မြောင်းမြ၊ လပွတ္တာနှင့် ငပုတောမြို့သို့ ဆက်သွယ်သည့်လမ်းတွင် ဇက်ကူးဆိပ်တည်ဆောက်မည်

 မြောင်းမြ၊ လပွတ္တာနှင့် ငပုတောမြို့သို့ သွားလာနိုင်မည့် ဇက်ကူးဆိပ်တည်ဆောက်မည် ဖြစ်ကြောင်း ငပုတောမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးဇော်ရွှေက ပြော သည်။

 အဆိုပါ ဇက်ကူးဆိပ်များ သည် ပမ္မ၀တီမြစ်ကိုဖြတ်၍ မြောင်းမြဘက်ရှိ ညောင်ချောင်းလေး ကျေးရွာနှင့် ငပုတောဘက်ရှိ ခြံ ကွင်းကျေးရွာတို့၌ တည်ဆောက် ရန် စီစဉ်ထားသည်။

  အဆိုပါဇက်ဆိပ်ကြောင့် လပွတ္တာမြို့နှင့် ငပုတောမြို့တို့ သွားလာဆက်သွယ်ရေး ပိုမို ကောင်းမွန်ပြီး ပုသိမ်မြို့နှင့် ဆက် သွယ်ရာတွင် ခရီးလမ်းတို၍ မြောင်းမြမြို့တွင် ယာဉ်ကြောကျပ်မှုများ လျော့ကျမည်ဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ် ဦးဖြိုးဇော် ရွှေက ပြောသည်။


  ‘‘ကွင်းဆင်းတိုင်းတာစစ် ဆေးမှုတွေ ဆောင်ရွက်ထားပြီးပါ ပြီ။ ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွား လာရေးပိုပြီးအဆင်ပြေလာမှာ ပါ’’ဟု ၎င်းက ပြောသည်။

မြောင်းမြ - လပွတ္တာကား လမ်းပေါ်ရှိ ခွေးလှေးကြီးကျေးရွာ အနီးတွင် ငပုတောမြို့သို့ ဆက် သွယ်သည့် ကားလမ်းရှိပြီး အဆိုပါလမ်း၏ နေရာများစွာသည် ကတ္တ ရာလမ်းဖြစ်ကာ အချို့နေရာများ သည် ကျောက်ချောလမ်းဖြစ်၍ လမ်းအရှည်သည် ငပုတောမြို့ အ၀င် လမ်းဆုံအထိ ၁၁ မိုင် ၅ ဖာလုံခန့်ရှိသည်။

မြောင်းမြကြိုးတံတားပြတ် ကျမှုကြောင့် ဆက်သွယ်ရေးပြတ် တောက်မှုမရှိစေရေး အဆိုပါဇက် ဆိပ်များနှင့် လမ်းပြုပြင်ရန် အင် ဂျင်နီယာများကဆောင်ရွက်နေ ကြောင်း တိုင်းဒေသကြီးအစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးဝင်းဌေးက ပြောသည်။

‘‘ရက်ပိုင်းအတွင်း စပြီး ဆောင်ရွက်မှာပါ။ တွက်ချက်မှု တွေလုပ်နေတော့ ကုန်ကျစရိတ် အပိုင်းကတော့ အတိအကျမပြော နိုင်သေးဘူး’’ဟု ၀န်ကြီး ဦးဝင်း ဌေးက ပြောသည်။

မြောင်းမြကြိုးတံတားပြတ်ကျခဲ့သဖြင့် လပွတ္တာမှ ရန်ကုန်နှင့် အခြားမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင် မော်တော်ယာဉ်အ ချို့သည် အဆိုပါလမ်းကို အသုံး ပြုနေပြီး လက်ရှိဇက်ကူးဆိပ် တည်ဆောက်မည့်နေရာတွင် ခရီး သည်များကို စက်လှေများဖြင့် ပို့ ကာ ကားချိန်းသည့်စနစ်ဖြင့် သွား လာနေသည်။

‘‘လမ်းတွေကတော့ တအား မဆိုးပါဘူး။ ကျဉ်းတော့ကျဉ်း တယ်။ ဖုန်းတွေလည်းရှိတယ်။ ဒါပေမဲ့ သွားလို့ရပါတယ်’’ဟု လပွတ္တာမြို့နှင့် ပုသိမ်မြို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါဇက်ဆိပ်များပြီးစီး လျှင် လပွတ္တာမှ ပုသိမ်မြို့သို့ လမ်းအရှည် ၈ မိုင်ခန့်လျော့ကျမည်ဖြစ် ပြီး ရန်ကုန်မြို့နှင့် ဆက်သွယ်လျှင် လမ်းခရီးမိုင်သည် လက်ရှိအရှည်မိုင်နှင့် တူညီကြောင်း တွက်ချက် မှုများက ဖော်ပြနေသည်။