လီဗာပူးနှင့် ချန်ပီယံလိဂ်ဒုတိယအကျော့တွင် အတိတ်က အရိပ်မည်းကျရောက်မည့်အရေး ဂွာဒီယိုလာစိုးရိမ်နေ

Getty Images

လန်ဒန်- ဧပြီ ၁၀ ရက်တွင် ကစားမည့် ချန်ပီယံလိဂ် ကွာတားဖိုင် နယ် ဒုတိယအကျော့ လီဗာပူးနှင့် ပွဲ၌ မန်စီးတီးက ပထမအကျော့အရှုံးရလဒ် ၃-၀ ဂိုးကို ပြောင်း ပြန်လှန်ရမည်ဖြစ်သော်လည်း မန်ယူနှင့် ဒါဘီပွဲရလဒ်က ကစား သမားများ၏ စိတ်ကို လွှမ်းမိုးနေ နိုင်သဖြင့် နည်းပြ ဂွာဒီယိုလာက စိုးရိမ်နေသည်။

ပရီမီးယားလိဂ် ချန်ပီယံဖြစ် ရေး နိုင်ပွဲရရန် လိုအပ်နေချိန် တွင် မန်စီးတီးသည် မန်ယူကို ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း သုံးဂိုးဆက်တိုက် ပေးခဲ့ရသဖြင့် ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

‘‘အနိုင်မရတဲ့အတွက် ကျွန်တော်တို့ စိတ်သဘောထားအပေါ် ခက်ခဲခဲ့ပါတယ်။ ဒါမျိုးက ဖြစ် တတ်ပါတယ်။ အနာဂတ်မှာ တိုးတက်အောင် လုပ်နိုင်မယ်ထင် ပါတယ်’’ ဟု ၎င်းက ပြောကြားသည်။တစ်ရာသီလုံး မိမိတို့ လုပ်ခဲ့ သလိုမျိုး ပထမပိုင်း၌ လုပ်ဆောင်ရန် မန်ယူနှင့်ပွဲသို့ ရောက်လာ ကြောင်း၊ သို့သော် ထိုသို့ ပြင်ဆင် ခြင်းသည် ချန်ပီယံလိဂ်အဆင့် (သို့မဟုတ်) ပရီးမီးယားလိဂ်အဆင့်တွင် မလုံလောက်နိုင်ကြောင်း ဂွာဒီယိုလာက ပြောသည်။

     ပရီးမီးယားလိဂ်ထိပ်ဆုံးတွင် ၁၃ မှတ်ဖြတ် ဦးဆောင်နေသော မန်စီးတီးအသင်းသည် နောက်ဆုံးနှစ်ပွဲ၌ ခြောက်ဂိုး ခွင့်ပြုခဲ့ရသည်။

ဂွာဒီယိုလာသည် ယခင်က လည်း အာရုံစိုက်မှုလျော့ကျခြင်း ကြောင့် ပေးဆပ်ခဲ့ရပြီး ဘိုင်ယန် မြူးနစ်ကို ကိုင်တွယ်ခဲ့စဉ် ၂၀၁၄ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ဒုတိယအကျော့တွင် ရီးရဲလ်မက်ဒရစ်က သုံးဂိုးသွင်းယူခဲ့သည်။ ၂၀၁၅ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင် ဘာစီလိုနာနှင့် ၇၇ မိနစ်အထိ သရေကျနေပြီးမှ ဘိုင်

ယန်သည် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုပွဲစဉ်များအကြောင်း အ ကြိမ်များစွာ စဉ်းစားခဲ့ကြောင်းနှင့် ယင်းမှာ မိမိအပြစ်သာဖြစ်ပြီး အဖြေရှာရန် လိုအပ်ကြောင်း ဂွာဒီယိုလာက ဆက်လက်ပြောသည်။

ရိုးမားနှင့် ဘာစီလိုနာပွဲစဉ်တွင် ပထမအကျော့တွင် ဂိုးပြတ်ရှုံးနိမ့်ထားသော်လည်း အိမ်ကွင်းတွင် အံ့သြဖွယ် စွမ်းဆောင်ပြ၍ ရလဒ်ကို ပြောင်းပြန်လှန်နိုင်ကြောင်း ရိုးမားနည်းပြက ကျုံးဝါးထားသည်။

—Ref: Reuters