နှစ်ပွဲဆက် အရှုံးနဲ့အတူ ဂွာဒီယိုလာ ရသွားတဲ့ သင်ခန်းစာ

reuters

လက်ရှိရာသီကို အတောက် ပဆုံးခြေစွမ်းတွေနဲ့ ဖြတ်သန်းပြနေ တဲ့ မန်စီးတီးဟာ ပြီးခဲ့တဲ့ သီတင်း တစ်ပတ်မှာတော့ ပထမဆုံးအဖြစ် နှစ်ပွဲဆက်တိုက်  ရှုံးနိမ့်ခဲ့ပါတယ်။ ပြီးတော့နှစ်ပွဲစလုံးကလည်း အရေးပါတဲ့ ပွဲစဉ်တွေပါ။
ဥရောပနဲ့ ပြည်တွင်းပွဲစဉ်တွေကို အိမ်ကွင်း ရော အဝေးကွင်းမှာပါ အရေးနိမ့်ခဲ့ တာဖြစ်ပါတယ်။ ပိုပြီးစိတ်ပျက် စရာကောင်းတာက နှစ်ပွဲစလုံး မန်စီးတီးအနေနဲ့ သွင်းဂိုးသုံးဂိုးစီ အထိခွင့်ပြုခဲ့ရတာပါပဲ။


ဒီရာသီမှာ မန်စီးတီးဟာ မန် နေဂျာ ပက်ပ်ဂွာဒီယိုလာ စနစ်တ ကျ ပုံစံသွင်းထားတဲ့ စွဲမက်စရာ တိုက်စစ်အားပြု ကစားဟန်နဲ့အ တူ ဥရောပမှာ ပြိုင်ဘက်တိုင်း လေးစား ထိတ်လန့်ရတဲ့ အင်အား စုတစ်ခု ဖြစ်လာပါတယ်။
ပရီးမီး ယားလိဂ်မှာ ချန်ပီယံဆုကို စော စောစီးစီးဆွတ်ခူးဖို့ သေချာသ လောက်ရှိလာသလို ဥရောပချန်ပီ ယံလိဂ် ပြိုင်ပွဲမှာလည်း ကွာတား ဖိုင်နယ်  အဆင့်ထိ အထစ်အငေါ့ မရှိ တက်ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ လီဗာပူး၊ မန်ယူ အသင်းတွေနဲ့ တစ်ပတ်အတွင်း နှစ်ပွဲဆက်ကစားဖို့ အကြောင်းဖန် လာပါတော့တယ်။

ရလဒ်အနေနဲ့ အန်ဖီးလ်မှာ ကစားတဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို ၃-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အိမ်ကွင်း မှာ ကစားရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ၂-၃ ဂိုးနဲ့ ထပ်ရှုံး တာကြောင့် စောစောစီးစီး ပရီးမီး ယားလိဂ် ချန်ပီယံဆုဖလား
သိမ်းပိုက်နိုင်ခွင့်ကို လက်လွှတ်လိုက် ရပါတယ်။ ဒါဟာခါးသီးမြို့ခံပြိုင် ဘက် မန်ယူရဲ့ ရှေ့မှောက်မှာမြိန့်မြိန့်ကြီးအောင်ပွဲခံပြဖို့ အားခဲ ထားတဲ့ ပရိသတ်တွေအတွက် တော်တော်ကြီးတုန် လှုပ်စေတဲ့ အခြေအနေပါ။ ချန်ပီယံလိဂ်မှာ လည်း ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်ကစားဖို့ ရှိနေသေးပေမယ့် လီဗာပူးကိုကျော်ပြီး နောက်တစ် ဆင့်တက်ရေး မျှော်လင့်ခွင့်က ရာ ခိုင်နှုန်းခပ်နည်းနည်းပဲ ကျန်တော့ တယ်ဆိုတာကို လက်တွေ့ကျကျ သဘောပေါက် ထားရ
ပါတော့ မယ်။

စိတ်ဝင်စားစရာ ကောင်းတာ တစ်ခုက တိုက်စစ်ကစားပုံ အရမ်း ထက်မြက်ပြီး ဆွဲဆောင်မှုပြည့်ဝ လွန်းတဲ့ ဟန်ပန်မျိုးနဲ့ နိုင်ပွဲတွေ ယူပြလေ့ရှိတဲ့ ဂွာဒီယိုလာရဲ့ အ သင်းကို ပြိုင်ဘက်မန်နေဂျာနှစ်ဦး ဖြစ်တဲ့ ဂျာဂင်ကလော့ပ်နဲ့ဟိုဆေး မော်ရင်ဟိုတို့က ကိုယ်ပိုင်နည်း လမ်း တစ်မျိုးစီနဲ့ နောက်ကောက်  ချသွားတာ ဖြစ်ပါတယ်။ အရင်က မန်စီးတီးဆိုတာ သူတို့ဆီက သ ရေတစ်မှတ်ခွဲယူနိုင်ရင်တောင် ဆု လာဘ် တစ်ပါးလို့ ခံယူရလောက် အောင် ပြောင်မြောက်ခဲ့တဲ့အသင်း ပါ။ ဒါပေမဲ့ နှစ်ပွဲဆက်တိုက်အရေး နိမ့်မှု အပြီးမှာတော့ ဂွာဒီယိုလာရဲ့ နည်းစနစ်ပိုင်းအပေါ် ပြန်လည် ဆင်ခြင်ကြည့်ဖို့ လိုလာပါပြီ။

နည်းစနစ်ပိုင်းမှာ အမှား နည်းလွန်းတယ်လို့ အသိအမှတ်ပြု ရမယ့် စပိန်သားနည်းပြဟာ အဲဒီ နှစ်ပွဲစလုံးမှာတော့ အမှားတွေ ကျူးလွန်ခဲ့တာ တွေ့ရပါတယ်။ အဓိက အထင်ရှားဆုံး အမှားက တော့ ခံစစ်ဗျူဟာပိုင်းမှာ အာရုံ စိုက်မှု နည်းလွန်းတာပါ။ ဂွာဒီယို လာက သူ့ရဲ့ကွင်းလယ်နဲ့ တိုက် စစ်ရဲ့ အင်အားကို အရမ်းယုံကြည် ပါတယ်။ တစ်ဖက်သတ် စီးမိုးပြီး ဖိကစားနေတဲ့ မန်စီးတီးဟာ ပြိုင် ဘက်ထက် အမြဲတမ်း ဂိုးပိုသွင်း နိုင်မယ်လို့ သူကအပိုင်တွက်ထား ပုံပါပဲ။ စီးတီးရဲ့ ခံစစ်သမားတွေ ဟာ ဘောလုံးဖြတ်တောက်မှု အ ပိုင်းထက် ဘောလုံးဖြန့်ဝေမှု၊ တိုက်စစ်ကို ပံ့ပိုးမှုအပိုင်းတွေမှာ ပိုထူးချွန်အောင် ဂွာဒီယိုလာက လေ့ကျင့်စေခဲ့တယ်။

လီဗာပူး မန်နေဂျာကလော့ပ် ဟာ ပရီးမီးယားလိဂ်မှာ မန်စီးတီး ကို ၄-၃ ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်တုန်းက အား သာချက်ကိုပဲ ချန်ပီယံလိဂ်မှာ ပြန်သုံးသွားခဲ့ပါတယ်။ အဲဒါက တော့ အခြေခံ ဘောလုံးဒဿနအ ဖြစ် High-Pressing ကစားပုံတူ ညီနေတဲ့ နှစ်သင်း ယှဉ်လိုက်ရင် မန်စီးတီးထက် မြန်နှုန်းပိုမြင့် အောင်လီဗာပူးကို ကစားစေခဲ့ခြင်း ပါပဲ။ ကွင်းလယ် ကစားသမားတွေ ရဲ့ မြန်နှုန်းကို အားပြုပြီး မန်စီးတီး ကစားကွက်ကို ဖျက်လိုက်နိုင်ချိန် မှာ တစ်ဦးချင်းထူးချွန်တဲ့ လီဗာပူး တိုက်စစ်သမားတွေအတွက်တော့ ဂွာဒီယိုလာရဲ့ နောက်တန်းဟာ ပြဿနာ မဟုတ်တော့ပါဘူး။ လီ ဗာပူးဟာ ပထမပိုင်းမှာ သုံးဂိုး သွင်းနိုင်ခဲ့ပြီး  ဒုတိယပိုင်းမှာတော့ ကစားအား ပြန်ချရင်း စနစ်တကျ ပိတ်ဆို့တဲ့အတွက် ၃-၀ ဂိုးနဲ့ အ နိုင်ယူခဲ့ပါတယ်။

မန်ယူကို အိမ်ကွင်းမှာ ရှုံး တဲ့ပွဲကတော့ စိတ်ဓာတ်ရေးရာ အရ ပိုပြီးတောင် အထိနာစရာ ဖြစ်ခဲ့ပါသေးတယ်။ ကိုယ့်ဘက်က ခြေစွမ်းအသာနဲ့ ကစားပြီး ပထမ ပိုင်းမှာ ၂-၀ ဂိုးနဲ့ နိုင်နေလျက်နဲ့ ဒုတိယပိုင်းမှာ သုံးဂိုးဆက်တိုက် ပေးလိုက်ရတာပါ။ ဒီပွဲမှာ မန်ယူ မန်နေဂျာမော်ရင်ဟိုဟာ ပထမ ပိုင်းတစ်လျှောက်လုံး မန်စီးတီးကို ပိတ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ဂွာ ဒီယိုလာရဲ့ စနစ်ကျတဲ့တွဲလုံးတွေ နဲ့ ထိုးဖောက်စေမှုကို မယှဉ်သာခဲ့ ပါဘူး။ ဒါကြောင့် ဒုတိယပိုင်းမှာ တော့ မန်ယူဟာသူတို့ ကစားနေ ကျမဟုတ်တဲ့ High-Pressing ဆန်ဆန်ပုံစံကို ပြန်ပြောင်းပြီး မန်စီးတီးကို အန်တုခဲ့ပါတယ်။ ဒါပေမဲ့လီဗာပူးနဲ့ ကွဲပြားသွားတာ ကတော့ မန်ယူဟာ ဂိုးရဖို့အတွက် အမြင့်ဘောတွေနဲ့ တိုက်ရိုက် ဘောလုံးပေးပို့မှု တွေကိုသုံးပြီး မန်စီးတီးခံစစ်ကြောင်းကို ဖြိုခွင်းခဲ့ တာပါ။ လီဗာပူးရဲ့ အနိမ့်ဘော တွဲလုံးတွေကို မထိန်းနိုင်ခဲ့တဲ့ မန် စီးတီးနောက်တန်းဟာ မန်ယူရဲ့ အမြင့်ဘောတွေနဲ့ အတွေ့မှာ လည်း ငါးပါးမှောက်ခဲ့တာ စိတ် ပျက်စရာပါပဲ။

မန်စီးတီးဟာ ချန်ပီယံလိဂ် မှာ အလားအလာ မကောင်းဘူးဆို ရင်တောင် ဒီရာသီပရီးမီးယားလိဂ် ချန်ပီယံဆုကတော့ ပြေးမလွတ် တော့ပါဘူး။ ဒါပေမဲ့ အခုကြုံခဲ့တဲ့ နှစ်ပွဲဆက် အရှုံးဟာသူတို့အတွက် တပ်လှန့်မှုဖြစ်လာမှာ သေချာပါ တယ်။ ပြီးတော့ ဂွာဒီယိုလာရဲ့ အ သင်းဟာ အနိုင်ယူဖို့ မဖြစ်နိုင် လောက်အောင် ခက်ခဲတယ်ဆိုတဲ့  အစွဲမျိုးလည်း ပြိုင်ဘက်တွေဆီမှာ လျော့ပါးသွားတော့မှာပါ။ ဒါ့အ ပြင် မန်စီးတီးရဲ့ ခံစစ်စုဖွဲ့မှုနဲ့ ပတ် သက်လို့ ဟာကွက်တွေကိုလည်း ထင်ထင်ရှားရှား ဖြစ်လာစေခဲ့ပြန် ပါတယ်။ ဒါဟာရေရှည်မှာ မန်စီး တီးကို ပိုပြီးရဲရဲဝံ့ဝံ့ တိုက်စစ်ဖွင့်ရင် ဆိုင်ကစားမယ့် အသင်းတွေ တိုး ပွားလာနိုင်တဲ့ အကြောင်းတရား တစ်ခုပါပဲ။ သေချာတာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ဟာ မန်စီးတီး ကစားသမားတွေရော ပရိသတ် တွေပါ မှတ်ဉာဏ်ထဲက မေ့ ဖျောက်ပစ်ချင်တဲ့ ကာလတစ်ခု ဖြစ်ခဲ့မှာပါ။ ခံစစ်ကို အာရုံစိုက် ပြင်ဆင်ဖို့ ပေါ့လျော့လွန်းခဲ့တဲ့ ဂွာဒီယိုလာတစ်ယောက် ဒီသီ တင်းပတ် ဖြတ်သန်းမှုကနေ သင် ခန်းစာကောင်း တစ်ခုရခဲ့တယ်ဆို ရင်တော့ အရှုံးထဲက အမြတ်အနေ နဲ့ ဖြေသိမ့်နိုင်မှာ ဖြစ်ပါတယ်။