ကမ္ဘာ့ဖလားပြိုင်ပွဲ Match Ball Carrier အဖြစ် မြန်မာနိုင်ငံသား စိုင်းဘုန်းသိင်္ဂါရွေးချယ်ခံရ

ရုရှားနိုင်ငံတွင် ပြုလုပ် မည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ  ၏  ပွဲစဉ်တစ်ပွဲ၌  Match Ball Carrier အဖြစ်   မြန်မာနိုင်ငံမှ စိုင်းဘုန်းသိင်္ဂါ   ရွေးချယ်ခံရကြောင်း KIA Myanmar ကုမ္ပဏီ စီနီယာမန်နေဂျာ မမျိုးက ပြောသည်။

အဆိုပါရွေးချယ်မှုကို ဧပြီ ၆ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအနယ် နယ်အရပ်ရပ်မှ အသက် (၁၀) နှစ် မှ (၁၄) နှစ်အတွင်းရှိ ကလေး ၄၀၀ ကျော်ကို ဘောလုံးစွမ်းရည်၊ အထွေထွေနှင့် နိုင်ငံတကာဗဟုသုတ၊ Leading Skill ၊ Team Work ၊ Organiziation Skill တို့ စစ်ဆေးခဲ့သည်။ ယင်းစစ်ဆေးချက်များမှ ဆန်ခါတင်ကလေးငယ် သုံးဦးရွေးချယ်၍ ထပ်မံယှဉ်ပြိုင်ကာ Grand Winner အဖြစ် စိုင်းဘုန်း သိင်္ဂါက ရွေးချယ်ခံခဲ့ရခြင်း ဖြစ် သည်။ ယင်းရွေးချယ်မှုကို ရန်ကုန်နိုင်ငံခြားဘာသာမှ ပါမောက္ခတစ် ဦး၊ အားကာသိပ္ပံမှ တစ်ဦး၊ KIA မှ တာဝန်ရှိသူတစ်ဦး၊ မီဒီယာအ သိုင်းအ၀ိုင်းမှ အယ်ဒီတာတစ်ဦး၊ စုစုပေါင်း ဒိုင်လေးဦးက ရွေးချယ် ခဲ့သည်။

စိုင်းဘုန်းသိင်္ဂါသည် ဇွန်လ ၁၄ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၌ ကမ္ဘာ့နိုင်ငံအသီးသီးမှ ကလေး ၆၃ ဦးနှင့်အတူ KIA Myanmar ၏ ပံ့ပိုးမှုကြောင့် Official Match BallCarrier အဖြစ်  ပါဝင်ခွင့်ရမည် ဖြစ်သည်။

‘‘တစ်နိုင်ငံလုံးက လာပြိုင်တဲ့ကလေးပေါင်း ၄၀၀ ကျော်ကနေ အရင်ဆုံး ၆၀ ရွေးတယ်။ အဲဒီက နေမှ အထွေထွေဗဟုသုတ၊ နိုင်ငံ တကာဗဟုသုတနဲ့ ဘောလုံးစွမ်း ရည်တွေ စစ်ဆေးပြီး ဆန်ခါတင်သုံးယောက်ထပ်ရွေးတယ်။ သုံး ဦးထဲကမှ တစ်ဦးချင်းထပ်မံစစ် ဆေးပြီးတော့မှ စိုင်းဘုန်းသိင်္ဂါကို ရွေးချယ်ခဲ့တာပါ။ ဒါပေမဲ့ ကျန်တဲ့နှစ်ယောက်ကိုလည်း အရန်အနေ နဲ့ ဆက်ရွေးထားပါတယ်။ ဆု လည်း ချီးမြှင့်ပါတယ်။ တကယ်လို့ ရွေးချယ်ခံရတဲ့ ကလေးက ကျန်းမာရေးအခြေအနေတစ်ခုခု ကြောင့် လွဲချော်မှာစိုးလို့ပါ’’ဟု မမျိုးက ပြောသည်။

စိုင်းဘုန်းသိင်္ဂါသည် ဇူလိုင် ၂ ရက်တွင် ယှဉ်ပြိုင်မည့် ၂၀၁၈ ကမ္ဘာ့ဖလား(၁၆)သင်းအဆင့် ရှုံး ထွက်ပြိုင်ပွဲတစ်ခုတွင် Match BallCarrier အဖြစ် ပါဝင်ခွင့်ရမည်ဟု ၎င်းက ပြောသည်။