တောင်ကြီးသင်္ကြန်တွင် ယာဉ်များ၌ အရက်၊ ဘီယာပုလင်းများ တွေ့ရှိပါက သိမ်းဆည်းမည်

 တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲတော်အတွင်း အရက်၊ဘီယာများကို ကား၊ ဆိုင်ကယ်ပေါ်တွင် သယ်ဆောင်သွားလာပါက ချက်ချင်း သိမ်းဆည်းမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယမန်နှစ် သင်္ကြန်ကာလများ တွင် အရက်၊ ဘီယာပုလင်းများ သယ်ဆောင်လာပါက ရဲတပ်ဖွဲ့ ဝင်များက အိတ်ဖြင့်လဲလှယ်ပြီး ပုလင်းခွံများသာ သိမ်းဆည်း သော်လည်း ယခုနှစ်တွင် အရက် ပုလင်း၊ ဘီယာများ စစ်ဆေး တွေ့ရှိပါက အကုန်လုံး သိမ်း ဆည်းမည်ဖြစ်ကြောင်း ရှမ်းပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


ထိုသို့ ဆောင်ရွက်ရန် သက် ဆိုင်ရာ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များကို ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

‘‘ပြည်သူတွေ သင်္ကြန်ပွဲ တော်အတွင်း လိုက်နာရမယ့် စည်းကမ်းချက်တွေကိုလည်း မြို့ ထဲမှာ ဗီနိုင်းတွေ ကပ်ထားပါ တယ်။ အရက်ပုလင်းတွေကို ယူ လာတာ တွေ့ရှိရင် သိမ်းဆည်း သွားပါမယ်’’ဟု တောင်ကြီးနယ် မြေရဲစခန်းမှ စခန်းမှူးရဲအုပ်စိုးမိုး အောင်က ပြောသည်။

ထို့အပြင် အများပြည်သူ လည်ပတ်သည့်နေရာများတွင် ကား၊ ဆိုင်ကယ်များပေါ် တုတ်၊ ဓား၊ လက်နက်များ သယ်ဆောင် သွားလာလည်ပတ်မှုကို စစ်ဆေး တွေ့ရှိပါက လက်နက် ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့် ချက်ချင်း ဖမ်း ဆီး အရေးယူမည်ဖြစ်ကြောင်း ရဲအုပ်စိုးမိုးအောင်က ပြောသည်။

တောင်ကြီးမြို့နယ်အတွင်း မဟာသင်္ကြန်ပွဲတော်ကာလ လုံခြုံ ရေး ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူးစိုးထွန်းဝင်းက ပြောသည်။

 တောင်ကြီး မဟာသင်္ကြန် ပွဲတော်တွင် ဗဟိုမဏ္ဍပ်၊ လမ်း လျှောက်သင်္ကြန်၊ စတုဒိသာ မဏ္ဍပ်၊ ရေကစားမဏ္ဍပ်များ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ရန် စီစဉ်ထားကြောင်း ရှမ်းပြည် နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောသည်။