ဂျပန်နိုင်ငံတွင် အားကောင်းသော ငလျင်လှုပ်ခတ်၍ လူငါးဦးဒဏ်ရာရ

ပြင်းအား ၅ ဒသမ ၆ မဂ္ဂနီကျုဒ်ရှိ မြေငလျင်ကြောင့် ရှီမာနေးစီရင်စု အိုဒါမြို့တွင် လမ်းတစ်ခု ပျက်စီးနေစဉ် (AFP)

 ဂျပန်နိုင်ငံ အနောက်ပိုင်း တွင် ဧပြီ ၉ ရက် နံနက်အစောက အားကောင်းသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူငါးဦး ထိခိုက် ဒဏ်ရာရပြီး အဆောက်အအုံများနှင့် လမ်းများ ပျက်စီးခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြ သည်။


ဂျပန်နိုင်ငံ မိုးလေဝသဌာန ၏ တိုင်းထွာရရှိချက်အရ တနင်္လာ နေ့တွင် အင်အား ၆ ဒသမ ၁ မဂ္ဂနီကျုဒ်ရှိသော အနက်တိမ် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း Kyodo သတင်းဌာနက ဖော်ပြ သော်လည်း အမေရိကန်ဘူမိဗေဒ စောင့်ကြည့်ရေးဌာန (USGS) က ထိုငလျင်သည် အင်အား ၅ ဒသမ ၇ မဂ္ဂနီကျုဒ်ရှိကြောင်း ပြော သည်။

အဆိုပါ ငလျင်သည် ဟီရို ရှီးမားမြို့ မြောက်ဘက် ၉၆ ကီလို မီတာအကွာရှိ ဟွန်ရှူးကျွန်းအ နောက်ဘက်ကို ဗဟိုပြုလှုပ်ခတ် ခဲ့သည်။

ငလျင်လှုပ်ခတ်စဉ် အိမ်ပေါ် မှ ပြုတ်ကျပြီး ခြေထောက်ကျိုးခဲ့ သည့် အသက် (၁၇)နှစ်အရွယ် အမျိုးသားတစ်ဦးအပါအဝင် စုစုပေါင်း ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သော်လည်း စိုးရိမ်စရာအခြေ အနေမရှိပေ။

ငလျင်ဒဏ်ကြောင့် လမ်း များ၊ အဆောက်အအုံများ ပျက် စီးခဲ့ပြီး နေအိမ် ၁၀၀ ခန့်တွင် သောက်သုံးရေ ပြတ်လပ်၍ အိမ် ၅၀ ခန့် လျှပ်စစ်မီး ပြတ်တောက် နေကြောင်း Kyodo သတင်းဌာန က ဖော်ပြသည်။

တနင်္လာနေ့က ငလျင်လှုပ်ခတ်ပြီးနောက် လာမည့်နှစ်ရက်၊ သုံးရက်အတွင်း နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ် နိုင်ကြောင်း ဂျပန်မိုးလေဝသဌာန တာဝန်ရှိသူ တိုရှီယူကီမာဆူမိုရီ က ပြောခဲ့သည်။

ငလျင်လှုပ်ခတ်မှုများနှင့် မီး တောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည့် ပစိဖိတ် မီးစက်ဝန်း (Ring of Fire) ပေါ်တွင် တည်ရှိသော ဂျပန်နိုင်ငံ၌ ပြင်း ထန်သော ငလျင်လှုပ်ခတ်မှုများ ဖြစ်ပေါ်လေ့ရှိသည်။

၂၀၁၁ မေလ ၁၁ ရက်က ပစိဖိတ်သမုဒ္ဒရာပင်လယ်ပြင် အောက်တွင် အင်အား ၉ မဂ္ဂနီ ကျုဒ်ရှိသော ငလျင်လှုပ်ခတ်ပြီး နောက် ဆူနာမီလှိုင်းဖြစ်ပေါ်လာ ကာ ထောင်ချီသောလူများ သေ ဆုံးခဲ့သည့် ဖြစ်ရပ်မှာ ဂျပန်နိုင်ငံ၏ အဆိုးရွားဆုံး သဘာဝဘေးအန္တ ရာယ်ဖြစ်သည်။

—Ref: AFP/Reuters/de/ad