ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား ပြင်သစ်ခရီးစဉ် စတင်

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးလီဒရိန်းက ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်အား Le Bourget လေဆိပ်၌ ကြိုဆိုနေစဉ် (SAUDI ROYAL PALACE/AFP)

 ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်လ်မန်သည် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကမ္ဘာလှည့်ခရီး စဉ်အတွင်း ဧပြီ ၉ ရက်က ပြင် သစ်နိုင်ငံသို့ ခရီးစဉ် စတင်ခဲ့ သည်။


တနင်္ဂနွေနေ့က ပြင်သစ် နိုင်ငံသို့ ရောက်လာသော ဆော် ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ် မန်သည် ပြင်သစ်သမ္မတ မက်ကရွန်နှင့်အတူ ပါရီမြို့ရှိ သမိုင်းဝင်လုဗ်ပြတိုက်၌ ညစာသုံးဆောင် ခဲ့သည်။

ပြင်သစ်နိုင်ငံသည် ကမ္ဘာ့ ထိပ်တန်း ရေနံစိမ်းတင်ပို့သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်း နေစဉ် တစ်ချိန်တည်း ဆော်ဒီအာ ရေးဗီးယား၏ ပြိုင်ဘက် အီရန် နှင့် ဆက်ဆံရေး ပိုမိုတိုးတက်ရန် ဆောင်ရွက်နေခြင်းကြောင့် သမ္မတ မက်ကရွန်အနေဖြင့် ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံဆွေးနွေးမှု၌ ထိရှလွယ်သော သံတမန်ရေး အခြေအနေနှင့် ရင်ဆိုင်ရနိုင်သည်။

ဆော်ဒီအာရေးဗီးယား စစ် တပ်ကို ဦးဆောင်ကွပ်ကဲနေသည့် အသက် (၃၂)နှစ်အရွယ် အိမ်ရှေ့ မင်းသား ဘင်ဆယ်လ်မန်သည် ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလော်ရန့်ပါလီနှင့်လည်း တွေ့ ဆုံရန် စီစဉ်ထားသည်။

အိမ်ရှေ့မင်းသား ပြင်သစ်သို့ရောက်ရှိလာစဉ် ယီမင်ပြည်တွင်းစစ်အတွင်း ပါဝင်တိုက်ခိုက်နေသည့် ဆော်ဒီအာရေးဗီးယားနိုင်ငံ သို့ ပြင်သစ်နိုင်ငံက လက်နက်တင်ပို့ရောင်းချခြင်းကို ဆန့်ကျင်ရန် တက်ကြွလှုပ်ရှားသူများ စုရုံးဆန္ဒပြမည်ဟု မျှော်မှန်းရသည်။

ပြင်သစ်နိုင်ငံသားအများစု က ပါရီအစိုးရအနေဖြင့် ဆော်ဒီ အာရေးဗီးယားနိုင်ငံသို့ လက်နက် ရောင်းချခြင်းကို လက်မခံကြောင်း ပြီးခဲ့သည့်လတွင် You Gov အဖွဲ့ ၏ လူထုစစ်တမ်းကောက်ယူမှု တစ်ခုအရ သိရသည်။

ဆော်ဒီအိမ်ရှေ့မင်းသား သည် အမေရိကန်၊ ဗြိတိန်နှင့် အီ ဂျစ်နိုင်ငံသို့ သီတင်းတစ်ပတ်ကြာ သွားရောက်ပြီးနောက် ပြင်သစ် နိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ် သည်။

အင်္ဂါနေ့တွင် ကျင်းပမည့် ဆော်ဒီ-ပြင်သစ် အမှုဆောင် အရာရှိချုပ် ဖိုရမ်၌ စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေး၊ ခရီးသွား နှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍများ အတွက် နားလည်မှုစာချွန်လွှာ ၁၈ ခုခန့် သဘောတူလက်မှတ် ထိုးမည်ဖြစ်ကြောင်း ဆော်ဒီအိမ် ရှေ့မင်းသား၏ ကိုယ်စားလှယ် အဖွဲ့မှ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

—Ref: AFP/ad