ထိုင်းမှ နေရပ်ပြန်မြန်မာလုပ်သားများ ပါလာသော ကားတစ်စီး မီးလောင်၊ ထိခိုက်ဒဏ်ရာရသူမရှိဟုဆို

သင်္ကြန်ကာလနေရပ် ပြန်လာသော ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား ၁၄ ဦးလိုက်ပါ လာသည့် မှန်လုံယာဉ်တစ်စီး ဧပြီ ၉ ရက် နံနက်က မီးလောင်မှု ဖြစ် ပွားခဲ့သည်။

ဘန်ကောက်မြို့မှ မဲဆောက် မြို့သို့ ထွက်ခွာလာသော မြန်မာ လုပ်သား အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးခုနစ်ဦး လိုက်ပါလာ သည့် မှန်လုံယာဉ်သည် တာ့ခ်ျခရိုင်ရှိ အဝေးပြေးလမ်းမ တစ်နေရာတွင်  မီးလောင်မှုဖြစ်ပွားခဲ့ သည်။ယာဉ်ပေါ်တွင် လိုက်ပါလာ သော မြန်မာလုပ်သားများ အပါ အဝင် ထိုင်းယာဉ်မောင်းလည်း ထိခိုက်ဒဏ်ရာ မရရှိကြောင်း ထိုင်းရောက် မြန်မာလုပ်သား များအရေး  ကူညီပေးနေသော မဲဆောက်မြို့အခြေစိုက်  ထိုင်း နိုင်ငံလုံးဆိုင်ရာ  မြန်မာရွှေ့ ပြောင်းအလုပ်သမား ကွန်ရက် (MMNT) အထွေထွေ အတွင်း ရေးမှူး ဦးမိုးကြိုးက ပြောသည်။

‘‘ဘန်ကောက်ကနေ မဲ ဆောက်ကိုအလာမှာ ဖြစ်သွား တာပေါ့။ ကားထဲကနေက အချိန် မီ ထွက်နိုင်လို့ဘာမှတော့မဖြစ်ကြ ဘူး။ ဒီရက်ပိုင်းက အဲဒီလိုဖြစ်တာ တွေ သတိထားရမှာဖြစ်ပါတယ်’’ ဟု ဦးမိုးကြိုးက ပြောသည်။

ဧပြီ ၈ ရက်ကလည်း သင်္ကြန်ကာလနေရပ်ပြန်လာသော ထိုင်းရောက်မြန်မာလုပ်သားများ လိုက်ပါလာသည့်ကားတစ်စီး  အာရှလမ်းမကြီး မြဝတီ- ကော့ကရိတ်လမ်းတွင် တိမ်းမှောက်ခဲ့​၍ လေးဦးဒဏ်ရာကပြင်း ထန်စွာရရှိခဲ့သည်။ 

မြန်မာအလုပ်သမားသုံးဦး နှင့် ယာဉ်မောင်း လိုက်ပါလာသော ပရိုဘောက်စ်ကားသည် မြဝတီ- ကော့ကရိတ်လမ်းပိုင်း နတ်စင်ကွေ့၌ အခြားကားတစ်စီးနှင့် တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

‘‘လေးယောက်စလုံး ဒဏ်ရာ ရတာ။ အရောင်နဲ့ပြောရင် အနီ ရောင်အဆင့်တွေပေါ့။ ဒဏ်ရာရ သူ အမျိုးသားတစ်ယောက်ဆီမှာ ရွှေထည်တွေနဲ့ ပိုက်ဆံတွေပါ လာတယ်။ ကျွန်တော်တို့ပဲ ယာ ယီသိမ်းဆည်းပေးထားတယ်’’ဟု ဒဏ်ရာရသူများကို သွားရောက် ခေါ်ဆောင်ခဲ့ပြီး ကော့ကရိတ်မြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော ပုလဲဖြူလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြထိုက်က ပြောသည်။

ထိုင်းအစိုးရက မြန်မာလုပ် သားများကို သင်္ကြန်ပွဲတော် နား ရက်အဖြစ် ဧပြီ ၅ ရက်မှ ၃၀ ရက် အထိ ၂၅ ရက် သတ်မှတ် ခွင့် ပေးထားသည်။

သင်္ကြန်ပွဲတော်ကာလ ထိုင်း အစိုးရက ပိတ်ရက်ပေးသော ကြောင့် ထိုင်းရောက်မြန်မာလုပ် သားများသည် တစ်ရက်လျှင် တစ်သောင်းကျော်နေရပ်ပြန်လာနေ ကြောင်း ထိုင်းရောက်မြန်မာလုပ် သားများအရေး ကူညီပေးနေ သော အဖွဲ့အစည်းများက ပြော သည်။ မတ်လ ၃၁ ရက်ကလည်း ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် မြန်မာအေဂျင်စီ Stars Pioneer Co.,Ltd မှတစ်ဆင့် ပို့ဆောင် သည့် နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ဖြင့် သွားရောက်လုပ်ကိုင် သော မြန်မာလုပ်သား ၄၇ ဦး တင် ဆောင်လာသည့် မှန်လုံယာဉ်သည် မဲဆောက်မြို့အလွန်တောင်ပေါ် လမ်းအဆင်း၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်မီးလောင်မှု ကြောင့် မြန်မာလုပ်သား အမျိုး သားနှစ်ဦးနှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၂၀ ဦးသေဆုံးပြီး မြန် မာလုပ်သားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ သည်။

More in News Section