ရခိုင်ပြည်နယ်တွင် သင်္ကြန်ကာလ လုံခြုံရေးရဲတပ်ဖွဲ့အင်အား သုံးထောင်ခန့် အသုံးပြုမည်

၂၀၁၇ သင်္ကြန်က ရခိုင်ပြည်နယ်တွင် ယိမ်းအဖွဲ့များ သီဆိုဖျော်ဖြေနေစဉ်(ဓာတ်ပုံ − မောင်ကံ)

ရခိုင်ပြည်နယ်တွင် သင်္ကြန်ကာလလုံခြုံရေး ရဲတပ်ဖွဲ့အင်အား သုံးထောင်ခန့်ဖြင့် လုံခြုံရေးဆောင်ရွက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောသည်။

 သင်္ကြန်ကာလနီးကပ်နေ သဖြင့် လှည့်ကင်း၊ ပတ်ကင်းများပြုလုပ်နေပြီး မသင်္ကာဖွယ်ရာ များကို စောင့်ကြည့်နေကြောင်း ၎င်းကဆိုသည်။


‘‘ရခိုင်ပြည်နယ် သင်္ကြန်ကာ လအတွက်ကို ကြိုတင်ပြင်ဆင် ပြီးတော့ လှည့်ကင်း၊ ပတ်ကင်းနဲ့ ပိတ်ဆို့ရှာဖွေတာတွေ လုပ်နေပါ တယ်’’ ဟု ရဲမှူးကြီး အောင်မြတ် မိုးက ပြောသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသတွင် အကြမ်းဖက်မှုဖြစ်ပွား ခြင်း၊ မြောက်ဦးအဓိကရုဏ်း  ဖြစ်ပွားခြင်းနှင့် စစ်တွေ မြို့ရှိ နေရာသုံးခုတွင် မိုင်းပေါက်ကွဲခြင်းတို့ကြောင့် လုံခြုံရေးစိုးရိမ်နေ ကြောင်း ဒေသခံအများစုက ပြော သည်။

သို့ရာတွင် ပြီးခဲ့သည့် သင်္ကြန်ကာလများ၌ ခိုက်ရန်ဖြစ်ပွားမှု နည်းပါးပြီး သင်္ကြန်ပွဲတော်ကို ယဉ်ကျေးစွာဆင်နွှဲခဲ့ကြောင်း ရခိုင်ဒေသခံအများစုက ပြောသည်။