ပြည်သူ့အသံ ဆင်ဆာလို၊ မလို

ယမန်နှစ် သင်္ကြန်ပွဲတော်ကာလတွင် ရေကစားမဏ္ဍပ်တစ်ခုတွင် မြင်တွေ့ရသော သံချပ်အဖွဲ့တစ်ဖွဲ့ (ဓာတ်ပုံ-စိုင်းဇော်)

သင်္ကြန်နှင့် ယှဉ်တွဲနေသည်မှာ သံချပ်ဖြစ်သည်။ ပြည်သူများ၏   ခံ စားချက်ကို အနုပညာနှင့်ပေါင်းစပ်ထုတ်ဖော်ခြင်းဖြစ်သည့်သံချပ်ကို ပြည်သူများက နှစ်သက်သည်။ သို့ သော် အစိုးရမင်းများကမူ သံချပ်ကို နှစ်သက်ပုံမပေါ်ပေ။ အာဏာရှင်အစိုးရလက်ထက်ကမူ သံချပ် ကို ပိတ်ပင်ခြင်းဖြင့် ၎င်းတို့၏မနှစ်မြို့မှုကို ပြသခဲ့သည်။ ဒီမိုကရေစီ အစိုးရလက်ထက်တွင် ဆင်ဆာ ထားခြင်းဖြင့် ၎င်းတို့၏စိုးရိမ်မှုကို ပြသသည်။ လွတ်လပ်သော ပြည် သူ့အသံကို အစိုးရမင်းများ ကြား စေအပ်သည့်သံချပ်သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အားပေး မည်ဟု ကြွေးကြော်သော ဒီမိုက ရေစီအစိုးရလက်ထက်တွင် ‘ဆင် ဆာလို၏၊ မလို၏’ အငြင်းပွားမှု ပေါ်လာသည်။

‘‘ဒီမိုကရေစီအစိုးရကိုယ် တိုင်က ဒါတွေကို ကန့်သတ်နေ မယ်ဆိုရင်တော့ သူတို့ခံယူထား တဲ့ ဒီမိုကရေစီက ဘာလဲဆိုတာ ပြန်ပြီး မေးခွန်းထုတ်ရမယ်’’ဟု ဒဂုံတက္ကသိုလ်ကျောင်းနံရံသံချပ် အဖွဲ့မှ ကိုမင်းနောင်က သံချပ် ဆင်ဆာရှိသည့်အပေါ် မေးခွန်း ထုတ်သည်။

သို့သော် အစိုးရ၏စိုးရိမ် သောကသည် ဘာသာရေး၊ လူမျိုး ရေးအစွန်းရောက်စကားလုံးများ က သံချပ်ကို ခုတုံးလုပ်မည်ကိုပင် ဖြစ်သည်။

ဖျော်ဖြေမည့်အဖွဲ့များ၏သီ ချင်းများ၊ သံချပ်များသည် ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိခိုက်မှုမရှိစေရန်နှင့် ဘာသာရေး၊ လူမျိုးရေးထိခိုက်စေမည့် အသုံးအနှုန်းများ မပါဝင်စေရန် သတိပြုလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံတော်အဖွဲ့အ စည်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ် ယောက်အား ဂုဏ်သိက္ခာညှိုးနွမ်း စေမည့် အကြောင်းအရာနှင့်ရိုင်း ပျသည့်အသုံးအနှုန်းဟန်အမူအ ရာများမပါဝင်ရန် သတိပြုဆောင် ရွက်ရမည်ဟု ဖော်ပြထားသည်။ ဖေ့စ်ဘွတ်ခ်တွင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့ကို ရိုင်းပျသော အရေးအသားများနှင့် ဖော်ပြမှုများ ကြောင့် တရားစွဲမှုများရှိခဲ့ခြင်းက သံချပ်ကို ဆင်ဆာထားစေခြင်း အကြောင်းတစ်ခုဟု သုံးသပ်မှုများ လည်းရှိသည်။ သို့သော် သင်္ကြန်မင်းသားများကမူ သံချပ်စာသားများနှင့်ပတ်သက်လျှင်  သက်ဆိုင်ရာ ဥပဒေများဖြင့် အရေးယူသင့်ကြောင်း အကြံပြုသည်။

‘‘တခြားတည်ဆဲဥပဒေ၊ နည်း ဥပဒေတွေ ရှိပြီးသားပဲ။ တစ် ယောက်ယောက်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်မယ်ဆို ပုဒ်မ ၅၀၀ တို့၊ ၅၀၅(ခ) တို့ သူတို့အမျိုးမျိုး အရေးယူလို့ရနေတာပဲ။ သံချပ်ဆင်ဆာ  တင်ခိုင်းတယ်ဆိုတာ မဖြစ်သင့် ဘူးလို့ ယူဆတယ်’’ဟု ကေတုအိုး ဝေတော်လှန်သံချပ်အဖွဲ့မှ ကိုမင်း ဘုန်းက ပြောသည်။

ကေတုအိုးဝေတော်လှန်သံ ချပ်အဖွဲ့သည် ယမန်နှစ်က ဖျော် ဖြေခဲ့သော သံချပ်စာသားများနှင့် ပတ်သက်၍ နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) ဖြင့် တပ်မတော်က တရားစွဲခြင်းကို ခံခဲ့ရသည်။

ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က သံချပ်စာ သားများနှင့်ပတ်သက်၍ သင်္ကြန် တွင် ဖျော်ဖြေမည့် သံချပ်အဖွဲ့များ သည် မဟာသင်္ကြန်သီချင်း သံချပ် စိစစ်ကြပ်မတ်ရေးလုပ်ငန်းကော် မတီသို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

သို့သော် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ သံချပ်အဖွဲ့အများစု သည် ဆင်ဆာစိစစ်ရေးမတင်ဟု ဆိုသည်။

ယခုနှစ်  ရန်ကုန်တွင် ဖျော် ဖြေမည့် သံချပ်အဖွဲ့များအနက် ဆင်ဆာတင်ထားသည့် သံချပ်အ ဖွဲ့ ၂၅ ဖွဲ့ရှိကြောင်း သံချပ်စိစစ်ရေးလုပ်ငန်းကော်မတီဝင်တစ်ဦးက ပြောသည်။

‘မြန်မာပြည်နိဒါန်း’၊ ‘ပြည်သူ မီဒီယာရင်ဖွင့်သံ’၊ ‘ပြည်သူကိုယ် စားပြောပြမှာ’၊ ‘ပြည်သူ့ကိုယ်စား ပြောမယ် ပြောမယ်’၊ ‘ကောင်းချီးမင်္ဂလာ’၊ ‘တို့ပြည် တို့မြေ’၊ ‘သင်္ကြန် မင်းသားကြီး’ အပါအဝင် ၂၅ ဖွဲ့ ဖြစ်သည်။  ယမန်နှစ်သင်္ကြန်တွင် ဆင် ဆာတင်သည့် သံချပ်အဖွဲ့ ၂၇ ဖွဲ့ရှိခဲ့သည်။

‘‘စိစစ်တယ်ဆိုတာက စိစစ် တဲ့ကော်မတီနဲ့ ကာယကံရှင်တွေ နဲ့ ဆွေးနွေးကြတယ်။ တစ်ခုချင်းစီ ကို ဘယ်ဟာကတော့ မကောင်း ဘူး။ ဒါလေး ပြင်ပေးပါ၊ ဒါလေး ပြင်ရင် မကောင်းဘူးလားဆိုပြီး ပြင်တယ်၊ ဖျက်တယ်၊ တအားကြီး လည်း မပါပါဘူး၊ဆင်ဆာကလေ’’ ဟု သံချပ်စိစစ်ရေးလုပ်ငန်းကော် မတီဝင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

သံချပ်စိစစ်ကြပ်မတ်ရေး ကော်မတီတွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေး မောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ပြီး အခြားအတွင်းရေးမှူးနှင့် အဖွဲ့ ဝင်များအဖြစ် ဌာနဆိုင်ရာမှ ပါဝင် သည်။

‘‘သံချပ်ကို စိစစ်တယ်ဆိုတာ  လုံးဝအဆင်မပြေဘူး။ သံချပ်ဆို တာက အစိုးရရဲ့ ကမောက်ကမ ဖြစ်တဲ့ ကိစ္စတွေကို ထောက်ပြရတဲ့ ကိစ္စ၊ အထူးသဖြင့် ဝေဖန်ရေးကိစ္စ တစ်ခု၊ အစိုးရတင်မဟုတ်ဘူး။ လူ့အဖွဲ့အစည်းမှာ ကြုံခဲ့ရတဲ့ ကမောက်ကမတွေ ပါတယ်။ အစိုးရက စိစစ်တယ်ဆိုရင် အစိုးရ ကို အကုန်ပြောခွင့်မရဘူးဆိုတဲ့ သဘောပဲ။ အရင်က စာပေစိစစ် ရေးရှိသလိုပဲ။ သူတို့လက်ခံတဲ့ အ တိုင်းအတာလောက်ပဲ လက်ခံတဲ့ သဘောမျိုးဖြစ်နေတယ်’’ဟု လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အသံ အဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင် ဆောင်းခက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဟောင်း ဒေါက်တာဒေါ်ညိုညိုသင်းကလည်း ‘‘စိစစ်ရေးဆိုတာကို ဒီမိုကရေစီ နိုင်ငံစစ်စစ်ဆိုရင် မထားဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာကို  ကန့်သတ်တဲ့ဟာတွေကို ဒီမိုကရေစီနိုင်ငံကို  သွားမယ်ဆိုတဲ့ အစိုးရတွေက မလုပ်ဘူး’’ဟု သုံး သပ်သည်။

သံချပ်သည် ခေတ်၏ကြေးမုံ ပြင်တစ်ခုဟု ယူဆကြသည်။ ခေတ် အဆက်ဆက်သံချပ်များကို ဦး ဆောင်သည့် အကြောင်းအရာ သည် ကုန်ဈေးနှုန်းဖြစ်သည်။ ယခု နှစ် သံချပ်များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ သက် ကယ်မုဒိမ်းမှုများ ပပျောက်ရေး၊ ငြိမ်းချမ်းရေး၊ ပညာရေးနှင့်ပတ် သက်သည့် အကြောင်းအရာများ ကို အဓိကထားစပ်ဆိုမည်ဟု သံ ချပ်အဖွဲ့များက ပြောသည်။

သင်္ကြန်ရေစီးပြောင်းလဲလာ သော်လည်း သံချပ်ထိုးသည့် အစဉ် အလာသည် မပျောက်ကွယ်ဘဲ ရှိနေဆဲဖြစ်သည်။ သံချပ်များထဲတွင် ‘မောင်မောင်ဆိုလေ ထီးရိုးရှည်’၊ ‘အရူးပါးစပ်’ စသည့် သံချပ်အဖွဲ့ များသည် နာမည်ကျော်ကြားခဲ့ သည်။ သံချပ်အဖွဲ့အချို့သည် အာဏာရှင် အစိုးရလက်ထက် တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

အာဏာရှင်လက်ထက်က ပိတ်ပင်မှုကြောင့် နှစ်ပေါင်း ၂၀ ကြာ တိမ်မြုပ်ပျောက်ကွယ်နေ သော သံချပ်ပြိုင်ပွဲကို ၂၀၁၂ က စတင်ကာ ပြည်သူ့ရင်ပြင်တွင် ပြန်လည်ပြုလုပ်ခဲ့သည်။

၂၀၁၂ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သင်္ကြန်သံချပ်များ ပြန်လည်ထွက်ပေါ်လာပြီး သံချပ် နှင့်အတူ ဆင်ဆာစိစစ်ရေး ပြန်လည်ထွက်ပေါ်လာခဲ့သည်။ သို့သော် အဆိုပါစိစစ်ရေးအမွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါ ဆက်ခံခဲ့သည်။

သို့သော် သံချပ်ဆင်ဆာအ ငြင်းပွားမှုသည် အာဏာရပါတီကို ထောက်ခံသူများထဲ၌ပင် ဝိဝါဒ ကွဲနေသည်။ သံချပ်ကို မြတ်နိုးသူ ချင်းကြားမှာပင် အမြင်မတူကြ။

‘‘ရှိသင့်ပါတယ်။ ဘောင်နဲ့ ဘင်နဲ့ဆိုတော့ ဘယ်ခေတ်ဖြစ်ဖြစ် ရှိသင့်ပါတယ်။ မဆလခေတ်တုန်း ကလည်း တင်ခဲ့ရတာပဲ။ ၈၈ နောက်ပိုင်းတော့ သံချပ်မရှိတော့ ဘူး။ ပိတ်လိုက်တာ။ ၂၀၁၂၊ ၂၀၁၃ မှာ စိစစ်ရေးတင်ရတာ။ ဆင်ဆာဆိုတာက အုပ်ထိန်းသူ သဘောမျိုးရှိသင့်တယ်’’ဟု သရုပ် ဆောင် ဗေလုဝက ပြောသည်။

လူရွှင်တော် မေတ္တာကမူ ယခင်အစိုးရလက်ထက် ၂၀၁၂ တွင် ပထမအကြိမ် စိစစ်ရေးတင်ခဲ့ ပြီးနောက်ပိုင်း မတင်ဖြစ်ခဲ့ကြောင်း ပြောသည်။

‘‘သံချပ်ဆိုတာ စော်ကားတာ မှ မဟုတ်တာ၊ အစိုးရကို ကလော် တုတ်တာမှ မဟုတ်တာ၊ တိုင်းရင်း သားတွေကို ကလော်တုတ်တာ လည်း မဟုတ်ဘူးလေ’’ဟု လူရွှင် တော်မေတ္တာက ဆိုသည်။

‘‘သင်္ကြန်သံချပ်ဆိုတာ နိုင်ငံ ရေး၊ ဟိုပါတီ၊ ဒီပါတီ အဲဒါမျိုး မဟုတ်ပါဘူး။ လူတွေအသိတရား တွေနဲ့ အေးချမ်းပြီး တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ လှုံ့ဆော်တဲ့သဘောမျိုးပါပဲ။ အနေအထိုင်၊ အပြောအဆိုတွေ ဆင်ခြင် ဖို့ ဟာသလေးနဲ့ သံချပ်ကလေး တွေ ထိုးကြတာပါ။ နိုင်ငံရေးသက် သက်မဟုတ်ပါဘူး။ တိုင်းပြည် ကောင်းဖို့၊ တိုင်းပြည်အေးချမ်းဖို့ ပါ’’ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တော် မဟာ သင်္ကြန်မဏ္ဍပ်တွင် ယှဉ်ပြိုင်မည့် သံချပ်အဖွဲ့များအနေဖြင့် အစိုးရ ကို အပြုသဘောဝေဖန်နိုင်သော် လည်း ပုဂ္ဂိုလ်ရေး၊ ဘာသာရေး၊ လူမျိုးရေးနှင့် အချိန်ကန့်သတ်ချက်ကြောင့် သံချပ်စာသားများ စိစစ် ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဝန် ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောကြားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီဗဟိုပြန်ကြားရေးကော်မ တီအတွင်းရေးမှူး မုံရွာအောင်ရှင် က ‘‘တို့အမြင်ကတော့ ဒီမိုကရေစီ ဆိုတာကတော့ လွတ်လပ်ရမှာပဲ။ ဒါပေမဲ့ လွတ်လပ်မှုကို တာဝန်သိမှု နဲ့ ကန့်သတ်ရလိမ့်မယ်။ လွတ်လပ် တယ်ဆိုပြီး ပရမ်းပတာလုပ်လို့ လည်း မရဘူး။ တာဝန်ယူမှုနဲ့ တာ ဝန်သိမှုနဲ့ လွတ်လပ်မှုကို ကန့် သတ်နိုင်ရင်တော့ သံချပ်စိစစ်ရေး ဆိုတာ မလိုအပ်တော့ပါဘူး’’ဟု သုံးသပ်သည်။

ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က မူ ဆင်ဆာမရှိသင့်သည့်ဘက်က ဖြစ်သည်။

‘‘ဆင်ဆာစိစစ်ရေးက မရှိ သင့်ဘူး။ အဓိကက တာဝန်ယူမှု၊ တာဝန်ခံမှုပဲလေ။ သံချပ်ဆိုတာ လွတ်လွတ်လပ်လပ် ပြောဆိုပိုင် ခွင့်ရှိတယ်။ သံချပ်သမားတွေအ နေနဲ့လည်း တစ်ခုခုငြိစွန်းတာမျိုး ရှိရင် ကိုယ့်တာဝန် ကိုယ်ယူရမှာပဲ လေ’’ဟု ၎င်းက ပြောသည်။