အမြန်လမ်းတွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တိုက်မိ၍ နှစ်ဦးသေ၊ ၁၁ ဦးဒဏ်ရာရ

မန္တလေးအမြန် လမ်းတွင် သစ်အပြည့်တင်လာ သော ကုန်တင်ယာဉ်ကို ခရီး သည်တင်ယာဉ်က နောက်မှဝင် တိုက်မိ၍ သံဃာတစ်ပါးနှင့် ယာဉ်အကူတို့သေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က ပြောသည်။

နေပြည်တော်ဘက်မှ ရန် ကုန်ဘက်သို့ လမ်းကြောင်းတူ မောင်းနှင်လာသော ၁၂ ဘီးသစ် တင်ယာဉ်နှင့်အောင်ရတနာ ခရီး သည်တင်ယာဉ်သည် ဧပြီ ၉ ရက် နံနက် ၁ နာရီခွဲခန့်တွင် အမြန် လမ်း ၁၂၃ မိုင်၊ ခြောက်ဖာလုံ အနီး၌ တိုက်မိခဲ့သည်။

ယင်း ယာဉ်တိုက်မိမှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်ရှိ သံဃာ တော်တစ်ပါးနှင့် ယာဉ်အကူတို့ သေဆုံးခဲ့ပြီး ယာဉ်မောင်းအပါ အ၀င် အမျိုးသားခြောက်ဦး၊ အ မျိုးသမီးငါးဦး ၁၁  ဦးဒဏ်ရာရခဲ့ သည်။ ဒဏ်ရာရရှိသူများအား ဖြူးဆေးရုံသို့ ပို့ဆောင်ထားသည်။ ခရီးသည်တင်ယာဉ်ပေါ်တွင် အ မျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၂၇ ဦးလိုက်ပါလာ သည်ဟု ဦးပြည့်ဖြိုးအောင်က ပြောသည်။

သစ်တင်ယာဉ်မောင်းနှင်သူ သည် ထွက်ပြေးခဲ့ကြောင်း အ ခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသူ များက ဆိုသည်။

အတိုက်ခံရသည့် သစ်တင် ယာဉ်ပေါ်တွင် ပိတောက်သစ် အမျိုးအစားအနည်းဆုံး ၁၀ တန် ခန့်ပါရှိကြောင်း၊ ယာဉ်ကိုစစ်ဆေး ကာ ယာဉ်ပိုင်ရှင်မှတစ်ဆင့်တရား မ၀င်သစ်သယ်ဆောင်လာသူကို ဖော်ထုတ်ပြီး ရဲစခန်းတွင် အမှုဖွင့် မည်ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့်တောင်ငူခရိုင် သစ်တောဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

အမြန်လမ်းတွင် ကုန်တင် ယာဉ်များ သွားလာခွင့်မရှိ ကြောင်း၊ ယခင်ကလည်းသစ်တင် ယာဉ်များ ဖမ်းမိဖူးသော်လည်း လွတ်မြောက်ခဲ့သည်များ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

More in News Section