်းရှေ့ ဆက် လျှောက်လှမ်း ကျော်လွှား ကြရပါဦးမည်။ ပြာပုံထဲက ရုန်း ကြွကြရဦးမည်။ ဒီမိုဂရပ်ဖီနိုင်ငံ ရေးနှင့် နိုင်ငံရေးပထဝီ၊ ပထဝီ နိုင်ငံရေးနှင့် မေခရို၊ မိုက်ခရိုရေခံ မြေခံတွေ ရှိနေပါသေးသည်။ အကြောက်လွန်နေ၍ ဘာမျှမရ။ လုပ်စရာရှိတာ ရဲရဲလုပ်ကြရပါ မည်။ ဖြတ်သန်းကြရပါမည်။ ကိုယ့်အလုပ်ပေါ် မူတည်၍ အ ဖြေထွက်မည်သာ။   ။

(ဖော်ပြပါဆောင်းပါးသည် စာရေး

သူ၏ အာဘော်သာဖြစ်ပါသည်)