စိုးလင်းဦးနှင့် ထိုင်းလက်ဝှေ့သမားဝီဂျစ်ပွဲတွင် အနိုင်၊ အရှုံး မပေါ်

စိုးလင်းဦးနှင့် ထိုင်းလက်ဝှေ့သမားဝီဂျစ် ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်မြို့တွင် ကျင်းပ သည့် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအထူးပွဲတွင် စိုးလင်းဦး နှင့်ထိုင်းလက်ဝှေ့ကျော်ဝီဂျစ်တို့ အကြိတ်အနယ်ထိုးသတ်ပြီး ပူးတွဲ သရေကျခဲ့သည်။

အဆိုပါရိုးရာလက်ဝှေ့စိန် ခေါ်ပွဲကို ဧပြီ ၈ ရက်ကရန်ကုန် မြို့ သိမ်ဖြူအားကစားရုံတွင်ကျင်း ပပြီး တွဲဆိုင်းရှစ်ဆိုင်းပါဝင်ယှဉ် ပြိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် သ ရေပွဲခြောက်ပွဲအထိ ထွက်ပေါ်ခဲ့ ပြီး နှစ်ပွဲသာ အနိုင်၊ အရှုံးအဖြေ ပေါ်ခဲ့သည်။ အဓိကတွဲဆိုင်းဖြစ် သည့် စိုးလင်းဦးနှင့်ဝီဂျစ်တို့ပွဲ သည် အကြိတ်အနယ်ရှိခဲ့ပြီးပထမ နှင့်ဒုတိယအချီတွင် ၀ီဂျစ်က အသာရပြီး စိုးလင်းဦးကတန်ပြန် တိုက်စစ်ဖြင့်သာ ထိုးသတ်နိုင်ခဲ့ သည်။

သို့သော် နောက်ပိုင်းအချီ များတွင် စိုးလင်းဦးက ထောက် လက်သီးများဖြင့် ၀ီဂျစ်ကိုပြန် လည်အသာရခဲ့သည်။ သို့သော် ငါးချီအထိ အကြိတ်အနယ်ယှဉ် ပြိုင်ထိုးသတ်သော်လည်း နှစ်ဦး စလုံး အလဲထိုးသတ်နိုင်ခြင်းမရှိဘဲ ပူးတွဲသရေဖြင့်သာ ပြီးဆုံးခဲ့ သည်။ စိုးလင်းဦးနှင့် ၀ီဂျစ်သည် ၂၀၁၅ ဒီဇင်ဘာနှင့် ယခုနှစ် ဇန်န ၀ါရီကတွေ့ဆုံမှုတွင် သရေကျ ထားပြီး သုံးကြိမ်မြောက်ပူးတွဲ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

အခြားတွဲဆိုင်းတွင် မြန်မာ လက်ဝှေ့ကျော် ကရင်လေးက ထိုင်းလက်ဝှေ့ကျော်ဘန်ဒါဆတ် ကို လေးချီတွင် အလဲထိုးအနိုင်ရ ခဲ့သည်။ ရဲသွေးနီနှင့် ထိုင်းလက် ဝှေ့ကျော်ခွမ်ဖစ်တို့ပွဲတွင် ငါးချီ အထိအကြိတ်အနယ်ထိုးသတ်ခဲ့ သော်လည်း အနိုင်၊ အရှုံးမပေါ်ဘဲ ပူးတွဲသရေကျခဲ့သည်။

ကျန်ပွဲများဖြစ်သည့် ဆွေ ထွန်းအောင်နှင့် စောထူးအောင်၊ သိန်းစိုးနှင့် အောင်နေထူး၊ သွေး သစ်မောင်နှင့် ကျော်ဇင်လတ်၊ ဒေါင်းဖြူလေးနှင့် ကျော်နိုင်တို့ပွဲ များလည်း ပူးတွဲသရေကျခဲ့သည်။ ကျော်လင်းထူးနှင့် ထွန်းတောက် ကြယ်တို့ပွဲတွင်မူ ကျော်လင်းထူး က တတိယအချီ၌ အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်က ကြီးမှူးပြီး MMTS နှင့် H&S Group တို့ပူးပေါင်းစီစဉ် သည့် မြန်မာ-ထိုင်းရိုးရာလက် ဝှေ့ပွဲသို့ ပရိသတ်အများအပြား လာရောက်အားပေးခဲ့သည်။