ရုပ်ရှင်အကြိုခံစားခြင်း

ရောင်ပြန်

ဒီကနေ့ရဲ့ရုပ်ရှင်အညွှန်း ကဏ္ဍ မှာတော့ အမျိုးသမီးတစ် ဦးကို ကလဲ့စားချေဖို့ ကြိုးစားနေ တဲ့ ကောင်မလေးသုံးယောက်  အ ကြောင်း ရိုက်ကူးထားတဲ့ ဇာတ်  ကားကို ညွှန်းလိုက်ပါတယ်။


မေနက္ခတ်က အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပါ။ ဘယ်လောက်ထိ ချမ်းသာလဲဆို ရင် ကိုယ်ပိုင်လေယာဉ်တွေ တောင် ပိုင်ဆိုင်တဲ့အထိချမ်းသာ တာပါ။ နောက်ပြီးသူက မိဘမဲ့ ကျောင်းတွေလိုမျိုး လိုအပ်တဲ့နေ ရာတွေမှာလည်း အရမ်းကိုလှူပါ တယ်။ သူ့မှာ ထူးခြားနေတဲ့ အ ရာတစ်ခုကတော့ သူကမိန်းက လေးချင်း စိတ်ဝင်စားတဲ့သူတစ် ယောက်ပါ။ အဲဒါကြောင့် သူ့ဘေး နားမှာ ဖက်ရှင်ကျကျနဲ့ ချောချော လှလှ ကောင်မလေးတစ်ယောက် ပါ ပါတယ်။

အဲဒီကောင်မလေးရဲ့နာမည် က ကိုကိုးပါ။ ကိုကိုးက မေနက္ခတ် ရဲ့ လုံခြုံရေးအတွက်လည်း တာ ဝန်ယူထားသလို မေနက္ခတ်ရဲ့ အ ချစ်တော်လေးအဖြစ်လည်း နေ ပေးရသူပါ။ နောက်ပြီး ကိုကိုးက မေနက္ခတ်ရဲ့အယုံကြည်ရဆုံးသူ  တစ်ယောက်လည်း ဖြစ်ပါတယ်။  မေနက္ခတ်ရှေ့မှာသာ ပျော်ရွှင်နေ သယောင်နေရပေမယ့် တကယ် တော့ ကိုကိုးက သူ့ဘဝသူ လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်နေ သူပါ။

ကေတီဗီတစ်ခုရဲ့ ခန်းမထဲ မှာ သူဌေးတစ်ယောက်မူးနေပြီး ကောင်မလေးတွေကို မုန့်ဖိုးပေး မယ်ဆိုပြီး အင်္ကျီတွေအတင်းချွတ် ခိုင်း နေပါတယ်။ အဲဒါကြောင့် ကောင်မလေးတွေက ကြောက်ပြီး သူတို့ဆိုင်ရှင် မေနိုင်းကိုသွား ပြောကြပါတယ်။ မေနိုင်းရောက် တဲ့အချိန်မှာတော့ အဲဒီ့သူဌေးက မေနိုင်းကို ဆိုင်ပိတ်သွာရမယ်ဆို ပြီး ခြိမ်းခြောက်ပါတယ်။ ဒါပေမဲ့ လည်း မေနိုင်းက ပညာပေးလွှတ် လိုက်တာကြောင့် ထွက်ပြေးသွား ခဲ့ရပါတယ်။

နောက်ပြီး မေနက္ခတ်ရှိတဲ့ နေရာတိုင်းမှာ မေနိုင်းကရှိနေ တတ်ပါတယ်။ အဲဒီလိုပါပဲ မေနိုင်း လို နောက်တစ်ယောက်ရှိနေပါ သေးတယ်။ အဲဒီကောင်မလေးရဲ့ နာမည်က အရိပ်ပါ။ အရိပ်က မေနက္ခတ်ကို သတ်ဖို့နောက် ကနေ တကောက်ကောက် လိုက် နေတာပါ။ အဲဒီလိုပါပဲ။ မေနိုင်း က မေနက္ခတ်ကို စောင့်ကြည့်နေ တာကလည်း သတ်ဖို့အတွက် ပါပဲ။

အဲဒီလိုနဲ့ တစ်ရက်မှာတော့  မေနက္ခတ်ရဲ့ ကုမ္ပဏီနှစ်ပတ် လည်ပွဲမှာ မေနိုင်းရော၊ အရိပ် ရော ရောက်နေခဲ့ပါတယ်။ အဲဒီ မှာမေနိုင်းက မေနက္ခတ်သောက် မယ့် အချိုရည်ခွက်ထဲ အဆိပ် ထည့်ခဲ့ပါတယ်။ ဒါပေမဲ့ စားပွဲထိုး  ဟန်ဆောင်ပြီး မေနက္ခတ်ကို သတ်ဖို့ကြံနေတဲ့ အရိပ်ကမတော် တဆ တိုက်မိတာကြောင့်  အဲဒီ ခွက်ကျကွဲခဲ့ပါတယ်။

မေနက္ခတ်ကို မေနိုင်းနဲ့ အရိပ် က ဘာကြောင့် သတ်ချင်နေတာ လဲ။ မေနက္ခတ်ကို သတ်ဖို့အတွက် ကိုကိုးနဲ့ ထိပ်တိုက်တွေ့တဲ့အချိန် မှာ ဘာတွေဆက်ဖြစ်ဦးမလဲဆို တာကိုတော့ ဧပြီ ၁၇ ရက်က စတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့တွေမှာ တစ်ပြိုင်တည်း ရုံတင်ပြသမယ့် ‘ရောင်ပြန်’ ဇာတ်ကားမှာ ဆက် လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မေနက္ခတ် အဖြစ် ထွန်းအိန္ဒြာဗို၊ မေနိုင်းအ ဖြစ် အိန္ဒြာကျော်ဇင်၊ ကိုကိုးအဖြစ် ဝတ်မှုံရွှေရည်၊ အရိပ်အဖြစ် ပတ်ထရစ်ရှာတို့ ပါဝင် သရုပ် ဆောင်ထားပြီး မယ်ခိုင်ရဲ့ ဇာတ် လမ်းကို ညီအောင်ညီ၊ ဟန်သု သော် ၊ ချမ်းထက်ဟန်၊ မယ် ခိုင်၊ ရွှေပြည့်တို့က ဇာတ်ညွှန်းရေး သားကာ ဒါရိုက်တာလူမင်းက ရိုက်ကူး ပုံဖော်ထားပါတယ်။