မြန်မာလိဂ်ပွဲစဉ်(၁၀)တွင် မကွေး၊ ဧရာဝတီနှင့် ရခိုင်အသင်းတို့ နိုင်ပွဲရ

 မြန်မာလိဂ်ပွဲစဉ်(၁၀) နောက်ဆုံးရက်တွင် မကွေး၊ ဧရာ ၀တီနှင့် ရခိုင်ယူနိုက်တက်တို့က ပြိုင်ဘက်အသင်းများကို အသီး သီးအနိုင်ရခဲ့သည်။

ဧပြီ ၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်သည့်ပွဲ၌ မကွေးအသင်းက ဇွဲကပင်အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

အဆိုပါပွဲတွင် မကွေးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို နိုင်နိုင်ကျော်က သွင်းယူခဲ့သည်။ ယင်းပွဲ အနိုင်ရလဒ်ကြောင့် မကွေးအသင်းက ရမှတ်  ၂၀ မှတ်ဖြင့်အမှတ်ပေးဇယားဒုတိယနေရာ၌ ရပ်တည်ကာ ထိပ်ဆုံးမှ ရန်ကုန်အသင်းကိုဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

ပုသိမ်မြို့ ကျောက်တိုင်ကွင်း တွင် ယှဉ်ပြိုင်သည့်ပွဲ၌အိမ်ရှင် ဧရာဝတီအသင်းက စစ်ကိုင်းအ သင်းကို ခြေစွမ်းအသာဖြင့်ဖိအား ပေးကစားပြီး ၅-၂ ဂိုးဖြင့်ဂိုးပြတ် အနိုင်ရခဲ့သည်။ အဆိုပါပွဲတွင် ဧရာဝတီအသင်းအတွက် အနိုင် ဂိုးများကို တိုက်စစ်မှူးသီဟဇော် က နှစ်ဂိုး၊ ပက်ထရစ်၊ အိုလီနှင့် နိုင်လင်းဦးတို့က တစ်ဂိုးစီသွင်းယူ ခဲ့သည်။ စစ်ကိုင်းအသင်းအ တွက် ချေပဂိုးနှစ်ဂိုးကို သီဟသူ နှင့် ခိုင်ဇော်ထွေးတို့က သွင်းယူခဲ့ သည်။

စစ်တွေမြို့ ဝေသာလီကွင်း တွင် ယှဉ်ပြိုင်သည့်ပွဲ၌ အိမ်ရှင် ရခိုင်အသင်းက တန်းတက်မြ၀တီ အသင်းကို အကြိတ်အနယ်ယှဉ် ပြိုင်ပြီး ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့ သည်။ ရခိုင်အသင်းအတွက် အ နိုင်ဂိုးနှစ်ဂိုးကို တိုက်စစ်မှူးဆန်း ဒေးနှင့် ကောင်းမြတ်ကျော်တို့က သွင်းယူခဲ့ပြီး မြ၀တီအသင်းအ တွက် ချေပဂိုးကို ရဲဝေယံစိုးက ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ သည်။

၂၀၁၈ MPT မြန်မာလိဂ်ပွဲ စဉ်(၁၀)အပြီး၌ ရန်ကုန်အသင်း က ခုနစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲ ရှုံးရမှတ် ၂၃ မှတ်ဖြင့်အမှတ်ပေး ဇယားထိပ်ဆုံးတွင် ဦးဆောင်နေ ပြီး မကွေးအသင်းက ရမှတ် ၂၀ မှတ်ဖြင့် ဒုတိယနေရာတွင်ရပ် တည်နေသည်။  ဟံသာဝတီအ သင်းက ရမှတ် ၁၈ မှတ်ဖြင့် တတိ ယနှင့် ရှမ်းအသင်းက ၁၇မှတ်ဖြင့် စတုတ္ထနေရာ၌ ရပ်တည်နေ သည်။

နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်များရှိသဖြင့် မြန်မာလိဂ်ပွဲစဉ်များ ကို သုံးပတ်ခန့်ရပ်နားမည်ဖြစ်ပြီး ဧပြီ ၂၈ ရက်တွင် ပြန်လည်ကျင်းပ မည်ဖြစ်သည်။