ယူ-၂၃ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ သြဂုတ်တွင် ကျင်းပမည်

မြန်မာယူ-၂၃ အသင်းပါဝင်မည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကို သြဂုတ်အတွင်း ကျင်းပမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဘောလုံးအ ဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောသည်။ 


အဆိုပါ ယူ-၂၃ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ် ပြီး လက်ရှိတွင် တောင်ကိုရီးယား ယူ-၂၀ (သို့) ယူ-၂၃၊ အင်ဒိုနီးရှားနှင့် ထိုင်းအသင်းတို့ကို ဖိတ်ကြား ထားကြောင်း ၎င်းက ပြောသည်။ 

  ‘‘လေးနိုင်ငံပွဲအတွက် တကယ့်အသင်းကောင်းတွေကို ရွေးဖိတ်ထားပါတယ်။ တရားဝင် စာလည်း ပို့ထားပြီးပါပြီ။ တခြား အသင်းတွေတော့ အကြောင်းမ ပြန်သေးပေမယ့် အင်ဒိုနီးရှားဘက် ကဆို ကျွန်တော်တို့ဆီကို စာပြန် ထားတယ်။ ဖိတ်ခေါ်ပွဲမှာ သက် ကျော်ကစားသမား သုံးဦးထည့် သွင်းခွင့်ရဖို့ကိုပါ။ ဒီပြိုင်ပွဲက အာရှအားကစားပြိုင်ပွဲအကြိုဖြစ်လို့ သက်ကျော်ကစားသမားသုံးဦး ပေးသုံးပါမယ်။ အာရှအားကစား ပြိုင်ပွဲမှာလည်း ကျွန်တော်တို့မြန် မာအသင်းအနေနဲ့ အသက်ကျော် ကစားသမားသုံးဦး ပါဖို့ စီစဉ်ထား ပါတယ်။ အာရှပွဲက စက်တင်ဘာ မှာဆိုတော့ ဆူဇူကီးအထိ ဆက် ပြင်ဆင်လို့ရအောင် ထည့်သုံးဖို့ စီစဉ်တာပါ’’ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။ 

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် လက်ရှိတွင် လက်ရွေး စင်ယူ-၂၃ အသင်းကို ဖွဲ့စည်း ထားခြင်းမရှိသေးပေ။ 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်အနေဖြင့် ၂၀၁၆ တွင် AYA Bank Cup လေးနိုင်ငံဖိတ်ခေါ်ပြိုင် ပွဲ၊ KBZ Bank Cup ယူ-၁၉ ဖိတ် ခေါ်ပြိုင်ပွဲနှင့် ၂၀၁၇ တွင် KBZ Bank Cup ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲ တို့ ကျင်းပခဲ့သော်လည်း အိမ်ရှင် မြန်မာအသင်း အောင်မြင်မှုမရခဲ့ ပေ။ 

မြန်မာယူ-၂၃ ဘောလုံးအ သင်းယှဉ်ပြိုင်မည့် (၁၈)ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲကို သြဂုတ် ၁၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းအနေ ဖြင့် ၁၉၉၄ နောက်ပိုင်း အာရှအား ကစားပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိဘဲ ယခုနှစ်တွင်မှ ပြန်လည် ယှဉ်ပြိုင်ရန် စီစဉ်ခြင်းဖြစ်သည်။