ပြုပြင်နေသော ရန်ကုန်အသင်း အိမ်ကွင်းကို လိဂ်ဒုတိယအကျော့တွင် ပြန်လည်အသုံးပြုနိုင်မည်

မြက်ခင်းပြင်ပြုပြင်နေသည့် ရန်ကုန်ယူနိုက်တက်အိမ်ကွင်းမြက် ခင်းတုကွင်းကို လိဂ်ဒုကျော့တွင် ပြန်လည် အသုံးပြုနိုင်မည်ဖြစ် ကြောင်း  အသင်းမန်နေဂျာ ဦးမြင့် သိန်းက ပြောကြားသည်။ 


ရန်ကုန်အသင်းသည် လှိုင် မြို့နယ် သံလမ်းမှတ်တိုင်အနီးရှိ YUFC မြက်ခင်းတုကွင်းကို ၂၀၁၁ က စတင်ကာ အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ပြီး လက်ရှိတွင် မြက်ခင်းပြင်များ ပျက်စီးနေသဖြင့် ပြုပြင် ခြင်းဖြစ်သည်။ 

‘‘ကျွန်တော်တို့ကွင်းက ၂၀၁၀ ကတည်းက လုပ်ထားတာဆိုတော့ မြက်သားတွေ မကောင်းတော့ဘူး။ ရေဆင်းပေါက်တွေ မကောင်းတော့ဘူး။ အခု အဲဒါတွေအကုန် လုံးကို ပြန်ကောင်းအောင်လို့ သေချာ ပြင်ဆင်တာပါ။ မြက်ခင်းအောက်မှာ ခင်းတဲ့ ဘောစိလေး တွေကအစ အကုန်ပြန်လုပ်တာ ပါ။ မြက်ခင်းတုဖြစ်တဲ့အတွက် မြက်ခင်းမကောင်းတဲ့အခါ ကစား သမားတွေ ဒဏ်ရာရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် အကောင်းဆုံးပုံစံပြန်ဖြစ်အောင် အစအဆုံး သေချာပြင်ဆင်တာပါ။ လိဂ်ဒုကျော့အိမ်ကွင်းပွဲပြန်စမယ့် မေလလယ် အပြီးလုပ်သွားမှာ ပါ’’ဟု ဦးမြင့်သိန်းက ပြောသည်။ 

ရန်ကုန်အသင်းသည် လက်ရှိတွင် အိမ်ကွင်းပြုပြင်နေသဖြင့် သုဝဏ္ဏဘောလုံးကွင်းကို ယာယီအိမ်ကွင်းအဖြစ် အသုံးပြုနေသည်။ ၂၀၁၈ မြန်မာလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀) သည် ဧပြီ ၈ ရက်က ပြီးဆုံးခဲ့ပြီး ပထမအကျော့နောက်ဆုံး ပွဲစဉ်(၁၁) ကို ဧပြီနောက်ဆုံးပတ်၌ ကျင်းပမည် ဖြစ်သည်။ မြန်မာလိဂ်ဒုတိယအကျော့အစ ပွဲစဉ်(၁၂) ကို မေလ ၁၉ ရက်၌ ပြန်လည်စတင် မည်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်သည် မြန်မာလိဂ်ပွဲစဉ် (၁၀)အပြီးတွင် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားသည်။