မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအတွက် ပြည်ပနည်းပြအဖွဲ့လိုက် ခန့်အပ်ရန် စီစဉ်

မြန်မာ့ လက်ရွေးစင်ဘောလုံး အသင်းအတွက် နည်းပြချုပ်အပြင် လက်ထောက်နည်းပြ၊ ကြံ့ခိုင်ရေး နည်းပြ၊ ဂိုးနည်းပြတို့ ပါဝင်မည့် ပြည်ပနည်းပြ အဖွဲ့လိုက်ခန့်အပ် ရန် စီစဉ်ထားကြောင်း ဘောလုံးအ ဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောသည်။


လက်ရှိတွင် မြန်မာ့လက်ရွေး စင်အသင်း နည်းပြချုပ်ရာထူးအ တွက် ဂျာမနီ၊ ဘရာဇီး၊ ဆားဘီး ယား၊ မွန်တီနီဂရိုး၊ မက်ဆီဒိုးနီးယားနိုင်ငံမှ နည်းပြ ၃၀ ခန့် လျှောက်ထားကြောင်း ၎င်းကဆိုသည်။

‘‘ဒီတစ်ခေါက်လက်ရွေးစင် နည်းပြကို အဖွဲ့လိုက်ခန့်ဖို့ စီစဉ် ထားတယ်။ နည်းပြချုပ်နဲ့အတူ လက်ထောက်နည်းပြ၊ ဂိုးနည်းပြ၊ ကြံ့ခိုင်ရေးမှူးရော အကုန်ပါ မယ်။ နိုင်ငံတကာမှာလည်း နည်း ပြတွေက သူတို့ရဲ့ အဖွဲ့နဲ့ပဲ အ ဆင်ပြေကြတာများတယ်။ သူတို့နဲ့ အတူ ပူးပေါင်းလုပ်ဖို့ မြန်မာနည်း ပြ တစ်ယောက်ကိုတော့ တွဲပေး မှာပါ’’ ဟု ဦးဘုန်းနိုင်ဇော်က ပြော သည်။ မြန်မာ့လက်ရွေးစင်ဘော လုံးအသင်းနည်းပြအဖွဲ့ကို ဧပြီ လကုန်တွင် ခန့်အပ်ရန် စီစဉ်ထား ကြောင်း ၎င်းကဆိုသည်။

မြန်မာ့လက်ရွေးစင်းအသင်း သည် အာရှဖလားခြေစစ်ပွဲတွင် ရလဒ်ဆိုးရွားသဖြင့် မတ်လ ၂၅ ရက်က နည်းပြချုပ် ဂျာမနီနိုင်ငံ သား ဂတ်ဖရိုင်းဒရစ်နှင့် ဘောလုံး အဖွဲ့ချုပ်တို့ နှစ်ဖက်သဘောတူ လမ်းခွဲခဲ့သည်။

အသစ်ခန့်အပ်မည့် မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ်ကိုမြန်မာယူ-၂၃ အသင်းကိုလည်း ပူးတွဲကိုင်တွယ်စေမည်ဖြစ်ကြောင်းဦးဘုန်းနိုင်ဇော်က ဆိုသည်။

ယခုနှစ်အတွင်း မြန်မာယူ-၂၃ အသင်းသည် သြဂုတ်တွင် အာရှအားကစားပြိုင်ပွဲနှင့် မြန်မာ့ လက်ရွေးစင်အသင်းသည် နိုဝင် ဘာတွင် အာဆီယံဆူဇူကီးပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရှိနေသည်။ မြန်မာ ယူ-၂၃ အသင်းသည် အာရှအား ကစားပြိုင်ပွဲ အကြိုအဖြစ် သြဂုတ်အတွင်း ရန်ကုန်မြို့၌ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။