ဘာလင်မာရသွန်ပြိုင်ပွဲတွင် ဓားဖြင့်တိုက်ခိုက်ရန် ကြံစည်မှုကို ဂျာမနီရဲတပ်ဖွဲ့ တားဆီးနိုင်

ဧပြီ ၈ ရက်က ကျင်းပ သော ဘာလင်တာလတ် မာရ သွန်အပြေးပြိုင်ပွဲတွင် ဓားဖြင့် တိုက်ခိုက်ရန် အကြံအစည်တစ်ခု ကို တားဆီးနိုင်ခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က ပြောသည်။


ယင်းပြိုင်ပွဲတွင် တိုက်ခိုက် ရန် မသင်္ကာဖွယ် အကြံအစည် တစ်ခုနှင့် ဆက်စပ်၍ မာရသွန်ပွဲမစမီ မြို့တော် ဘာလင်၌ ရှာဖွေစစ်ဆေးပြီးနောက် လူခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘာ လင်ရဲတပ်ဖွဲ့က ပြောသည်။

‘‘ဘာလင်တာလတ် မာရ သွန်ပြိုင်ပွဲမှာ သီးခြားလက္ခဏာ တွေရှိခဲ့ပြီး အသက် (၁၈)နှစ်က နေ (၂၁)နှစ်အရွယ်ကြားရှိတဲ့ ဖမ်းဆီးခံ ခြောက်ယောက်ဟာ ဒီပွဲနဲ့ ဆက်စပ်တဲ့ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ဖို့ ပြင်ဆင်ရာမှာ ပါဝင် ကောင်းပါဝင်နိုင်ဖွယ်ရှိပါတယ်’’ ဟု ရဲတပ်ဖွဲ့က ပြောသည်။

ယင်းခြောက်ဦးအနက် အဓိ ကသံသယရှိသူသည် ပြိုင်ပွဲဝင် များကို သတ်ဖြတ်ရာ၌ အသုံးပြု ရန် အသွားချွန်ထက်သော ဓားနှစ် ချောင်းယူဆောင်လာကြောင်း ဂျာမန်သတင်းဌာန Die Welt က ဖော်ပြသည်။

ထို့အပြင် အဓိကသံသယရှိ သူသည် ၂၀၁၆ က လူ ၁၂ ဦး သေဆုံးစေခဲ့သည့် ဘာလင်ခရစ္စ မတ်ဈေးပွဲတော်ကို ထရပ်ကား ဖြင့် ဝင်တိုက်ခဲ့သည်ဟု မသင်္ကာ ဖြစ်ပြီးနောက် ရဲတပ်ဖွဲ့၏ ပစ် သတ်ခြင်းခံခဲ့ရသည့် တူနီးရှား အမျိုးသား အာနစ်အမ်ရီ (၂၄)နှစ် နှင့် သိကျွမ်းကြောင်း စွပ်စွဲခံထား ရသည်။

Die Welt အဆိုအရ တိုက် ခန်းတစ်ခုကို ဝင်ရောက်စီးနင်းမှု သည် ပြိုင်ပွဲအကြို ရှာဖွေစစ်ဆေး မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ခရစ္စမတ်ဈေးပွဲတော် တိုက်ခိုက်မှု အပေါ် စုံစမ်းစစ်ဆေးမှု၏ တစ် စိတ်တစ်ပိုင်းလည်းဖြစ်သည်ဟု ဆိုသည်။

အဓိကသံသယရှိသူကို သီ တင်းနှစ်ပတ်ကြာ စောင့်ကြည့်ခဲ့ ပြီး ၎င်းသည် တာလတ်မာရသွန် ပြိုင်ပွဲတွင် တိုက်ခိုက်ရန် ကြံစည်နေကြောင်း ပြည်ပထောက်လှမ်း ရေးဌာနတစ်ခုက သတင်းပေးမှု ကြောင့် ဂျာမနီရဲတပ်ဖွဲ့က ဘာလင်မြို့ ချာလော့တန်ဘာ့ဂ်နှင့် Neuk-oelln ဧရိယာများရှိ တိုက်ခန်းများနှင့် ကားနှစ်စီးကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် လူ ၃၂,၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့သည်။       —Ref: UPI