အွန်လိုင်းတွင် ခင်မင်ရင်းနှီးသူက သတ်သွားသည့် တောင်ဒဂုံလူသတ်မှု

 တောင်ဒဂုံတွင် အမျိုး သမီးတစ်ဦး နေအိမ်အတွင်း အသတ်ခံရမှု၌ ပြစ်မှုကျူးလွန်သူ ကို ငါးရက်အကြာတွင် ဖမ်းမိခဲ့ပြီး အွန်လိုင်းမှ ခင်မင်ရင်းနှီးသူက သတ်ခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့က သေဆုံးသူ၏ နောက်ကြောင်းကို စုံစမ်းရာ သေဆုံးသူသည် မြေနီကုန်းတွင် တွန်းလှည်းဖြင့် သစ်သီးရောင်းသူ သီရိမောင်ဆိုသူနှင့် အွန်လိုင်းမှ တစ်ဆင့် ခင်မင်ရင်းနှီးခဲ့သည်ကို သိရှိရသဖြင့် စုံစမ်းရာ သီရိမောင် သည် ကော့မှူးမြို့နယ် ရှာဘွား ကျေးရွာတွင် ကွမ်းခြံစိုက်ပျိုးရေး လုပ်ကိုင်ဖူးသည်ကို စတင်သိရှိ ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူသတ်တရားခံဟု သံသ ယရှိသူ သီရိမောင်သည် မအူပင် မြို့နယ် ဝဲဒေါင့်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မြေနီကုန်း ဝန်းကျင်တွင် သစ်သီးရောင်းချ ကာ တနင်္သာရီတိုင်း ထားဝယ် မြို့နယ် ကတ္တာရာခီးကျေးရွာရှိ ရော်ဘာခြံ တစ်ခုတွင်လည်း အလုပ်လုပ်ကိုင်ဖူးသည်ကို စုံစမ်း သိရှိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းရာ သီရိမောင် သည်ထားဝယ်မြို့နယ် မေတ္တာမြို့ သို့ ရောက်ရှိနေကြောင်း သတင်း ရသဖြင့် သွားရောက်ဖမ်းဆီးရာ ဧပြီ ၈ ရက် နံနက် ၁ နာရီတွင်၎င်းအလုပ်လုပ်ခဲ့ဖူးသည့် ရွာရှိ ဦးဝေနှင်းမောင်၏ ရော်ဘာခြံတွင်တွေ့ရှိခဲ့သည်။

ဖမ်းမိခဲ့သည့် သီရိမောင်ထံ မှလည်း သေဆုံးသူ ဒေါ်နှင်းကြည် ဝတ်ဆင်သည့် နားကပ်တစ်ဖက်၊ ရွှေလက်စွပ် တစ်ကွင်း၊ ကျောက် ဖြူလက်စွပ်တစ်ကွင်း၊ လက်ကိုင် ဖုန်းနှင့် ကျပ် ၁၄ သိန်းခန့် ပြန် လည် သိမ်းဆည်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တောင်ဒဂုံမြို့နယ် (၂၆)ရပ် ကွက်အတွင်းနေ အသက် (၅၄) နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး နေအိမ်အတွင်း အသတ်ခံထားရ သည်ကို ဧပြီ ၃ ရက် နံနက် ၅ နာရီခွဲက သေဆုံးသူ၏ ခင်ပွန်းနှင့် သားနှစ်ဦး နေပြည်တော်မှ ပြန် လည်ရောက်လာမှသာ စတင် သိရှိခဲ့သည်။

နေပြည်တော်သို့ သွား ရောက် အလုပ်လုပ်ကိုင်ရာမှ ပြန် လည်ရောက်ရှိလာသည့် ဦးဝင်း မြင့်၊ မောင်ကျော်ကျော်ဦးနှင့် မောင်ငြိမ်းချမ်းမိုးတို့သည် နေ အိမ်တံခါး သော့ခတ်ထားသဖြင့် သေဆုံးသူ ဒေါ်နှင်းကြည်အား အော်ခေါ်ရာ ပြန်လည် အသံပြု ခြင်းမရှိသဖြင့် သော့ဖျက်ကာ နေအိမ်အတွင်းဝင်ရောက်မှ ဒဏ်ရာများဖြင့် ဒေါ်နှင်းကြည်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

လူသတ်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က နေအိမ်အတွင်း စစ် ဆေးရာ ရေချိုးအုတ်ကန်အတွင်း မှ စတီးဓားမတစ်ချောင်း၊ နေအိမ်ဝင်း သံပန်းတံခါးပိတ်သည့် သော့တစ်ချောင်း အပါအဝင် သဲလွန်စ အထောက်အထားများ သိမ်းဆည်းခဲ့ပြီး ဒေါ်နှင်းကြည်၏ နားကပ်တစ်ဖက်၊ ရွှေလက်စွပ်တစ်ကွင်း၊ ကျောက်ဖြူလက်စွပ်တစ်ကွင်း၊ လက်ကိုင်ဖုန်းနှင့်ကျပ် ၃၈ သိန်း ပျောက်ဆုံးနေသည်ကို မိသားစုဝင်များ ပြောပြချက်အရ သိရှိခဲ့ကြောင်း ရန်ကုန်တိုင်း  ရဲတပ်ဖွဲ့ရုံးက  သတင်းထုတ်ပြန်သည်။

လူသတ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိသူ သီရိမောင်ကို တောင်ဒဂုံမြို့မရဲစခန်းက လူ သတ်မှုပုဒ်မ ၃၀၂၊ လုယက်မှု ကျူးလွန်ရန် အလိုအလျောက် နာကျင်စေမှုပုဒ်မ ၃၉၄ ဖြင့် အမှု ဖွင့်ကာ ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ် ဖွဲ့ရုံးမှ သိရသည်။