ကျိုက်ထီးရိုးကေဘယ်ကား ကုမ္ပဏီကို ရတနာရွှေဆင်ကြီးကုမ္ပဏီက တရားစွဲမည်ဟုဆို

 ကျိုက်ထီးရိုးကေဘယ်ကားကုမ္ပဏီဖြစ်သည့် Sky Asia ကို ရတနာရွှေဆင်ကြီး ဆောက်လုပ်ရေးကုမ္ပဏီက တရားစွဲမည်ဖြစ်ကြောင်း ယင်းဆောက်လုပ်ရေးကုမ္ပဏီ၏ ဒါရိုက်တာဦးနောင်ရဲကပြောသည်။

ရတနာရွှေဆင်ကြီးဆောက် လုပ်ရေးကုမ္ပဏီသည် ကျိုက်ထီး ရိုး တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တော(ရသေ့တောင်စခန်း) နေရာ ရှိ မြေဧရိယာ ၃ ဒသမ ၅ ဧကပေါ် တွင် ၀န်ထမ်းသက်သာစား သောက်ဆိုင်တစ်လုံး၊ နှစ်ထပ်မီး ဖိုဆောင်တစ်လုံး၊ ဘန်ဂလိုသုံး လုံးအပါအ၀င် အဆောက်အအုံ ရှစ်လုံး တည်ဆောက်ထားခြင်းကြောင့် ဧပြီ ၇ ရက်က တောရိုင်းတိရစ္ဆာန်နှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၃၆ (ဂ)ဖြင့် အမှုဖွင့်ခံခဲ့ရသည်။


ထိုအဆောက်အအုံများကို Sky Asia ကုမ္ပဏီကဆောက်လုပ် ခိုင်းထားခြင်းဖြစ်၍ Sky Asiaကုမ္ပဏီကို ပြန်လည်းတရားစွဲမည် ဟု ကိုနောင်ရဲက ပြောသည်။

 ‘‘ကျွန်တော်တို့ကုမ္ပဏီ တရားစွဲခံထိတဲ့အတွက် ကေ ဘယ်ကားကုမ္ပဏီကို တရားပြန်စွဲသွားဖို့ ရှိတယ်။ ပုဒ်မ ၄၂၀ နဲ့ ပြန်စွဲမယ်။ နောက်ထပ် ပုဒ်မ ငါးခုလောက်နဲ့ တရားစွဲသွားဦးမယ်။ ဒီအဆောက်အအုံက သူတို့ပဲ ဆောက်လုပ်ခိုင်းထားတယ်။ ကျွန်တော်တို့မှာ စာရွက်စာတမ်း ရှိတယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧပြီ ၂၅ ရက်တွင် သတင်း စာ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

ရတနာရွှေဆင်ကြီးဆောက် လုပ်ရေး ကုမ္ပဏီသည် ခွင့်ပြုချက် မရှိဘဲ အဆောက်အအုံများ တည် ဆောက်သည်ဆိုကာ ကျိုက်ထို မြို့နယ် သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်းသိမ်းရေးဌာန အုပ် ချုပ်ရေးမှူး ဦးမင်းမင်းသိုက်(ဦး စီးအရာရှိ) က တရားလိုပြုလုပ် ကာ တရားစွဲဆိုထားကြောင်း ဦးနောင်ရဲက ဆိုသည်။

ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ခဲ့သဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ Sky Asia ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းရာ ဖြေကြားနိုင်ခြင်း မရှိ သေးကြောင်း၊ သတင်းစာရှင်း လင်းပွဲပြုလုပ်ပြောကြားမည်ဖြစ် ကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ကျိုက်ထီးရိုး စေတီတွင် ကေဘယ်ကားပြေး ဆွဲမှုကို ၂၀၁၇ ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ခဲ့ပြီး ကျိုက်ထီးရိုးဘေး မဲ့တောနယ်မြေရှိ မြေ ၁၃ ဒသမ၅ ဧကတွင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံ နှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းလုပ်ကိုင်ခြင်းဖြစ်သည်။