သင်္ကြန်မှာ ပိုလန်းစေမယ့် ရေစိုခံ စမတ် Gadget များ

ဧပြီလထဲ ချင်းနင်းဝင်ရောက်လာခြင်းနဲ့အတူ ရိုးရာအတာသင်္ကြန်ပွဲတော် ကလည်း တရွေ့ရွေ့နီးကပ်လာပါပြီ။ သင်္ကြန်မှာ ထွက်လည်တဲ့အခါ ကိုယ်ပိုင်စမတ် Gadget တွေ ယူသွားချင်ပေမယ့် ရေစိုဒဏ်မခံနိုင်လို့ ထိခိုက်ပျက်စီးမှာကို စိုးရိမ်ရတာကလည်း ပြဿနာတစ်ခု ဖြစ်နေပြန်ပါတယ်။အခုဆောင်းပါးမှာတော့ စတိုင်လည်းကျ၊ ရေစိုလည်းခံပြီး သင်္ကြန်မှာ ပိုလန်းအောင်လည်း ကူညီပေးမယ့် စမတ်အိတ်ဆောင် ကိရိယာတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။


Samsung Galaxy S9၊ S9+
Samsung ရဲ့ Flashpoint စွမ်းဆောင်ရည် အမြင့်စားဖုန်းအသစ်တွေအကြောင်း တော်တော်များများ သိပြီးသားဖြစ်မှာပါ။ ဈေးကွက်ထဲမှာရေစိုခံ စမတ်ဖုန်းတချို့ရှိနှင့်ပြီးသားဖြစ်ပေမယ့် အကြမ်းခံမှု၊ ဒီဇိုင်းဆန်းမှု တွေကြောင့် Galaxy S ရဲ့ နောက်ဆုံးမျိုးဆက် အခုဖုန်းတွေနဲ့ဆိုရင် သင်္ကြန်မှာ ပိုပြီးစတိုင်ကျပါလိမ့်မယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ ကင်မရာ အရည်အသွေးတွေကလည်း အကောင်းဆုံးအဆင့်မှာ ရှိနေတဲ့အတွက် သင်္ကြန်နဲ့ အလိုက်ဖက်ဆုံး စမတ်အသုံးအဆောင်တစ်ခုလို့ဆိုရမှာပါ။


CASIO WSD-F20 PROTREK
စမတ်လက်ပတ်နာရီတွေထဲမှာ Protrek ကတော့ အတော်လေးအကြမ်းပတမ်းခံနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ သင်္ကြန်ရေ စိုတာ လောက်ကတော့ Casio ရဲ့ ထုတ်ကုန်က စာဖွဲ့နေမှာကို မဟုတ်ပါဘူး။ မီတာ ၅၀ လောက် ရေအနက်ထိ ကောင်းကောင်းအသုံးပြုနိုင်မယ်လို့Casio က အာမခံထားပါတယ်။ စမတ်လက်ပတ်နာရီသုံး Andriod OS နဲ့ မောင်းနှင်ပြီး ဖုန်ဒဏ်၊ တုန်ခါမှုဒဏ်တွေကိုလည်း ကောင်းကောင်း အကာအကွယ်ပေးနိုင်ပါတယ်။ လူငယ်ဆန်ဆန် ဒီဇိုင်းနဲ့ စမတ်လက် ပတ်နာရီမျိုး လိုချင်ရင်တော့ ရွေးချယ်သင့်တဲ့ အမျိုးအစားဖြစ်ပါတယ်။


MESA 2
တကယ်လို့ Tablet တစ်လုံးကိုပါ သင်္ကြန်ကာလမှာ သွားလေရာ ယူသွားချင်ရင်တော့ ရေစိုခံအောင် သေချာစဉ်းစားတည်ဆောက်ထား တဲ့ အမျိုးအစားတွေကို ရွေးရပါတော့မယ်။ Mesa 2 ဟာ ရေစိုခံ၊ အကြမ်း ပတမ်းခံအောင် ဘက်ပေါင်းစုံက ဆန်းစစ်ကြည့်ပြီး ဖန်တီးထားတဲ့ Tablet ဖြစ်ပါတယ်။ ၇ လက်မအရွယ် Displayကို ပေါ့ပါးပေမယ့် ကြံ့ခိုင်တဲ့ဘောင်တွေနဲ့ အနားသတ်ထားတယ်။ OS အတွက် Windows 10 ရော Android ကိုပါ စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ဘက်ထရီကလည်း အထင်ကြီးလောက်စရာဖြစ်ပြီး ၁၅ နာရီလောက် ဆက်တိုက်အသုံးခံ မယ်လို့ ကြေညာထားပါတယ်။


OLYMPUS TG-5
ဖုန်းကင်မရာထက် ပိုကောင်းတဲ့ ကင်မရာတစ်လုံးကိုင်ပြီး သင်္ကြန် ပုံရိပ်တွေကို မှတ်တမ်းတင်ချင်တယ်ဆိုရင်တော့ ရေစိုခံအမျိုးအစားကို စိစစ်ရွေးချယ်ဖို့လိုသွားပါပြီ။ Olympus Tough TG-5 ဟာ ရေအောက် ရှုခင်းတွေကို အရည်အသွေးအမြင့်ဆုံး ပုံရိပ်တွေ ရိုက်ကူးနိုင်ဖို့ တည်ဆောက်ထားတဲ့ ကင်မရာဖြစ်ပါတယ်။ လှပကျစ်လျစ်ပြီး အိတ်ထဲမှာ အလွယ်တကူ ထည့်ယူသွားနိုင်တဲ့ အရွယ်အစားမျိုးလည်းဖြစ်ပြန်တယ်။ 4K ပုံရိပ်အရည်အသွေးထိ ဗီဒီယိုတွေ မှတ်တမ်းတင်ရိုက်ကူးနိုင်ပါ တယ်။ ဒါ့အပြင် ကင်မရာအတွင်းပိုင်းမှာ အပူချိန်တိုင်း သာမိုမီတာ၊ Wifi ချိတ်ဆက်နိုင်စွမ်း အစရှိတာတွေ ဖြည့်ပေးထားတယ်။ ရေစိုခံတဲ့ အပြင် အမြင့်က ပြုတ်ကျတဲ့ဒဏ်ကိုလည်း ခံနိုင်အောင်တည်ဆောက် ထားပါတယ်။


SONY SBH70
အသံအရည်အသွေးနဲ့ပတ်သက်ရင် Sony က နာမည်ကောင်းရပြီးသားပါ။ ဒီနာမည်ကောင်းကို Sbh70 နားကြပ်မှာလည်း ဆက်ထိန်းထားတာ တွေ့ရပါတယ်။ ရေစိုဒဏ် အပြည့်အဝခံနိုင်တဲ့အတွက် သင်္ကြန်နဲ့ လည်း အဆင်ပြေပါတယ်။ Bluetooth နဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး ခေတ်မီသွယ်လျတဲ့ဒီဇိုင်း၊ တောက်ပတဲ့ အရောင်အသွေးတွေကြောင့် ဆွဲဆောင်မှုအပြည့်ရှိနေတဲ့ နားကြပ်တွေပါ။ အကောင်းဆုံးကုန်ကြမ်းတွေကို ထည့်သုံးထားတဲ့အတွက် တပ်ဆင်ချိန်မှာ သက်သောင့်သက်သာရှိပြီး နားကို အနာတရမဖြစ်အောင် ကာကွယ်ပေးတယ်လို့ Sony က ညွှန်းဆိုထားပါတယ်။


GOAL ZERO VENTURE 30
ကိုယ့်ရဲ့ စမတ်ကိရိယာတွေကို နေရာမရွေး၊ အချိန်မရွေး အားပြန်သွင်းဖို့ဆိုရင်တော့ Power Bank တွေကို အားကိုးရမှာပါ။ ရေစိုစိုပတ်ဝန်းကျင်မှာ ဘာပြဿနာမှမရှိဘဲ အားပြန်ဖြည့်ပေးမယ့် Power Bank မျိုးကို လိုချင်ရင်တော့ Goal Zero Venture 30 ဟာ အကောင်းဆုံးရွေးချယ်မှုတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်။ 7800 mAh ဘက်ထရီအားကို သိုလှောင်ပေးထားနိုင်ပြီး ဒီနေ့ခေတ် စမတ်ဖုန်းတွေကို အနည်းဆုံးနှစ်ကြိမ်လောက် အားအပြည့် ပြန်ဖြည့်ပေးနိုင်မယ့်သဘောပါ။ USB Port တွေ၊ micro-USB Connector နဲ့ LED  မီးရောင်တွေ တပ်ဆင်ပေးထားပါတယ်။ Solar Panel ပါဝင်တဲ့ အမျိုးအစားကို ရွေးရင်တော့ နေရောင်ကို ခံယူပြီး ဘက်ထရီအားကိုပါ စုဆောင်းပေးနေမှာ ဖြစ်ပါတယ်။


CORSAIR FLASH SURVIVORSTEALTH
သင်္ကြန် ရေစိုစိုနဲ့လည်ပတ်သွားလာချိန်မှာ ကိုယ့်ရဲ့အရေးကြီးအ ချက်အလက်တွေကို ထည့်ယူသွားဖို့လည်း စဉ်းစားထားတယ်ဆိုပါစို့။ သေးသေးကျစ်ကျစ်နဲ့ ရေစိုဒဏ်ကောင်းကောင်းခံနိုင်တဲ့ သိုလှောင်ရေး ကိရိယာတစ်ခု မဖြစ်မနေလိုလာပါလိမ့်မယ်။ Corsair Flash Survivor Stealth ဟာ လေယာဉ်တွေ တည်ဆောက်မှုမှာ အသုံးပြုတဲ့ သန့်စင်မှု အဆင့်မြင့် အလူမီနီယံသား ကိုယ်ထည်ကို အသုံးပြုထားပြီး ရေစိုဒဏ်ကို ကောင်းကောင်းခံနိုင်ပါတယ်။ မီတာ ၂၀၀ အနက်ထိ ရေဖိအားမှာ တောင် သိုလှောင်ထားတဲ့ အချက်အလက်တွေကို အကာအကွယ်ပေးနိုင် တယ်ဆိုတော့ သင်္ကြန်ရေလောက်က အေးဆေးပါပဲ။ အမြင့်ဆုံး သိုလှောင်နိုင်စွမ်း 256GB ထိ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။