မဟာမုနိဘုရား ရွှေမိုက်ထုတ်ယူမှု ယမန်နှစ်ထက် ၁၀ ပိဿာခန့် ပိုရ

မန္တလေးမြို့ရှိ မဟာမုနိဘုရား၌ ယခုနှစ် ရွှေမိုက်ထုတ်ယူရာတွင် ယမန်နှစ်ထက် မီးလင်းရွှေ(သန့်စင်ရွှေ) ၁၀ ပိဿာခန့် ပိုရကြောင်း ဘုရားဂေါပကအ ဖွဲ့ဝင် ဦးသန်းလွင်က ပြောသည်။

မဟာမုနိဘုရားတွင် တစ် နှစ် တစ်ကြိမ်ရွှေမိုက်ထုတ်ယူပြီး ယခုနှစ်၌ မီး လင်းရွှေ(သန့်စင်ရွှေ) ၁၆ ပိဿာ ၅၈ ကျပ်သားကျော် ရရှိခဲ့သည်။

ရွှေမိုက်ထုတ်ယူမှုကို ဘုရားပရိဝုဏ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီက စတင်၍ နှစ်လကျော်ကြာပြုလုပ်ခဲ့သည်။

ရွှေမိုက်ထုတ်ယူခြင်းဆို သည်မှာ မဟာမုနိဘုရားကြီး၌ ရွှေသင်္ကန်းကပ်လှူရာတွင် ရွှေစ များမှ ကျန်ရှိသော စွန့်ပစ်အမှိုက် များကို သန့်စင်သောရွှေပြန်လည် ထုတ်ယူခြင်းဖြစ်သည်။

ယမန်နှစ် ရွှေမိုက်ထုတ်ယူ ရာတွင် မီးလင်းရွှေ(သန့်စင်ရွှေ) ခုနစ်ပိဿာကျော်ရရှိခဲ့ပြီး ယခုနှစ်တွင် ပိုမိုရရှိခဲ့သည်။ ပုံမှန် တွင် မဟာမုနိရုပ်ပွားတော်ကြီး ပတ်ချာလည်စွန့်ပစ်အမှိုက်များ သာ ထုတ်ယူခဲ့သော်လည်း ယခုနှစ်၌ ဘုရား၏ ပြသာဒ်တော်ကြီး ရွှေသင်္ကန်းကပ်ရာမှ စွန့်ပစ်ပစ္စည်းများ ပါဝင်လာသဖြင့် မီးလင်းရွှေပမာဏ   များပြားလာကြောင်း ဦးသန်းလွင်က ပြော သည်။

‘‘ဒီနှစ်ရွှေမိုက်ထုတ်တဲ့ အ လေးချိန်တွေက မနှစ်ကထက် များတယ်။ ပုံမှန်ဆိုရင် တစ်လ ကျော်လောက်ပဲ ကြာတာပါ။ ရရှိ တဲ့ရွှေတွေက ဘုရားဘဏ္ဍာတော် ပိုင်ပေါ့။ ကျောင်းဆောင်တော် ကြီးရွှေသင်္ကန်း   ကပ်တာတို့၊ ဘုရားရဲ့လိုအပ်တဲ့အပိုင်းတွေ မှာ အသုံးပြုဖို့ ဆောင်ရွက်မှာပေါ့’’ ဟု ဦးသန်းလွင်က ပြောသည်။

ရွှေမိုက်ထုတ်ယူရာတွင် ကုန်ကြမ်းပစ္စည်းများအဖြစ် ရွှေ သင်္ကန်းကပ်လှူပူဇော်ရာမှ ကျန် ရှိသော စွန့်ပစ်ရွှေလောင်စက္ကူ များ၊ ရွှေသင်္ကန်းများလန်နေလျှင် အသုံးပြုသော ဖိဂွမ်း၊ သစ်ဆေး လုံးနှင့်    လက်သုတ်ပ၀ါများ၊ အောက်အခင်းကော်ဇောများ၊ ဘုရားပလ္လင်အောက်ရှိ   မြေမှုန့် များ စသည်တို့ကို တစ်နှစ်ခန့် စုဆောင်း၍ ရွှေပြန်လည်ထုတ်ယူ ခြင်းဖြစ်သည်။