ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြခရီးစဉ်အတွက် လုံခြုံရေးတိုးမြှင့်

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ယနေ့မြောင်းမြခရီးစဉ် အတွက် ဒေသတွင်းလုံခြုံရေး အ ထူးတိုးမြှင့်ထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နံနက် ၇ နာရီခန့်တွင် မြောင်းမြမြို့သို့ ရဟတ်ယာဉ်ဖြင့် လာ ရောက်မည်ဖြစ်သည်။ ထို့နောက် ပျက်ကျခဲ့သည့် မြောင်းမြကြိုးတံ တားနှင့် တံတားအသစ်တည် ဆောက်မှု အခြေအနေတို့ကို စစ် ဆေးကြည့်ရှုမည်ဖြစ်သည်။

ထို့နောက်မြောင်းမြ အ.ထ. က (၁) တွင် ကျင်းပမည့် ဒေသခံ ပြည်သူများနှင့် စကားဝိုင်း Peace Talk သို့ တက်ရောက်မည်ဖြစ် သည်။  

ထို့အပြင် မိခင်ဒေါ်ခင် ကြည်ကိုးကွယ်သည့်  ဇေယျမေဒိနီ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကာ  ရဟတ်ယာဉ်ဖြင့် နေ့ချင်းပြန်မည်ဖြစ်ကြောင်း  အတိုင်ပင်ခံခရီး စဉ် ကြိုတင်ပြင်ဆင်နေသည့်  တာဝန်ရှိသူအချို့က  ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့် မြောင်းမြမြို့လုံခြုံရေး ကို အထူးတင်းကျပ်ထားပြီး အဓိ ကအချက်အချာကျသည့် လမ်း ဆုံများ၊ အဆောက်အအုံများတွင် ရဲတပ်ဖွဲ့ဝင်များ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် စောင့်ကြပ်နေ သည်ကို တွေ့ရသည်။ ထို့အပြင် ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  တာဝန်ရှိသူများ လည်း မြောင်းမြမြို့သို့ တစ်ရက် စော၍ ကြိုတင်ရောက်ရှိပြင်ဆင် မှုများ ပြုလုပ်သည်။

မြောင်းမြမြို့သို့လာရောက် ပြီး ပြည်သူများလိုအပ်ချက်ကို ကြည့်ရှုမည့် အတိုင်ပင်ခံပုဂ္ဂိုလ် အား ကြိုဆိုနှုတ်ဆက်ရန် ဒီချုပ်ပါတီက လိုက်လံကြေညာနေသည်။ 

‘‘အမေစုကို  တံတားသစ်ကြီး အမြန်ပြီးအောင် ဆောင်ရွက်ပေးဖို့ တောင်း ဆိုလိုပါတယ်’’ ဟု ဒေသခံမလုဝေက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK) ကို ဧပြီ ၁၀ ရက် ၁၀ နာရီ မိနစ် ၂၀ ကစတင်ကာ ဧရာဝတီတိုင်းဒေသ ကြီး မြောင်းမြမြို့၌ ကျင်းပမည် ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ ထုတ်ပြန်သည်။

စကားဝိုင်းတွင် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ လူမှုရေးအသင်းအဖွဲ့၊ ပုဂ္ဂလိက ဝန်ထမ်း၊ အသေးစား၊ အလတ် စား လုပ်ငန်းရှင်၊ အစိုးရဝန်ထမ်း၊ တောင်သူနှင့်မွေးမြူရေးလုပ်ငန်း ရှင် စုစုပေါင်းရှစ်ဦးပါဝင်ဆွေး နွေးမည်ဖြစ်သည်။

အဆိုပါအခမ်းအနား ကျင်း ပပုံကို Myanmar President Office နှင့် Myanmar State Counsellor Office Facebook Page တို့တွင်လည်းကောင်း၊ မြန်မာ့ရုပ်မြင်သံကြားနှင့် အခြားရုပ်သံလိုင်းအချို့တွင်လည်းကောင်းတိုက်ရိုက်    ထုတ်လွှင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။