‘‘အခုခွဲစိတ်မှုဟာဆိုရင် ခြောက်နာရီနီးပါးအချိန်ယူခဲ့ရတယ်။ ရင်သားမှာ အရည်အိတ်တွေရော၊ အခဲတွေရောဖြစ်နေတာကြောင့် ရင်သားကိုပြန်တည်ဆောက်ဖို့အတွက် ဘယ်လိုမှ မဖြစ်တော့ဘူး’’

ရင်သားနှစ်ဖက်ပေါင် ၄၀ ကျော်ရှိသော မိန်းကလေးကို အောင်မြင်စွာခွဲစိတ်ကုသနိုင်ရေး ဦးဆောင်ခဲ့သော သီပေါမြို့နယ်ဆေးရုံအုပ် ဒေါက်တာ နန္ဒ၀င်းအားမေးမြန်းခြင်း
သီပေါဆေးရုံအုပ်ကြီးဒေါက်တာနန္ဒ၀င်း (ဓာတ်ပုံ − ဒေါက်တာနန္ဒ၀င်းဖေ့စ်ဘွတ်ခ်)

ရှမ်းပြည်နယ်သီပေါမြို့နယ် နှင့် ထိစပ်နေသည့် မိုင်းရယ်နယ် စပ်တွင်နေထိုင်သည့် အသက် (၁၃) နှစ်အရွယ် နန်းဆိုင်လူဆို သည့် မိန်းကလေးငယ်သည် Virginal Breast Hypertrophy ဟု ခေါ်သည့် ပုံမှန်ထက်ရင်သား ကြီးထွားမှုကို အသက် (၁၁) နှစ် အရွယ်ကစတင်ခံစားခဲ့ရသည်။ အပျိုဖော်ဝင်ချိန်တွင် ရင်သားအပေါ် ဟော်မုန်းသက်ရောက်မှုများခြင်းကြောင့် တဖြည်းဖြည်း ရင်သား  အဆမတန်ကြီးထွားလာသည်။

ယင်းရောဂါသည် ရှားပါးရောဂါတစ်ခုဖြစ်ပြီး ရင်သားနှစ်ဖက် ပေါင် ၄၀ ကျော်ရှိနေသော လူနာ၏ အခြေအနေသည် ခွဲစိတ်ကုသရန် လိုအပ်သောကြောင့် ခုတင် (၁၀၀)ဆံ့ သီပေါဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ နန္ဒ၀င်း၏ ဦးဆောင်စီစဉ်မှုဖြင့် ယမန်နေ့က ခွဲ စိတ်ကုသမှုခဲ့ရာ အခြေအနေကို 7Day Daily သတင်းစာက ဆက်သွယ်မေးမြန်းထားပါသည်။

ရှားပါးရောဂါခံစားနေရတဲ့ လူနာ အခြေအနေကို အနည်းငယ်ရှင်းပြ ပေးပါဆရာ။

ဒီသမီးလေးရဲ့ ရောဂါက ဟော်မုန်းစထွက်တဲ့အချိန်မှာ ရင် သားပေါ်မှာပဲ သွားပြီးတော့ သက် ရောက်မှုတွေရှိပြီး များသွားတဲ့ ရောဂါတစ်မျိုးပါ။ ရှားပါးရောဂါ တစ်ခုပေါ့။ Virginal Breast Hy-pertrophy လို့ခေါ်တယ်။ သူအ သက် (၁၁) နှစ်လောက်ကတည်းက အပျိုဖော်ဝင်စအချိန်မှာ သူ့ရဲ့ ရင်သားတွေက သာမန်ထက်ပိုကြီးထွားလာတယ်။ အခု (၁၃) နှစ် အရွယ်မှာ အရမ်းကြီးလာပြီးတော့  ရင်သားတစ်ဖက်ကို ၁၀ ကီလိုရှိတယ်။ နှစ်ဖက်ဆိုတော့ ၂၀ ကီလိုလောက်ဖြစ်နေတော့ နေထိုင်ရတာလည်း မလွယ်ကူဘူး။ ခွဲစိတ်ကုသဖို့ လိုအပ်လာတယ်။ အဲဒီလို ထူးခြားဖြစ်စဉ်ရှိတဲ့ ကလေးကို ဆရာ့မိတ်ဆွေတွေက တွေ့ပြီး အကြောင်းကြားလာတယ်။ သူတို့နေတဲ့ နေရာက ရှမ်းပြည်နယ် မိုင်း ရယ်နယ်စပ်မှာဆိုတော့ တော် တော်လေးဝေးတယ်။ ကလေးက ဗမာစကားမတတ်ဘူး။ အတန်း ပညာလည်း မသင်ကြားဖူးဘူး။ ကလေးရဲ့ အမေကိုယ်၌ကလည်း စာမတတ်ဘူး။ သီပေါဆေးရုံကို လာပြဖို့အတော်လေး စည်းရုံးယူ ခဲ့ရတယ်။ ကလေးရဲ့ အခြေအနေက သွားရင်းလာရင်းနဲ့ ရင်သားကို ထိခိုက်မိတာတွေကြောင့် အသား မာတက်နေတဲ့အလုံးတွေ၊ အရည်အိတ်လိုနေရာတွေ တွေ့ရတယ်။ နို့သီးခေါင်းလေးတွေ ပျက်စီးနေ တယ်။ ယားလို့ကုတ်ထားတာ ကြောင့် ပဲ့တဲ့နေရာကပဲ့၊ ချိုင့်တဲ့ နေရာချိုင့်ဖြစ်တဲ့ ဒဏ်ရာတွေ တွေ့ရတယ်။

ခွဲစိတ်ကုသမှုအတွက် ဘယ်လို ပြင်ဆင်ခဲ့ရလဲ။

ခွဲစိတ်ကုသပေးမယ့် ဆရာ ၀န်နဲ့ မေ့ဆေးအထူးကုဆရာဝန် တွေကို တိုင်ပင်ရတယ်။ ဆရာက တော့ စီမံခန့်ခွဲမှုအပိုင်းအနေနဲ့ပါ တယ်။ ခွဲစိတ်မှုအတွက် လိုအပ်တဲ့မေ့ဆေးဆိုလည်း ပိုကောင်းတဲ့မေ့ ဆေးမျိုးရအောင် မန္တလေးကိုမှာရ တယ်။ လူနာမှာ တခြားရောဂါ တွေရှိ၊ မရှိစစ်ဆေးတာတွေလုပ်ရ ပြီး လိုအပ်တဲ့သွေးတွေကို ကြို တင်ရှာထားရတယ်။ ခွဲစိတ်မှုကို ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေး ၀န်ထမ်း ၁၀ ဦးခန့်နဲ့ ပါဝင်ဆောင် ရွက်ဖို့စီစဉ်ခဲ့တယ်။ စနစ်တကျနဲ့ ကြိုတင်ဆောင်ရွက်ပြင်ဆင်ခဲ့ တယ်။ ခွဲစိတ်မှုအတွက် ကုန်ကျ စရိတ်ကိုလည်း နိုင်ငံတော်အ ထောက်အပံ့နဲ့ရအောင် ကြိုးစား ခဲ့တယ်။

ဒီလိုရောဂါမျိုးကို ခွဲစိတ်ကုသတာ ဆရာတို့ အနေနဲ့ ပထမဆုံးအတွေ့ အကြုံလား။ ခွဲစိတ်ကုသတဲ့အခါ မှာ ဘယ်လိုအခက်အခဲတွေရှိခဲ့ လဲ။

ဆရာဆေးရုံအုပ်ဘ၀မှာ တော့ ဒီလိုရောဂါမျိုးခွဲစိတ်ကုသမှု က ပထမဆုံးပဲ။ တိုက်နယ်ဆရာ ၀န်ဘ၀တုန်းကတော့ ရင်သား ကင်ဆာဖြစ်တဲ့လူနာတွေကို ခွဲ စိတ်တာတွေရှိခဲ့ပါတယ်။ အခုခွဲ စိတ်မှုဟာဆိုရင် ခြောက်နာရီနီး ပါးအချိန်ယူခဲ့ရတယ်။ ရင်သားမှာ အရည်အိတ်တွေရော၊ အခဲတွေ ရောဖြစ်နေတာကြောင့် ရင်သား ကိုပြန်တည်ဆောက်ဖို့အတွက် ဘယ်လိုမှ မဖြစ်တော့ဘူး။ အဲဒါ ကြောင့် ရင်သားတစ်ခုလုံးကို လှီး ထုတ်လိုက်ရတယ်။ နောက်ပိုင်း အခြေအနေပေးရင်တော့ ဒီက လေးကို ပလတ်စတစ်ဆာဂျရီနည်းနဲ့ပြန်ပြီး လုပ်နိုင်မလားဆိုတာကိုတော့ စဉ်းစားနေတယ်။ အခုလို ခွဲစိတ်ပြီးတဲ့နောက်မှာ ဆက်လက်ပြီးတော့ အသားစအဖြေကို စစ်ဆေးသွားမယ်။ စစ်ဆေးမှုရဲ့ ရလဒ်တွေကိုတော့ အချိန်ယူစောင့်ရပါဦးမယ်။ ရင်သားကို လှီးထုတ်ပြီးတဲ့နောက် တိုင်းတာကြည့်တဲ့အခါ  တစ်ဖက်မှာအလေးချိန် ၁၄ ပေါင်ရှိပြီး နောက်တစ်ဖက်က ၁၆ ပေါင်ရှိတယ်။ လက်ရှိမှာတော့ ခွဲစိတ်ပြီးတဲ့နောက် သွေးသုံးပုလင်းသွင်းထားပြီး လိုအပ်ရင်တော့ ဆက်သွင်းပေးဦးမှာဖြစ်တယ်။

အခုခွဲစိတ်မှုက  အောင်မြင်တယ် လို့ ပြောနိုင်လား။

ဆရာတို့ပတ်ဝန်းကျင်မှာရှိ တဲ့ ဆရာဝန်တွေအားလုံး ညီညီ ညွတ်ညွတ်နဲ့ ၀ိုင်းဝန်းကူညီကြ တာကြောင့် ခွဲစိတ်မှုက ၁၀၀ ရာ ခိုင်နှုန်းအောင်မြင်ပါတယ်။ ခွဲစိတ်ကုသမှုတစ်ခုလုံးမှာ တစ်စုံတစ်ရာအခက်အခဲဆိုတာမရှိခဲ့ပါဘူး။

ဆရာ့အနေနဲ့ ဖြည့်စွက်ပြောလို တာရှိရင် ပြောပြပေးပါ။

ဆရာတို့ သီပေါမြို့နယ်မှာ လူဦးရေ ၁၇၀,၀၀၀ ကျော်ရှိတယ်။အဲဒီမြို့နယ်တွေထဲက ၅၀ ရာခိုင် နှုန်းသောနေရာတွေကို ၀င်လို့မရ ဘူး။ Politically Hard to  Reach Area တွေဖြစ်နေလို့ပါ။ ဒီသမီး လေးလို ကျန်းမာရေးလိုအပ်ချက် ရှိနေတဲ့ နေရာက ကလေးငယ် တွေကို ဆေးဝါးကုသမှုပေးနိုင်တဲ့ အခါမှာ အဲဒီနေရာဒေသက လူ တွေလည်း ဆရာတို့ကြိုးစားနေ တာတွေကို လက်ခံလာမယ်။ ဝေး လံခက်ခဲတဲ့ဒေသတွေက လိုအပ်ချက်ရှိနေတဲ့ တိုင်းရင်းသားက လေးတွေ၊ လူနာတွေကို နိုင်ငံတော်က မေ့မထားဘဲ ကူညီထောက်ပံ့ ပေးနေတယ်ဆိုတာကို သိစေချင် တယ်။ နိုင်ငံတော်ကလည်း တိုင်း ရင်းသားတွေအတွက်ပါ ဘတ် ဂျက်အလုံအလောက်ပေးထားပါ တယ်။ ဆရာတာဝန်ကျနေတဲ့ ပတ်ဝန်းကျင်မှာ ကာကွယ်လို့ရ တဲ့ရောဂါတစ်ခုဖြစ်နေပြီဆိုရင် ဆရာတို့တာဝန်မကျေသလို ခံစားရတယ်။ အဲဒီလိုပဲ ကုလို့ရတဲ့ ရောဂါတစ်ခုကို မကုနိုင်ခဲ့ဘူးဆို  ရင်လည်း လိုအပ်နေတာပါပဲ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဒုက္ခရောက်နေတဲ့ လူကိုတွေ့လာရင် ကိုယ် တတ်နိုင်တဲ့ဘက်က ကူညီလိုက် မယ်ဆိုတဲ့ သဘောနဲ့ပဲ လုပ်ပေး နေတာပါ။

ကျေးဇူးတင်ပါတယ်။

More in Interview Section