ကျော်ကြားသူများကြား ပြောင်းလဲလာသော သင်္ကြန်ဖျော်ဖြေရေး ရေစီးကြောင်း

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

မကြာသေးသည့်ဆယ်စုနှစ် တစ်ခုခန့်က သင်္ကြန်ဆိုလျှင် ပြည် သူချစ်သော အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို အ နယ်နယ်အရပ်ရပ်က သင်္ကြန် မဏ္ဍပ်ကြီးများတွင် ပြည်သူများက အခမဲ့ကြည့်ရှုနိုင်သည်။ ၎င်းတို့နှင့် အတူ ပရိသတ်များကတစ်သား တည်းလိုက်ပါသီဆိုကခုန်ရင်း သင်္ကြန်အချိန်အခါနှင့်ကိုက်ညီစွာ ဖြန့်ချိလာသော ရာသီစာတေးသီ ချင်းများကလည်း သင်္ကြန်ချစ်သူ တို့အတွက် အသင့်ပင်။


တက်သစ်စအနုပညာရှင် များပင်လျှင် သင်္ကြန်မဏ္ဍပ်ဖျော် ဖြေပွဲများတွင် ပရိသတ်နှင့်အပေး အယူမျှမျှ ဖျော်ဖြေသီဆိုနိုင်သည့် အခွင့်အရေးကလည်း ခါသင်္ကြန် အချိန်အခါတစ်ခုတည်းသာရှိ သည်။

ယခင်ရန်ကုန်သင်္ကြန်သည် နာမည်ကြီးလမ်းမကြီးများဖြစ် သည့် တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားလမ်း၊ ကန်တော်ကြီး ပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း နှင့်   ပြည်လမ်းတစ်ကြောတွင် အပြိုင်အဆိုင်ဆောက်လုပ်ထား သည့် မဏ္ဍပ်ကြီးများဖြင့် စည် ကားလွန်းလှသည်။ ထိုမဏ္ဍပ် များတွင် ပရိသတ်ချစ်အနုပညာ ရှင်များစွာကို ငှားရမ်းကာရေဆော့ ကစားစေခြင်း၊ တေးသီချင်းများ သီဆိုကာ ဖျော်ဖြေစေခြင်းအပြင် အနုပညာရှင်အချို့ကိုယ်တိုင်ဦးစီး တည်ဆောက်သည့် မဏ္ဍပ်များ လည်းရှိသည်။

သို့သော် ပြီးခဲ့သည့်နှစ်အ နည်းငယ်ကစ၍ မြို့ကြီးအချို့၏ သင်္ကြန်ရေစီးကြောင်းပုံသဏ္ဌာန် ပြောင်းလဲလာသည်။ နာမည် ကျော်အနုပညာရှင်များကို ကျပ် သိန်းရာနှင့်ချီ၍ (သို့မဟုတ်)အနု ပညာရှင်၏နာမည်ကျော်ကြားမှု အလိုက် အနုပညာကြေးများချီး မြှင့်၍ ခေါ်ယူဖျော်ဖြေစေသည့်စီး ပွားဖြစ်မဏ္ဍပ်များသည် အစိုးရသစ်အပြောင်းအလဲတွင် မူဝါဒအပြောင်းအလဲကြောင့်နည်းပါးသွားခဲ့ချိန်နှင့်  တိုက်ဆိုင်စွာ သင်္ကြန်တွင်း EDM မဏ္ဍပ်များတစ်ခေတ်ဆန်းလာခဲ့သည်။

‘‘အရှေ့နှစ်ကစပြီး သင်္ကြန် မှာပြဿနာစရှိတယ်။ မဏ္ဍပ်တွေ မလုပ်နဲ့ဘာညာဆိုတဲ့သတင်းတွေ ထွက်တော့ လူတွေကသင်္ကြန်ကို စိတ်ညစ်သွားကြတယ်။ ရန်ကုန် မှာ မဏ္ဍပ်ပေးမလုပ်ဘူးဘာညာဆို တော့ လူတွေက သင်္ကြန်ကိုစိတ် ၀င်စားမှုနည်းသွားတယ်။ နည်း နည်းလည်းစိတ်ပျက်သွားတယ် ထင်ပါတယ်။ အခွေလုပ်တဲ့သူတွေ ရော၊ နားထောင်တဲ့သူတွေရော သင်္ကြန်ဆိုစိတ်ပျက်သွားတယ် ထင်ပါတယ်’’ ဟု အဆိုတော်ပိုပို က ပြောသည်။

ယခင်က သင်္ကြန်မတိုင်မီ သင်္ကြန်အတွက် သီးသန့်ဖန်တီး ထုတ်လုပ်ထားသော သင်္ကြန် သီချင်းခွေများ၊ သင်္ကြန်ဇာတ်ကား များ သင်္ကြန်မတိုင်မီ ထွက်ရှိခြင်း၊ ရုံတင်ပြသခြင်းကလည်း မရောက် ရှိသေးသည့် သင်္ကြန်ကိုကြိုတင် စောင့်ဆိုင်းကာ ရင်ခုန်စိတ်လှုပ် ရှားရခြင်းတစ်မျိုးပင်ဖြစ်သည်။ နောက်ပိုင်းတွင် သင်္ကြန်ခွေသီး သန့်ထွက်သူများနည်းပါးလာသ လို အုပ်စုလိုက်ထွက်သည့်သင်္ကြန် သီချင်းခွေများလည်း မထွက်ရှိ လာတော့ပေ။ အနုပညာရှင်အ ချို့ ယခုနှစ်တွင်သင်္ကြန်ခွေမလုပ် ဖြစ်ခြင်းသည် အခွေထုတ်လုပ် သူများအနေဖြင့် ၀ယ်လိုအားမရှိ ခြင်းနှင့် အင်တာနက်မှဒေါင်းလုတ် ပြုလုပ်၍ နားထောင်ခြင်းကြောင့် ဖြစ်ကြောင်း ယမန်နှစ်ကသင်္ကြန် သီချင်းခွေသစ်ထွက်ရှိခဲ့သော ပိုပို ကပြောသည်။

‘‘ဒီနှစ်ဆို သင်္ကြန်အခွေထွက် ချင်တယ်။ ဒါပေမဲ့ မနှစ်ကထွက်ခဲ့ တဲ့အခွေက အရမ်းရှုံးတဲ့အတွက် ဒီနှစ်မှာ ထွက်ချင်ပေမယ့်မထွက် ဖြစ်တော့ဘူး။ မနှစ်ကထိကြိုးစား ပြီးထုတ်ကြည့်သေးတယ်။ ဒါပေမဲ့ ကြာလေရှုံးလေပဲ။ အားလုံးက အွန်လိုင်းကနေပဲ Download လုပ် ပြီးနားထောင်ကြတယ်။ အခွေစစ် ကို ဘယ်သူမှအားမပေးကြဘူး။ ကျွန်တော်တို့ဂီတသမားတွေက ပို ဆိုးတာပေါ့။ ရုပ်ရှင်ရုံတွေက ပိုက် ဆံရသေးတယ်။ ဂီတသမားတွေ မှာက ပိုက်ဆံလည်းမရဘူး။ ဂီတ သမားတွေအနေနဲ့ ရုပ်ရှင်တစ်ပွဲ စာလောက်ပိုက်ဆံရရင်ကို ရပ် တည်လို့ရသေးတယ်။ အခုအဲဒီ လောက်ကို မရတဲ့အခါကျတော့ ဘယ်လိုမှကိုရပ်တည်လို့မရဘူး။ နောက်ပိုင်းကျရင် ဂီတသမားတွေ က ပိုပိုပြီးခက်ခဲလာမယ်လို့ ကျွန် တော်ယူဆတယ်’’ ဟု ၂၀၁၀ ရှေ့ ပိုင်းနှစ်များအထိ သင်္ကြန်ရာသီစာ တေးသီချင်းများကို အီလက်ထရို မြူးဇစ်ဖြင့် ဖျော်ဖြေခဲ့သူ အဆို တော်သားစိုးကပြောသည်။ 

ဂီတအနုပညာရှင်များသည် သင်္ကြန်ကာလခေတ်ကောင်းစဉ် က သင်္ကြန်တစ်တွင်းဆိုပြီးလျှင် ငွေကြေးအကျိုးအမြတ်အဆင် ပြေသည့်ပမာဏကို ရရှိခဲ့သော် လည်း ယခုအခါပြောင်းလဲလာ သည့် သင်္ကြန်ရေစီးကြောင်း ကြောင့် ယခင်လိုခေတ်ကောင်းကို မျှော်လင့်၍မရတော့ဟု ပြော သည်။ ထို့အပြင် ယခင်က မင်း သား၊ မင်းသမီး၊ အဆိုတော်ဘယ် သူဘယ်ဝါထိုင်သည့် မဏ္ဍပ်ဟု ကြော်ငြာ၍ လက်မှတ်များဆွဲ ဆောင်ရောင်းချရသော အလေ့အ ထလည်း ယခုအခါထင်သ လောက်ရေပန်းမစားတော့။

‘‘ဟိုးအရင် သင်္ကြန်ဂယက် တွေမထခင်တုန်းက ပိုတို့အရမ်း အဆင်ပြေခဲ့တယ်။ မနှစ်ကစပြီး အပြောင်းအလဲတော်တော်ဖြစ် တော့ အဲဒီပြောင်းလဲတဲ့အပြောင်း အလဲက ဒီနှစ်အထိပါဂယက်ရိုက် တယ်လို့ ပြောလို့ရမယ်။ ဒါပေမဲ့ ပိုတို့ကတော့ တန်းတစ်ခုအနေနဲ့ နာမည်ရနေတဲ့အဆိုတော်ဖြစ်နေ တဲ့အတွက် ဒီနှစ်မှ ပုံမှန်ဈေးပဲပြန် ခေါ်တယ်။ ပြန်ရတယ်။ ဒါပေမဲ့ တချို့မရတဲ့သူတွေလည်း ရှိပါ တယ်။ အရင်ပုံမှန်ဈေးထက် လျှော့ခိုင်းလို့ ညှိပေးရတာမျိုးရှိ တယ်။ အရင်မဏ္ဍပ်တွေပေးလုပ် တုန်းက မဏ္ဍပ်များတဲ့အတွက် အ ဆိုတော်တွေအားလုံးဈေးအပြိုင် ခေါ်လို့ရတယ်။ အခုဆို မဏ္ဍပ် နည်းတဲ့အတွက် ဈေးခေါ်ချင်တိုင်း ခေါ်လို့မရဘူး။ ဈေးပျက်တာပေါ့။ အခုဆို အထိုင်မဏ္ဍပ်တွေထက် အကူးမဏ္ဍပ်တွေပဲ ခေါ်ကြတာ များတယ်။ တော်တော်များများ လည်း အကူးတွေများသွားကြ တယ်’’ ဟု အဆိုတော်ပိုပိုက ပြော သည်။

ယမန်နှစ်ကအထိ သင်္ကြန်အ တွက် ရာသီစာတစ်ပုဒ်ကောင်း သီချင်းသစ်အချို့နှင့် သင်္ကြန်စီးရီး ခွေအနည်းငယ်ထွက်ရှိခဲ့သော် လည်း ယခုနှစ်တွင်တော့ သင်္ကြန် လက်ဆေးမိုးရွာပြီး သင်္ကြန်အမှတ် အသားပိတောက်များ ပွင့်ချိန်ထိ၊ သင်္ကြန်ကျရန် ရက်ပိုင်းအလိုထိ သီချင်းသစ်ထွက်ရှိလာခြင်းမရှိ သေး။ ယင်းအစားဒီဂျေများနှင့် နာမည်ကြီးအဆိုတော်အချို့ပါ ၀င်သည့် EDM မဏ္ဍပ်များကသာ လူငယ်များကြား လှုပ်လှုပ်ခတ် ခတ်ဖြစ်နေသည်။

ဂီတဘက်မှ အနုပညာရှင် များ သင်္ကြန်မတိုင်မီ အခွေမထွက် ခြင်းသည် တိုင်းပြည်၏တိုးတက် မှု၊ စီးပွားရေး၊ လူမှုရေးများနှင့် ပတ်သက်နေသလို ပြည်သူများ စီးပွားရေးကျပ်တည်းပြီး  အဆင် မပြေခြင်းကြောင့်နှင့်  တိုက်ရိုက် သက်ဆိုင်နေသည်ဟု အဆိုတော် မေခလာက ပြောသည်။

‘‘အပြောင်းအလဲကာလမှာ အားလုံးက လက်လှမ်းမီသ လောက် မတတ်နိုင်သေးတာ။ကြိုး စားနေတဲ့နေရာမရောက်သေးတဲ့ အတွက် ဒီလိုပဲဖြစ်ဦးမယ်။ ဒီလိုပဲ ခံစားရဦးမယ်။ အဲဒါတွေ ကျော် လွှားနိုင်ပြီးမှ အဆင်ပြေမယ်လို့ ထင်ပါတယ်’’ ဟု ၎င်းကပြော သည်။

EDM Festival ပွဲတော်များ စတင်ခေတ်ကောင်းစဉ်နှင့်တိုက် ဆိုင်စွာ မဏ္ဍပ်ထိုင်မည့်လူငယ်၊ လူရွယ်များသည် ၂၀၁၆ သင်္ကြန် ကစ၍ မဏ္ဍပ်များစွာ လျှော့ လိုက်သောကြောင့် EDM Festival ပွဲတော်များသို့ ခြေဦးလှည့်ကြ သည်။

အဆိုပါ EDM Festival များ သည် သင်္ကြန်မဏ္ဍပ်များလို နံနက် ၉ နာရီစတင်ကာ ညနေ ၆ နာရီ ပိတ်သည့် ရေကစားမဏ္ဍပ်များ မဟုတ်ဘဲ ညနေ ၄ နာရီဝန်းကျင် ကစတင်ကာ ည ၁၂ နာရီလောက် ထိ ကျယ်ဝန်းပြည့်လျှံသည့်နေရာ တစ်ခုတွင် စင်ဆောက်ကာနိုင်ငံ တကာမှ နာမည်ကြီးဒီဂျေသမား များကို ခေါ်ယူ၍ ဖျော်ဖြေစေပြီး ပရိသတ်များက  ဒီဂျေသံစဉ်များ နှင့်အတူ ကခုန်ပျော်ရွှင်ခြင်းဖြစ် သည်။

မနှစ်ကစတင်၍ မြန်မာ့ရိုးရာ သင်္ကြန်တွင် EDM Festival ပွဲ တော်များ နေရာယူလာခြင်း ကြောင့် ဆောက်လုပ်ခွင့်ရသော မဏ္ဍပ်အချို့တွင် လာရောက်ရေ ကစားသူနည်းပါးခဲ့သည်။ ‘‘EDM သွားတာလည်းသွားတာပေါ့။ ဒါ ပေမဲ့ ကျွန်တော်ကတော့ Local မဏ္ဍပ်တွေမှာပဲ လူရှိစေချင်တယ်။ အဲဒါမှလည်း ဂီတသမားတွေ လည်းရပ်တည်လို့ရမှာပေါ့။ ကျွန် တော်တို့လည်း ဖျော်ဖြေချင်တာ ပေါ့။ ဒီကလူတွေလည်း ကောင်း ကောင်းလုပ်မယ်ဆိုရင် Local မှာ လည်း အားပေးတဲ့သူရှိရင်ကောင်း တာပေါ့’’ ဟုအဆိုတော်ရေမွန်က ပြောသည်။

၂၀၁၈ မြန်မာ့ရိုးရာသင်္ကြန် တွင် ပြည်လမ်းကြော၌မဏ္ဍပ်အ ချို့ဆောက်လုပ်ခွင့်ပြုသလို ရပ် ကွက်မဏ္ဍပ်များအပြင် စီးပွားရေး လုပ်ငန်းရှင်အချို့ ပြုလုပ်သည့် ကုမ္ပဏီမဏ္ဍပ်များနှင့် ယမန်နှစ်က မန္တလေး၌ စတင်ပြုလုပ်ခဲ့သည့် မန္တလေးလမ်းလျှောက်သင်္ကြန်လို ယခုနှစ်တွင်ရန်ကုန်လမ်း ၃၀ တစ် ကြော၌ ရန်ကုန်လမ်းလျှောက် သင်္ကြန်ပြုလုပ်မည်ဖြစ်သည်။

‘‘မနှစ်က မန္တလေးသင်္ကြန်ကို  ဖေ့စ်ဘွတ်ခ်ကနေ ရင်းနှီးခဲ့တယ်။ အရမ်းစည်ကားတယ်။ မြန်မာ့ရိုး ရာဓလေ့ကိုဖော်ကျူးတယ်။ တစ် ယောက်နဲ့တစ်ယောက် ရင်းနှီးမှု တွေပိုရတယ်။ ချစ်ဖို့လည်း ကောင်းတယ်။ ရန်ကုန်မှာလည်း ဒီလိုအစဉ်အလာလေးဖြစ်လာ မယ်လို့ ယုံကြတယ်။ လမ်း ၃၀ လမ်းတစ်လျှောက် တော်တော် လေးစည်ကားမယ်လို့ ထင်တယ်။ ကားမတွေမကျပ်ဘဲနဲ့ လမ်း လျှောက်ပြီး တစ်ယောက်နဲ့တစ် ယောက် နွေးနွေးထွေးထွေး၊ ရင်း ရင်းနှီးနှီးနဲ့ ခင်မင်မှုတွေရမယ်’’ ဟု အဆိုတော်ဖြိုးပြည့်စုံက ပြော သည်။

ရန်ကုန်လမ်းလျှောက် သင်္ကြန်တွင် အနည်းဆုံးတစ်ကြိမ် သွားရောက်ဖျော်ဖြေရန်ရှိသည်ဟု ၎င်းကဆိုသည်။

ယခုနှစ်တွင် သင်္ကြန်မမီ တော့သောကြောင့် သင်္ကြန်ခွေ သီးသန့်မထွက်ဖြစ်သော်လည်း နှစ်ကူးသက်သေဟု အမည်ရသည့် သင်္ကြန်သီချင်းတစ်ပုဒ်ကို အွန် လိုင်းမှတင်ပေးဖြစ်သလို နောင် နှစ်တွင် ထွက်ရှိနိုင်အောင်ကြိုးစား မည်ဟု တေးသံရှင်မနောက ပြော သည်။ ယခုနှစ်သင်္ကြန်ကို ဘန် ကောက်တွင် ပွဲလက်ခံထားသော ကြောင့် သီချင်းဆိုရင်းဖြတ်သန်း မည်ဟု ၎င်းကဆိုသည်။

‘‘လမ်းလျှောက်သင်္ကြန်လုပ် မယ်ဆိုတာကို အကြိုက်ဆုံးပဲ။ အမျိုးကောင်းသမီးတွေ၊ သက် ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အိမ်တွင်းပုန်းမိန်းကလေးတွေဆို သင်္ကြန်ဆိုအိမ်မှာပဲနေကြတာများ တယ်။ အခုလမ်းလျှောက်သင်္ကြန် လုပ်မယ်ဆိုတော့ သူတို့လည်း ထွက်လို့ရမယ်။ အစကတည်းက ရှိသင့်တယ်လို့ထင်ပါတယ်’’ ဟု မနောကပြောသည်။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်တွင် မိသားစုကိုအချိန်ပေးခဲ့သော ကြောင့် ယခုနှစ်သင်္ကြန်သည် ဖျော်ဖြေရေးအနေဖြင့် ဖြတ်သန်း မည့် ၎င်း၏ပထမဆုံးအတွေ့အ ကြုံဖြစ်သည်။ ယခုနှစ်ရန်ကုန် သင်္ကြန်တွင် မဏ္ဍပ်အချို့၌ ကျော် ကြားနေဆဲဖြစ်သည့် ယခင်အခွေ ဟောင်းများထဲမှ နာမည်ကြီး သင်္ကြန်သီချင်းများအပြင် နိုင်ငံ ခြားသီချင်းများခေတ်စားလာနိုင် သည်ဟု အဆိုတော်သားစိုးက ပြောသည်။

သင်္ကြန်ခွေများသည် ယခု နှစ်တွင် ခွေများများထွက်ရှိပါက နောက်တစ်နှစ် သင်္ကြန်ရောက် လျှင် ခွေထွက်နည်းခြင်းသည်ပုံမှန် ဈေးကွက်ဖြစ်ပြီး ယခုနှစ်တွင် ဖြိုး ပြည့်စုံ၏ ‘သင်္ကြန်လေညင်း လု လင်’နှင့် ‘Summer 7’ ခွေနှစ်ခွေ သာထွက်ရှိကြောင်း၊ ယခုနှစ် မဏ္ဍပ် မူဝါဒအပြောင်းအလဲ ကြောင့် ယင်းနှင့်နီးစပ်သည့်အဆို တော်အချို့ မဏ္ဍပ်ပြန်ရသည်ဟု ကြားသိရကြောင်း ယခင်က သင်္ကြန်ရာသီစာ တေးသီချင်းများ စွာ ရေးသားထုတ်လုပ်ခဲ့သည့် တေးရေးစိုးလင်းက ပြောသည်။


ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)