ထိုင်းတွင် ယာဉ်မီးလောင်သေဆုံးခဲ့သော မြန်မာလုပ်သားများ၏ မိသားစုများကို ကျပ်သိန်းနှစ်ရာကျော် ထောက်ပံ့

ထိုင်းနိုင်ငံ မဲ ဆောက်မြို့အလွန်၌    ကားမီး လောင်  သေဆုံးခဲ့သူများအား ထောက်ပံ့ကြေး ကျပ် ၂၃၂ သိန်း ကျော်ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျန်ရစ်သူမိသားစုဝင်များအား ဧပြီ ၉ ရက်တွင် ပေးအပ်ခဲ့သည်။

မီးလောင်သေဆုံးသူ ၂၀ ဦးနှင့်  ထိခိုက်ဒဏ်ရာရသူ   သုံးဦး အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ကျပ်သိန်း ၈၀ ကျော် (၈,၈၁၅,၀၀၀)၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနကကျပ် ၆၃ သိန်းနှင့် မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က ကျပ် ၈၁ သိန်းပေးအပ်ခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် မြန်မာ လုပ်သား အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ၁၈ ဦးသေဆုံးပြီး မြန် မာလုပ်သား အမျိုးသားတစ်ဦး နှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ သည်။

‘‘သေဆုံးသူများအတွက် ခံစားချက်ဟာ အနှိုင်းမဲ့ဖြစ်ပါ တယ်။ ဘာနဲ့မှ အစားထိုးလို့မရ နိုင်ပါဘူး။ သို့ရာတွင် ကျွန်တော် တို့ ကူညီထောက်ပံ့ပေးတဲ့ ငွေ ကြေးက တစ်စိုးတစ်စိပါ။ ကျွန် တော်တို့ရင်ထဲက စေတနာကို လေးစားသောအားဖြင့် ဒါလေးကို တော့ လက်ခံပေးပါ။ ရင်ထဲမှာ စေတနာရှိသော်လည်းပဲ ကျွန် တော်တို့နိုင်တဲ့ အတိုင်းအတာနဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက သူ့၏ မိန့်ခွန်းတွင် ထည့် သွင်းပြောကြားသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ နှစ်နိုင်ငံအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် ကားမီးလောင်မှုဖြစ်စဉ် အ သေးစိတ်ကို ထိုင်းနိုင်ငံက ဆက် လက်စစ်ဆေး ဆောင်ရွက်နေ သည်ဟု ပြည်ထောင်စုဝန်ကြီးက အခမ်းအနားအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားသည်။

‘‘ဘာကြောင့် မီးလောင်တယ်ဆိုတဲ့ အဖြေတော့မသိသေးဘူး။ စုံစမ်းစစ်ဆေးနေပါတယ်။ ဒီဖြစ် စဉ်နဲ့ပတ်သက်ပြီးတော့လည်း မောင်းတဲ့ဒရိုင်ဘာကိုလည်း ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါ တယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ယခုဖြစ်စဉ်တွင် အသက်ရှင် ကျန်ရစ်သူအချို့၏ ပြောကြားချက် အရ အိပ်မောကျနေသည့် ညအ ချိန်၌ ရုတ်တရက်မီးလောင်ခဲ့သ ဖြင့် ယာဉ်မောင်းနှင့် အနီးဆုံးရှိသူများသာ လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။

မတ်လ ၃၀ ရက် နံနက်တွင် မဲဆောက်မြို့အလွန် တောင်ပေါ် လမ်းအဆင်း၌ မီးလောင်မှုဖြစ်စဉ် နှင့် ပတ်သက်၍ ကျွမ်းကျင်သော ယာဉ်မောင်းများနှင့် ကြံ့ခိုင်မှုရှိ သော ကားများဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ထိုင်းသတင်းစာများ၌ ဖော်ပြထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

‘‘ယာဉ်ချင်းထိခိုက်တာ၊ ဘေးမှာရှိတဲ့ သစ်ပင်ကိုထိခိုက် တာမဟုတ်ဘဲနဲ့ လမ်းလယ်မှာကို အလိုလိုမီးလောင်သွားတာဖြစ်ပါ တယ်။ ဒါကြောင့်မို့ ယာဉ်တွေကို စစ်ဆေးဖို့၊ ဒရိုင်ဘာတွေကို ကျွမ်း ကျင်တဲ့သူတွေဖြစ်ဖို့၊ လိုင်စင်တွေ ရှိဖို့ဆိုတဲ့ ကိစ္စတွေကို ကြပ်မတ် ဆောင်ရွက်ဖို့ ထိုင်းနိုင်ငံက တာ ၀န်ရှိသူတွေနဲ့ ညှိနှိုင်းအကြောင်း ကြားထားပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။