ရန်ကုန်တွင် ၁၅ မိနစ်ခန့်ကြာ လေပြင်းဒဏ်ကြောင့် လူနေအိမ် ၃၈ လုံး ထိခိုက်ပျက်စီး

ဆက်သွယ်ရေးတာဝါတိုင် ပြိုလဲမှုကြောင့် နေအိမ်အချို့ပျက်ဆီးမှုကို တွေ့ရစဉ် (ဓာတ်ပုံ − သိန်းဇော်)

ရန်ကုန်မြို့တွင် ဧပြီ ၇ ရက်က ဖြစ်ပွားသော ၁၅ မိနစ် ကြာ လေပြင်းဒဏ်ကြောင့် လူနေ အိမ် ၃၈ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့တွင်း မြို့နယ်များ ဖြစ်သော အင်းစိန်၊ ကမာရွတ်၊ မြောက်ဥက္ကလာပနှင့်   မင်္ဂလာဒုံ မြို့နယ်တို့တွင် ဧပြီ ၇ ရက် ညနေ ၃ နာရီခန့်က ရုတ်တရက်လေပြင်း ကျရောက်ခြင်း ဖြစ်သည်။ မြောက် ဥက္ကလာပမြို့နယ်တွင်  လေပြင်း ဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရပြီး နေအိမ် ၃၈ လုံး အမိုးလန် ပျက်စီး ခဲ့ကြောင်း အထက်ပါဦးစီးဌာန ဦးစီးမှူးဦးဝင်းရွှေက ပြောသည်။

‘‘စာရင်း အသေးစိတ်ကို တော့  ကောက်နေတုန်းပါ။ ဒါပေမဲ့  အိမ်စာရင်းကတော့ ၃၈ လုံးပဲ။ အဲဒီအိမ်တွေက  သွပ်တွေလွင့် သွားတာတွေရှိတယ်။ ပျက်စီးမှု တန်ဖိုးတာ့ တိုးနိုင်တယ်’’ ဟု ၎င်း ကပြောသည်။

လေပြင်းကြောင့် မြောက်ဥ က္ကလာပမြို့နယ်အတွင်း ဓာတ် တိုင် ငါးတိုင်ပြိုလဲပြီး နေအိမ် ၃၈ လုံးမှ သွပ် ၈၄၈ ချပ် အမိုးလန်ပျက်စီးခဲ့သည်ဟု သက်ဆိုင်ရာက ထုတ်ပြန်သည်။ ပျက်စီးခဲ့သော နေအိမ် ၃၈ လုံးကို ရန်ကုန်တိုင်းဒေသကြီး  လူမှုရေးဝန်ကြီး ဦးဆောင်ကာ   ယနေ့ (ဧပြီ ၉ ရက်) တွင် မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်ရှိ ဓမ္မာရုံတစ်ခု၌ထောက်ပံ့ကြေးပေးမည် ဖြစ်သည်။

ပျက်စီးမှုစာရင်း အတည်ပြု ရန် သက်ဆိုင်ရာက ဆောင်ရွက် နေသော်လည်း မြေပြင်အခြေအ နေအရ ပျက်စီးသည့်နေအိမ် ၃၈ လုံးထက်ပိုကြောင်း မြောက်ဥက္က လာပ ဒေသခံများကဆိုသည်။ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာ လမ်းမကြီးဘေးတွင် ပေ ၆၀ ခန့် အမြင့်ရှိသော MPT ဆက်သွယ် ရေးတာဝါတိုင် ပြိုကျ၍ နေအိမ် သုံးလုံးပျက်စီးခဲ့သည်။ မီးသတ် တပ်ဖွဲ့၏ သတင်းထုတ်ပြန်မှုတွင် ယာဉ်နှစ်စီးထက်မနည်း သစ် ကိုင်းပိခဲ့သည်။ မြောက်ဥက္ကလာပ မြို့နယ် (ဋ) ရပ်ကွက် သုနန္ဒာလမ်း ရှိ မဟာကျိန်သစ္စာရှင် ဘုရား ဝင်း အတွင်းရှိ စောင်းတန်းလည်း အ မိုးလန်ပျက်စီးခဲ့သည်။

အောင်မင်္ဂလာအဝေးပြေး ဂိတ်ဝင်း၌ လေပြင်းကျကာ သစ်ကိုင်းများကျိုးကျပြီး ယာဉ်အချို့ ထိခိုက်မှုရှိခဲ့သည်။ ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင်၌ မကြာမီက တပ်ဆင်ခဲ့သော အလှဆင်ထီးများ ပျက်စီးခဲ့သည်။

 ရန်ကုန်မြို့တွင် ဧပြီ ၃ ရက် ညနေက လေပြင်းတိုက်ခတ်ပြီး နေရာကွက်မိုးကြီး၍ ကျောက်တံ တား၊ လသာ၊ ဆိပ်ကမ်း၊ ဒဂုံနှင့် လမ်းမတော်မြို့နယ်တို့တွင် သစ် ကိုင်းကျိုးကျခြင်း၊ ဓာတ်တိုင်ပြို လဲခြင်းနှင့် အဆောက်အအုံများမှ လွင့်ကျလာသည့် သွပ်ပြားများ ကြောင့် ကား ၃၃ စီးထိခိုက်ပျက် စီးပြီး နေအိမ်အလုံးရေ ၂၀ ကျော် ပျက်စီးခဲ့သည်။ 

ဧပြီ ၇ ရက် ညနေ က ရွာသောမိုးသည်  မင်္ဂလာဒုံမြို့နယ်တွင် မိုးရေချိန်စံချိန်သစ်တင်ခဲ့သည်။