ဂျပန် (သို့မဟုတ်) တရုတ်နိုင်ငံသို့ ခြေစမ်းပွဲသွားရောက်ကစားရန် မြန်မာဖူဆယ်နည်းပြချုပ် တောင်းဆို

၂၀၁၇ အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ်အသင်း ယှဉ်ပြိုင်နေစဉ် Quoc An/Vietnamnet

အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းသည် ဂျပန် (သို့) တရုတ်နိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်ရန် စီစဉ်နေကြောင်း နည်းပြချုပ် ဦးဌေးမြင့်က ပြောသည်။


 အဆိုပါခြေစမ်းခရီးစဉ်ကို သြဂုတ်အတွင်း သွားရောက်ရန် စီစဉ်ထားပြီး ပူးပေါင်းလေ့ကျင့်မှု များ၊ ကလပ်အသင်းအချို့နှင့် ခြေစမ်းပွဲများကစားရန် စီစဉ်ထား ကြောင်း ၎င်းက ပြောသည်။

‘‘ထိုင်းကိုပဲ ခဏခဏသွား နေတော့ ဒီတစ်ခေါက် အဲဒီထက် မြင့်တဲ့ နိုင်ငံတွေကို သွားလေ့ကျင့် ဖို့ အဖွဲ့ချုပ်ကို တောင်းဆိုထားပါ တယ်။ ဒါမှလည်း ထိုင်းအသင်းနဲ့အကောင်းဆုံးယှဉ်ကစားနိုင်ပြီး အနိုင်ရနိုင်မှာပါ။ ပူးပေါင်းလေ့ ကျင့်မှုအပြင် သူတို့ဆီက ကလပ် အသင်းတွေနဲ့လည်း အချိန်ရသ လောက် ခြေစမ်းကစားသွားမှာပါ’’ ဟု ဦးဌေးမြင့်က ပြောသည်။

မြန်မာဖူဆယ်အသင်းသည် လက်ရှိတွင် အသင်းဖွဲ့စည်းထား ခြင်းမရှိသော်လည်း မေလ၌ ပဏာမကစားသမား ၃၅ ဦးဖြင့် စတင်လေ့ကျင့်မည် ဖြစ်သည်။

၂၀၁၈ အာဆီယံဖူဆယ် ချန် ပီယံရှစ်ပြိုင်ပွဲကို နိုဝင်ဘာအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် ရှစ်သင်းက အုပ်စုနှစ်ခုခွဲယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု (က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊မလေးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့်အတူ ကျရောက်နေသည်။ အုပ်စု (ခ)တွင် လက်ရှိချန်ပီယံထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်းနှင့် တီမောအသင်းတို့ ပါဝင်သည်။

 အာဆီယံဖူဆယ်ပြိုင်ပွဲတစ် လျှောက် ထိုင်းဖူဆယ်အသင်းက အအောင်မြင်ဆုံးဖြစ်ပြီး ပြီးခဲ့သည့် ပြိုင်ပွဲ (၁၄) ကြိမ်တွင် (၁၃) ကြိမ် ဗိုလ်စွဲထားသည်။ မြန်မာအသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲကို ၂၀၀၆ က စတင်ယှဉ်ပြိုင်ခဲ့ပြီး တတိယနှစ်ကြိမ် (၂၀၀၆၊ ၂၀၁၇)နှင့် ဒုတိယတစ်ကြိမ် (၂၀၁၆) ရရှိထားသည်။