ပေါ့ပေါ့ပါးပါး ဒီဇိုင်းများနှင့် သင်္ကြန်ဖက်ရှင်

မဟာသင်္ကြန်ပွဲတော်နီးကပ်လာသည်နှင့်အမျှ ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် လူငယ်များ၏ ရင်ခုန်သံစည်းချက် ပိုမိုကျယ်လောင်လာပြီဖြစ်သည်။

ဈေးဝယ်စင်တာများ၊ ဆံပင်ညှပ်ဆိုင်နှင့် အလှပြင်ဆိုင်များတွင် လူငယ်အများစုပျားပန်းခပ် လှုပ်ရှားသွားလာကာ သင်္ကြန်ဖက်ရှင်ရေစီးတွင် စီးမျောရန် ပြင်ဆင်နေလေပြီ။

ယခုနှစ်သင်္ကြန်ပွဲတော်အတွက် လူငယ်အများစုအကြား ခေတ်စားသည့် ဖက်ရှင်ဒီဇိုင်းသည် ယခင်နှစ်များထက် ထူးခြားစွာကွဲပြားခြင်းမရှိပေ။ သင်္ကြန်ကာလအတွင်း အများစုဝတ်ဆင်သည့် နေဒဏ်၊ လေဒဏ်ကာကွယ်ကာ ဖက်ရှင်ကျသည့်အ၀တ်အစားဒီဇိုင်းများ၊ ဆံပင်ကိုကျစ်ဆံမြီးပုံစံအမျိုးမျိုးပြုလုပ်ခြင်းများ စသည့် ဒီဇိုင်းများခေတ်စားနေသည်။

သင်္ကြန်ကာလအတွင်း အ မျိုးသမီးများ ၀တ်စားဆင်ယင်မှု အတွက် သင်္ကြန်မတိုင်မီကပင် ကြိုတင်ခေတ်စားနေသည့် ဒီဇိုင်း မှာ ပန်းနု၊ ခရမ်း၊ အပြာနုနှင့် အ၀ါနုရောင်များ ရောစပ်ဖန်တီး ထားသည့် သက်တံကာလာဟုအ မည်ပေးထားသောအရောင်ဒီဇိုင်း ဖြစ်သည်။

ထို့ပြင် ရှပ်အင်္ကျီပွကြီးများ၊ ခါးတိုဖက်ရှင်၊ Crop top များနှင့် အောက်တွင် ရင်ခံအဖြစ် ၀တ် ဆင်ရပြီးအပေါ်မှနေ၍ အပွအင်္ကျီ ထပ်၍၀တ်ဆင်ရသည့် ဆန်ခါ ပေါက်အပွအင်္ကျီဒီဇိုင်းများသည် သင်္ကြန်တွင် ပျိုမေများဝတ်ဆင် ရန် စိတ်ဝင်စားမှုများသည့်ဒီဇိုင်း ဖြစ်သည်။ လယ်သာဂျက်ကတ် များ၊ ပေါင်တစ်ဝက်နီးပါးရှိသည့် ခေါင်းစွပ်အနွေးထည်များ၊ လွတ် လပ်ပြီးအထာကျသည့် တီရှပ် ဆိုဒ်ကြီးများ၊ ဂျင်းဂျက်ကတ်ခါး တို၊ ဂျင်းဂျက်ကတ်အပွနှင့် အ ကွပ်ရှပ်ဒီဇိုင်းများ၊ ဂျက်ကတ်အ စင်းဒီဇိုင်းများ၊ မိုးကာသားအ ရောင်စပ်ဂျက်ကတ်များ၊ Bom-ber ဂျက်ကတ်များ သင်္ကြန်ကာလ နီးကပ်လာသည်နှင့်အမျှ ဖက်ရှင် ဆိုင်များတွင် အရောင်းသွက်လွန်း နေသည်။

ထို့အပြင် ဘောင်းဘီ တို၊ ဘောင်းဘီရှည်နှင့် ဘောင်းဘီဘေးအစင်းဒီဇိုင်းများလည်း နှစ်စဉ် ၀တ်ဆင်လေ့ရှိသည့် သင်္ကြန်ဖက်ရှင်ဒီဇိုင်းများ ဖြစ်သည်။

နေကြာပန်းပွင့်ပုံနှင့် အဖြူ ခံ၊ အနက်ခံ၊ နက်ပြာခံ၊ ပန်းနုခံ အဆင်ဒီဇိုင်းကို ဟာဝေယံရှပ်ဒီဇိုင်းများ၊ စကတ်အကားများ၊ စကတ်အထပ်ထပ်များ၊ ခါးတိုဒီဇိုင်းများ၊ လည်ပင်းပေါက်ဖြဲကာ ၀တ်ဆင်ရသည့် Off-Shoulder ဒီဇိုင်းများ၊ ဂါဝန်များ၊  အပေါ်နှင့် အောက် တစ်ဆက်တည်းဝတ် ဆင်ရသည့် Jump Suit ဒီဇိုင်းများ သည် သင်္ကြန်မတိုင်မီကပင်ခေတ် စားကာ အွန်လိုင်းဖက်ရှင်ဈေး ကွက်များနှင့် ဖက်ရှင်ဆိုင်များ တွင် အရောင်းသွက်နေသည်။

ဝတ်စားဆင်ယင်မှုအပြင် သင်္ကြန်ကာလအတွက် လူငယ် များ အထူးဂရုစိုက်ပြင်ဆင်လေ့ရှိ သည်မှာ ဆံပင်ဒီဇိုင်းနှင့် အရောင် များဆိုးခြင်းဖြစ်သည်။

ယခုနှစ် ရေပန်းစားနေသည့် သင်္ကြန်ဖက်ရှင် အမျိုးသမီးဆံပင် ဒီဇိုင်းများမှာ  ခရေဇီကာလာဖြင့် ကျစ်ဆံမြီး သေးသေးလေးများ တစ်ခေါင်းလုံးကျစ်ခြင်း၊ ကျစ်ဆံ မြီးအပွကြီးများကျစ်ခြင်း၊ ကျစ်ဆံ မြီးထဲတွင် ရောင်စုံကြိုးများထည့် ကာကျစ်ခြင်းစသည့် ဖက်ရှင်များ ဖြစ်သည်။

‘‘သင်္ကြန်ဆိုတော့ သိတဲ့အ တိုင်း ခရေဇီကာလာရောင်စုံတွေ လာဆိုးကြတာများတယ်။သင်္ကြန် ဆိုတော့ ပုံမှန်နဲ့မတူဘူး။အရောင် တောက်တဲ့ဘက်ကို သွားကြ တယ်။ အဖြူ၊ အ၀ါ၊ အပြာ၊ အ စိမ်း၊ ခဲရောင်တို့ခေတ်စားတယ်။ ခဲရောင်ကိုတော့ ၂ နှစ်လောက်ရှိ ပြီ။ တော်တော်လေးဆိုးကြတာ များတယ်။ အရောင်တောက် တောက်တွေကို ကစားပြီးဆိုးကြ တယ်’’ ဟု Nature Spa မှ မစိုး စိုးလွင်က ပြောသည်။

အမျိုးသားဝတ်စားဆင်ယင် မှုအတွက် သင်္ကြန်မရောက်မီက ပင် နေကြာပန်းပွင့်ရောင်စုံဒီဇိုင်း များနှင့် ဟာဝေယံနွေဦးရာသီအ ဆင်ရှပ်ဒီဇိုင်းများခေတ်စားနေပြီး အော်ရီဂျင်နယ်အပြဲပါဝင်သည့် ဘောင်းဘီများ၊ ဒူးဖုံးတီရှပ်များလည်း ၀ယ်ယူမှုများရှိနေသည်။

‘‘အရင်တုန်းကလို အထူကြီး တွေမ၀တ်ကြတော့ဘူး။ ပေါ့ပေါ့ ပါးပါးကို ရွေးချယ်ဝယ်ယူကြ တယ်။ ဂျာကင်တို့တောင် အပါး လေးတွေပဲ ရွေးဝယ်ကြတာ။ နေ ပူဒဏ်ကို ခံနိုင်ရရုံလောက်ပဲ ရွေး ၀ယ်ကြတယ်’’ ဟု ဂျန်းရှင်းစကွဲရှိ MJS ဖက်ရှင်ဆိုင်မှ ကိုထူးမင်း အောင်က ပြောသည်။

လှည်းတန်းနေကိုသီဟက သင်္ကြန်တွင်း ၀တ်ဆင်မည့်ဖက် ရှင်နှင့်ပတ်သက်၍ ‘‘ယောက်ျား လေးဆိုတော့လည်း ပေါ့ပေါ့ပါး ပါးပဲ။ ဂျင်းဘောင်းဘီဝတ်မယ်။ တီရှပ်ကို အပေါ်ကမထူမပါးဂျာ ကင်လေးဝတ်ပြီးတော့ လည်မယ် လို့ စိတ်ကူးထားတယ်’’ဟု ပြော သည်။

အမျိုးသားဆံပင်ဖက်ရှင်အနေဖြင့် ဆံပင်ကိုဘေးမှအပြောင် ရှိတ်ကာ လိုင်းဖော်ပြီး ဖန်စီအ ရောင်ဖြစ်သည့် ခရမ်းနုရောင်၊ အစိမ်းနုရောင်နှင့် ခဲရောင်တို့အ ဆိုးများသည်။

‘‘ခဲရောင်ကို အတော်ဆိုးကြ တာများတယ်။ ကိုးရီးယားစတိုင် ဆံပင်ပုံစံကို ညှပ်ပေးရပြီးတော့ အဲဒီခဲရောင်ကို ဆိုးပေးရတယ်’’ ဟု အိုင်ဒီယာဆံပင်ညှပ်ဆိုင် (အ မျိုးသားသီးသန့်)ပိုင်ရှင်ကိုသား ကြီးက ပြောသည်။

ထို့အပြင် သင်္ကြန်အသုံးအ ဆောင်ပစ္စည်းများဆိုသည်နှင့် မျက်မှန် ဒီဇိုင်းပုံစံမျိုးစုံနှင့် လျှာ ထိုးဦးထုပ်ဒီဇိုင်းများကလည်းမပါ မဖြစ်ပေ။ ဖုန်းထည့်သည့်အိတ် ထက် ပိုဆံ့သော စလွယ်ဂျယ်လီ အိတ်အကြည်လေးများ၊ Bandana ပ၀ါလေးများကိုလည်ပင်း၊ လက်များတွင် ဖက်ရှင်ကျစွာစည်း ထားခြင်း၊ ဆံပင်တွင် ချည်နှောင် ထားခြင်းက မရိုးနိုင်သည့်သင်္ကြန် ဖက်ရှင်ဖြစ်သည်။

လူငယ်များအပါအ၀င် မြန် မာ့ရိုးရာနှစ်သစ်ကူးအတာရေသ ဘင်ပွဲတော်ဆင်နွှဲမည့်သူများအ နေဖြင့် ရာသီဥတုဒဏ်အတွက် ပြင်ဆင်ထားသင့်ကြောင်း အကြံ ပြုမှုများလည်းရှိသည်။

သင်္ကြန်လည်ပတ်မည့် သူ များအနေဖြင့် အသားအရေထိန်း သိမ်းရန် နေရောင်ခြည်ဒဏ်ကာ ကွယ်သော လိုးရှင်းစပရေးဘူး သေးများကို အိတ်(သို့မဟုတ်) ကားထဲတွင် ဆောင်ထားသင့် သည်။

ထို့ပြင် ရေများနှင့်လေးလံ နေမည့်ဖိနပ်များကို ရှောင်ရှားပြီး ပေါ့ပေါ့ပါးပါးဖြစ်မည့် ဖိနပ်များ ရွေးချယ်ဝတ်ဆင်သင့်ကြောင်း အကြံပြုကြသည်။

More in News Section