ဘင်္ဂလားဒေ့ရှ်ကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ဆုံပြီး လူ ၁၀၀ ကျော် ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထိပ်တန်းတက္ကသိုလ်တစ်ခုတွင် ကျောင်းသားများနှင့် ရဲတပ်ဖွဲ့အ ကြား ထိပ်တိုက်တွေ့ဆုံမှုကြောင့် လူ ၁၀၀ ထက်မနည်း ဒဏ်ရာရ ရှိပြီးနောက် ဧပြီ ၉ ရက်တွင် နိုင်ငံ တစ်လွှား ထောင်ချီသော ကျောင်းသားများသည် ဆန္ဒပြပွဲနှင့် ထိုင် သပိတ်များ ဆင်နွှဲခဲ့သည်။


အထူးအဖွဲ့များအား မျက် နှာသာပေးသည့် မျှတမှုမရှိသော အစိုးရအလုပ်အကိုင် ခွဲတမ်းချမှု ကို ဆန့်ကျင်သော ကျောင်းသား များအား ဒါကာတက္ကသိုလ်တွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များဖြင့် ပစ် ခတ်ဖြိုခွင်းခဲ့သည်။

တနင်္လာနေ့က နိုင်ငံတစ် လွှား ကျောင်းသားများ ဆန္ဒထုတ် ဖော်မှုသည် ဝန်ကြီးချုပ် ရှိတ်ဟာ ဆီနာ အစိုးရလက်ထက် (၁ဝ)နှစ် နီးပါးကာလအတွင်း အကြီးမား ဆုံး ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

စစ်တကောင်း၊ ခါဟူလ်နာ၊ ရာဂ်ျရှာဟီ၊ ဘရီဆယ်လ်၊ ရန်ဂ်ျ ပါ၊ ဆီလ်ဟတ်နှင့် ဆာဗာ စသည့် မြို့ကြီးများရှိ နိုင်ငံပိုင်တက္ကသိုလ် များတွင် ကျောင်းသားများသည် သပိတ်မှောက်၊ ထိုင်သပိတ်ဆင်နွှဲ ကာ ဆန္ဒထုတ်ဖော်နေကြောင်း ရဲတပ်ဖွဲ့နှင့် မီဒီယာများက ပြော သည်။ ဂျာဟန်ဂီနာဂါ တက္ကသိုလ် ၌ ဆန္ဒထုတ်ဖော်မှုအတွင်း ကျောင်းသား ၁,၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း ထိုတက္ကသိုလ်တည်ရှိ ရာ ဆာဗာမြို့မှ ဆန္ဒပြသူ အာတူ ယာရာမန်က ပြောသည်။

ဒါကာတက္ကသိုလ်တွင် ဖြစ် ပွားခဲ့သော ရဲတပ်ဖွဲ့နှင့် ကျောင်း သားများအကြား ထိပ်တိုက်တွေ့ ဆုံမှုသည် တနင်္ဂနွေ ညက စတင် ၍ တနင်္လာနေ့ နံနက်အထိ ဖြစ် ပွားခဲ့သည်။

ဒါကာမြို့တွင် ဆန္ဒထုတ် ဖော်ပွဲ စီစဉ်သူများက မိမိတို့အ နေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်နေသော်လည်း ရဲတပ်ဖွဲ့က ရော်ဘာကျည်များ၊ မျက်ရည်ယို ဗုံးများဖြင့် စတင်တိုက်ခိုက်ခဲ့ ကြောင်း ပြောသည်။

ဒါကာတက္ကသိုလ်၌ ဆန္ဒ ထုတ်ဖော်မှုအတွင်း လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး လက်ရှိတွင်၎င်းတို့သည် ဆေးရုံ၌ ကုသမှုခံယူနေကာ စိုးရိမ်စရာမရှိကြောင်း စစ်ဆေးရေးအရာရှိ ဘာချူမီယာက ပြောသည်။

အစိုးရအလုပ်အကိုင် အခွင့် အလမ်း ၅၆ ရာခိုင်နှုန်းကို ၁၉၇၁ လွတ်လပ်ရေးစစ်ပွဲအတွင်း ပါဝင် ခဲ့သည့် စစ်ပြန်စစ်မှုထမ်းဟောင်း မိသားစုဝင်များနှင့် လူနည်းစု မိသားစုဝင်များအတွက် ခွဲတမ်း ပေးမည့် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကျောင်းသားများ က ဒေါသထွက်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်ဘွဲ့ရများ ကျန်အစိုးရ အလုပ်အကိုင်အခွင့်အလမ်း ၄၄ ရာခိုင်နှုန်းသာ ကြိုးစားခွင့်ရမည် ဖြစ်၍ဖြစ်သည်။ —Ref: AFP