သင်္ကြန်ကာလနှင့် ကျန်းမာရေးပြဿနာများ

ပြီးခဲ့သော ၂၀၁၇ သင်္ကြန်က ရန်ကုန်မြို့တွင် ပျော်ရွှင်စွာ ရေကစားနေသူများကို မြင်ရစဉ် (ဓာတ်ပုံ − နစ်ကီ)

ရက်အနည်းငယ်အတွင်း ကျရောက်လာတော့မည့် သင်္ကြန်ကာလသည် ရက်ကာလတိုတောင်း သော်လည်း တစ်နေကုန် ရေနှင့် ထိတွေ့မှု၊ နေရောင်ခြည်(ခရမ်း လွန်ရောင်ခြည်)နှင့် ထိတွေ့သဖြင့် နေဒဏ်၊ ရေဒဏ်ကြောင့် ရရှိနိုင် သော ကျန်းမာရေးပြဿနာများကို အထူးသတိပြုရမည်ဖြစ်သည်။

သင်္ကြန်ကာလတွင် အဖြစ် များသော ကျန်းမာရေးပြဿနာ များသည် ခရမ်းလွန်ရောင်ခြည် ကြောင့် နေလောင်ခြင်းနှင့် အသားအရေပျက်စီးခြင်း၊ မသန့်ရှင်းသောရေနှင့်အစားအစာကြောင့် ၀မ်းပျက်ဝမ်းလျှောခြင်း၊ မျက်စိနှင့် နားရောဂါဆိုင်ရာ ပြဿနာများဖြစ်ပွားခြင်း၊ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများနှင့် ခိုက်ရန်ဖြစ်ပွားခြင်း အများဆုံးကြုံတွေ့ရနိုင်သည်။

အရေပြားပြဿနာ

ပထမဦးဆုံး သတိထားရမည်မှာ အရေပြားပြဿနာများဖြစ်ပြီး နေလောင်ခြင်း၊ အရေပြား ယားယံခြင်း၊ ၀က်ခြံ၊ တင်းတိပ်များ ထွက်ပေါ်လာခြင်း၊ အရေပြားပိုးဝင်ခြင်းတို့ ခံစားရတတ်သည်။

သင်္ကြန်ပွဲတော် ဆင်နွှဲမည့်အ ချိန်သည် ခရမ်းလွန်ရောင်ခြည်ကျ ရောက်သည့် အမြင့်ဆုံးအချိန်ဖြစ်သဖြင့် ကျန်းမာရေး အထူးသတိ ပြုရမည်ဟု ဆရာဝန်ကြီးများက သတိပေးထားသည်။

‘‘သင်္ကြန်လည်လို့ ကောင်း တဲ့အချိန်မှာ ခရမ်းလွန်ရောင်ခြည် ကျတဲ့အချိန် ဖြစ်တယ်။ ခရမ်း လွန်ရောင်ခြည်မှာ အေဘီစီဆို တာရှိတယ်။ ခရမ်းလွန်ရောင်ခြည် အေကတော့ မနက်ကတည်းက နေ ညအထိအောင် တစ်သတ်မတ် တည်းပဲ ရှိနေတယ်။ မပြောင်းလဲ ဘူး။ တစ်နေကုန် ဒီနှုန်းပဲ။ ခရမ်း လွန်ရောင်ခြည် ဘီကျတော့ နံနက် ၁၀ နာရီက ညနေ ၃၊ ၄ နာရီကြားမှာ အရမ်းမြင့်တယ်။ မွန်းတည့်ဝန်းကျင်ဆိုရင် တအားမြင့် တယ်။ အဲဒီတော့ ခရမ်းလွန် ရောင်ခြည်ဘီနဲ့ သင်္ကြန်လည်ချိန် နဲ့ တိုက်နေတယ်’’ဟု အရေပြား အထူးကုဆရာဝန်ကြီး ဒေါက်တာ ကျော်ကျော်က ပြောသည်။

 ခရမ်းလွန်ရောင်ခြည်ဒဏ် ကြောင့် နေလောင်ခြင်း၊ အရေ ပြားနူးလာခြင်း၊ အရေပြားရောင် ပြီး နီရဲခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ပေါ် လာခြင်း၊ မီးလောင်ဖုများဖြစ်ပေါ်လာခြင်းနှင့် နောက်ဆက်တွဲ ဆိုး ကျိုးအဖြစ် အရေပြားကင်ဆာ စသည်တို့ ဖြစ်ပေါ်လာနိုင်သည်။ ၎င်းအပြင် ပက်သည့်ရေ မသန့် ရှင်းသဖြင့် အရေပြားယားယံခြင်းများ ဖြစ်ပေါ်နိုင်သည်။

အသားဖြူသူများသည် အသား ညိုသူများထက် နေလောင်ဒဏ် ကို ပိုမိုခံစားရလေ့ရှိပြီး အရက်စွဲ သူများသည်လည်း သွေးထဲ၌ နဂိုဗီ တာမင် B3 ချို့တဲ့မှု ဓာတ်အခံရှိ နေချိန်တွင် သင်္ကြန်လည်ပတ်ပါ က အရေပြားပြဿနာများ ပိုမို ဖြစ်ပွားတတ်သည်။

‘‘အရက်ကြောင့် အသားအ ရေခြောက်တာ ပိုဆိုးတယ်။ နောက်ရေပက်ခံတဲ့အချိန်မှာ အရက်ချိုးတွေပေါ့။ တအားသောက်တဲ့သူ တွေ၊ သူတို့ကျနေလောင်ဒဏ်ကို ပိုခံရတယ်။ အရက်သမားတွေမှာ ဖြစ်တဲ့ ယားနာပေါ့။ နေထိတဲ့အ ချိန်မှာ ဖြစ်တယ်။ လက်ဖမိုးတွေ၊ လည်ပင်းတွေ။ လက်ဖျံတွေအဓိကဒုက္ခပေးတာ’’ဟု ဒေါက်တာကျော်ကျော်က ရှင်းပြသည်။

 မြောင်းထဲမှရေများ၊ ကန်မှ ရေများနှင့်ပက်ပါက ဓာတ်မတည့်သဖြင့် ယားယံမှုများခံစားရနိုင် သည်။ ထို့ပြင် တိရစ္ဆာန်များ၏ အညစ်အကြေးများလည်း ရေ ထဲ၌ပါဝင်နိုင်၍ သင်္ကြန်လည်ပတ် ပြီးသူများအနေဖြင့် ပြန်ရောက် လျှင် ရေကောင်းရေသန့်ဖြင့် သေ ချာစွာ ဆေးကြောသန့်စင်ရန် လိုအပ်သည်။

‘‘ရေကောင်း၊ ရေသန့်နဲ့ မြန် မြန်ပြန်ပြီးတော့ ချိုးပေါ့နော်။ တစ် နေကုန်လည်တာဆိုတော့ အရေ ပြားနဲ့ပတ်သက်တဲ့ ရောဂါတွေက ယားတာပဲ။ အယားပြဿနာက ထိပ်ဆုံးက။ တချို့လက်တွေ၊ ခြေ တွေယားတယ်။ တချို့ပေါင်ခြံ တွေ ယားတယ်။ ရေအောင်းတဲ့နေ ရာတွေပေါ့။ ဒါ့ကြောင့်မို့ သင်္ကြန် လည်ပြီးလို့ ရှိရင်ရေကောင်း၊ ရေ သန့်နဲ့ ရေချိုးပါ။ ပြီးရင် ဆပ်ပြာ နဲ့ ဆေးဖို့။ အ၀တ်အစားခြောက် ခြောက်သွေ့သွေ့လေး မြန်မြန် ပြန်လဲဖို့ အရေးကြီးတယ်’’ဟု ၎င်းက အကြံပြုသည်။

 သင်္ကြန်လည်ပတ်မည့်သူ များ နေဒဏ်၊ ရေဒဏ်မှ ကာကွယ် နိုင်ရန် UV ပါသော နေကာမျက် မှန်တပ်ဆင်ခြင်း၊ အသားအရေ ကို နေရောင်မထိစေရန် ရေစိုခံ နေရောင်ကာ ခရင်မ်လိမ်းခြင်းနှင့် အင်္ကျီရှည်၊ ဘောင်းဘီရှည်များ ၀တ်ဆင်ခြင်းတို့အပြင် မျက်နှာ၊ လည်ပင်း၊ နားများသို့ နေ၊ ရေမထိစေရန် မျက်နှာသုတ် ပ၀ါများ ဆောင်ထားခြင်းတို့ ပြုလုပ်ရန်လိုအပ်သည်။

နေ့လယ်ခင်းများတွင် သင်္ကြန်မလည်ပတ်မီ နာရီဝက်ခန့် ကြို တင်၍ ရေစိုခံနေရောင်ကာခရင်မ် လိမ်းခြင်းနှင့် သင်္ကြန်လည်ပြီး ညပိုင်းအချိန်များတွင် အစိုဓာတ်ထိန်းသိမ်းပေးသည့် အစိုထိန်း ခရင်(မ်)(Moisturizer) လိမ်းပေး ရန် လိုအပ်သည်။ ဆံပင်အရောင် ဆိုးဆေးနှင့် မျက်နှာအရောင်လိမ်း ခြယ်ခြင်းများသည် ဓာတုပစ္စည်း များပါဝင်သောကြောင့် မိမိအရေ ပြားနှင့် ဓာတ်မတည့်မှုများ ဖြစ် ပေါ်နိုင်သဖြင့် တတ်နိုင်သမျှ ရှောင်ကြဉ်ရန် လိုအပ်သည်။

သင်္ကြန်ပြီး အသားအရေပြန် လည် ပြုပြင်ထိန်းသိမ်းလိုသူများ သည် မိမိတို့၏ အရေပြားပျက်စီးမှု အပေါ်မူတည်၍ ရက်သတ္တတစ်ပတ်ခန့် စောင့်ဆိုင်းပြီးမှ ပြန်လည်ပြုပြင်ထိန်းသိမ်းသင့်သည်။ ထို့မဟုတ်ပါက နေလောင်၍ ပျက်စီးခဲ့သော အရေပြားများ ပိုမိုအဆင်မပြေ ဖြစ်တတ်သည်။

 အရေပြားယားယံခြင်းများ ဖြစ်ပေါ်လျှင် မိတ်လိမ်းသည့်အ ရည်ဖြစ်သော ကလယ်မင်း (Calamine) ဆေးရည်ကို လိမ်း ရန် လိုအပ်ပေသည်။ ထိုသို့လိမ်း ပေးသော်လည်း မသက်သာလျှင်၊ အရေပြားပေါ်၌ အဖု၊ အပိမ့်များ ထွက်ရှိလျှင်မူ တတ်ကျွမ်းနား လည်သည့် ဆရာဝန်များနှင့် ပြသ ရမည် ဖြစ်သည်။

နားနှင့် မျက်စိပြဿနာ

သင်္ကြန်ကာလအတွင်း နား နှင့်ပတ်သက်သည့် ကျန်းမာရေး ပြဿနာများ အဖြစ်များသဖြင့် အထူးသတိထားရန် လိုအပ်သည်။

‘‘သင်္ကြန်မှာ အဖြစ်များဆုံး ကတော့ နားပဲ။ နားထဲရေ၀င်၊ နား ပြည်ယိုတာပေါ့။ နားစည်တွေ ပေါက်တာပေါ့။ အဓိက နားစည် ပေါက်တာအဖြစ်အများဆုံးပဲ။ နား ကိုက်မယ်။ နားစည်ပေါက်မယ်။ ဒါပဲ အဖြစ်များတယ်’’ ဟု နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး ဒေါက်တာမောင် မောင်ခိုင်က ဆိုသည်။

နားထဲ ရေ၀င်၍ နားပြည်ယို ခြင်း၊ နားစည်ကို ရေဖိအားများ နှင့် တိုက်ရိုက်ထိမိပြီး နားစည်ကွဲ ခြင်း၊ နားစည်ပေါက်ခြင်း၊ နား ကိုက်ခြင်းဝေဒနာများကို သင်္ကြန် ကာလတွင် ဖြစ်ပေါ်ခံစားရတတ် သည်။

‘‘ဘာကြောင့် ဖြစ်တုံးဆို တော့ ရေထိုးပိုက်၊ မီးသတ်ပိုက် ကြီးတွေနဲ့ ပက်လို့၊ ရေပိုက်တွေနဲ့ ပက်လို့၊ ခွက်စောင်းခုတ်လို့၊ တိုက်ရိုက်မတော်တဆ ထိခိုက်မှုပေါ့ နော်။ နားစည်ကို တိုက်ရိုက်ထိလို့ နားစည်ကွဲသွားတာ။ အဲဒါနံပါတ် တစ် နားစည်ကွဲကုန်တာ။ နံပါတ် နှစ်က ရေ၀င်တဲ့အခါကျတော့ ယားတယ်။ နားထဲကို ကလော် မယ်။ ဂွမ်းနဲ့ထိုးမယ်။ အဲဒီအခါကျ တော့ နားတွေကိုက်၊ ရောင် တယ်’’ဟု အဆိုပါ ဆရာဝန်ကြီး က ဆက်လက်ပြောသည်။

နားထဲသို့ ရေမ၀င်စေရန် Ear Plug ရော်ဘာအစွပ်များ တပ်ဆင်ခြင်း၊ နားကြပ်များနှင့် အုပ်ထားခြင်းဖြင့် ကာကွယ်ထားရ မည်ဖြစ်သည်။ နားကိုက်ပါက ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ပြသရန် လိုအပ်သည်။ ထိုအခါ ကျွမ်းကျင်သူများက နားအတွင်း သို့ မှန်ဘီလူး၊ နားအတွင်းကြည့် ကိရိယာများဖြင့် ကြည့်ရှုခြင်း၊ နား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဖြစ်ပေါ် သည့် အခြေအနေပေါ် မူတည် ကာ ဆေးဝါးများပေးခြင်းတို့ဖြင့် ကုသပေးမည် ဖြစ်သည်။ မိမိ သဘောနှင့် မိမိနားအတွင်း ထိုးကလော်ခြင်းမျိုး မပြုလုပ်သင့်ပေ။

 ‘‘တွေ့ကရာ ပစ္စည်းတွေ ထည့်တာ၊ အုန်းဆီထည့်မယ်၊ သစ်ရွက်တွေကို ညှစ်ပြီးတော့မှ ထည့်မယ်၊ ဒါမျိုးတွေလုပ်တတ် တယ်။ တစ်ယောက်ယောက်က အကြံပေးရင် လုပ်လိုက်နဲ့။ မလုပ် တာတော့ အကောင်းဆုံးပဲ။ လုပ် လို့ရှိရင် ပိုဆိုးသွားတတ်တယ်။ နားလေးသွားတတ်တယ်။ နာတာ ရှည်နားပြည်ယိုရောဂါ ဖြစ်သွား တတ်တယ်’’ဟု ဒေါက်တာမောင် မောင်ခိုင်က ဆိုသည်။

 မျက်စိနှင့်ပတ်သက်လျှင် မသန့်ရှင်းသော ရေနှင့် ထိတွေ့မှု ကြောင့် ပိုးမွှားများဝင်ရောက်ကာ မျက်စိနာရောဂါဖြစ်ပေါ် ခံစားရ တတ်သည်။

‘‘ရေကိုအားနဲ့ ပက်လိုက်ရင် ပက်လိုက်တဲ့အားသည် မျက်စိကို ထိခိုက်တယ်။ အားရပါးရခွက်နဲ့ အားကိုသုံးပြီး ပက်လိုက်တာ။ တချို့ကျတော့ မီးသတ်ပိုက်နဲ့ ပက်တယ်။ တချို့ကျတော့လည်း ပြွတ်သေးသေးလေးပဲ။ ဒါပေမဲ့ ဒါ ကအားတစ်ခုဖြစ်သွားတဲ့အခါမှာ မျက်လုံးကို ထိတွေ့တဲ့အခါ မျက် လုံးမှာ သွေးခြည်ဥတယ်။ တချို့မျက်စိပိုရောင်လာတယ် ဆိုတယ်။ ဒါပေမဲ့ စိုးရိမ်စရာ မရှိဘူး။ သိပ် ကြီးပြင်းထန်လွန်းတဲ့ ရေဖိအားနဲ့ ထိတွေ့ရင်တော့ မျက်လုံးကွဲသွား တာမျိုးရှိတယ်။ ဒါပေမဲ့ သိပ်ပြီး ရှားတယ်’’ဟု ရန်ကုန်မျက်စိဆေး ရုံကြီးမှ ပါမောက္ခဒေါက်တာ တင် ၀င်းက ဆိုသည်။

‘‘ဘယ်လိုကာကွယ်မလဲဆို တော့ ရေပက်ပြီဆိုရင် မျက်လုံးကို ရေနဲ့မထိအောင် ရှောင်ရမှာပေါ့။ ခက်တော့ခက်တယ်။ ဒီတော့အ ကာအကွယ်အနေနဲ့ နေကာမျက် မှန်လေး တပ်ထားမလား။ ဒါမှ မဟုတ်လည်းပဲ အနားကျယ်တဲ့ ဦးထုပ်ကြီးတစ်ခုကို ဆောင်းထား မလား။ ဆောင်းထားပြီးတော့ အုပ်ထားမယ်ဆိုရင်တော့ မျက်လုံးကို ရေနဲ့ထိတွေ့မှုကို အထိုက်အ လျောက် ကာကွယ်နိုင်မှာပေါ့’’ ဟု ၎င်းကဆက်လက်အကြံပြုသည်။

လိင်မှတစ်ဆင့် ကူးစက်ရောဂါများ

သင်္ကြန်ကာလအတွင်း မူး ယစ်သောက်စားပြီးနောက် အကာ အကွယ်မဲ့ လိင်ဆက်ဆံခြင်းသည် လိင်မှတစ်ဆင့် ကူးစက်တတ် သည့် ရောဂါများဖြစ်သော ဆီးပူ ညောင်းကျ ကာလသားရောဂါ၊ အိတ်ခ်ျအိုင်ဗီကူးစက်ရောဂါပိုး များ ဖြစ်နိုင်ခြေအလွန်များပြား ကြောင်း ဆေးပညာရှင်များက ဆိုသည်။

‘‘သင်္ကြန်ကာလပြီးတဲ့နောက် လာရောက်ဆေးဝါး ကုသမှုခံယူ သူတွေထဲမှာ လိင်ကနေတစ်ဆင့် ကူးစက်တဲ့ ရောဂါခံစားနေရသူ တွေလည်း သိသိသာသာ ရှိနေ တတ်တယ်’’ဟု အထွေထွေရောဂါ ကု ဆရာဝန်တစ်ဦးက ဆိုသည်။

ခိုက်ရန်ဖြစ်ပွားခြင်း

၂၀၁၇ သင်္ကြန်တွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန ရောက်ရှိလာသည့် လူနာ ၈၉၁ ဦးရှိသည့်အနက် ယာဉ်မတော်တဆ မှုကြောင့် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသည် ခိုက်ရန်ဖြစ် ပွားမှု ဖြစ်သည်။

ယာဉ်မတော်တဆမှု ဖြစ် သည့်လူနာ ၃၅၀ ဦး၊ ခိုက်ရန်ဖြစ် ပွားသည့် လူနာ ၁၈၀ မှ ၁၉၀ ဦး ကြားရှိပြီး ကျန်လူနာများသည် အ ခြားအသေးစား မတော်တဆထိ ခိုက်မှုများကြောင့် ရောက်ရှိလာ ခြင်း ဖြစ်သည်။ သေဆုံးသူ ၁၀ ဦး (ဆေးရုံရောက်မှ သေဆုံးသူ နှစ်ဦး၊ ဆေးရုံမရောက်မီသေဆုံးသူ ရှစ် ဦး)ရှိကြောင်း ရန်ကုန်ဆေးရုံကြီး လူနာမှတ်တမ်းများ၌ ဖော်ပြထား သည်။

 ကျန်းမာရေးဝန်ကြီးဌာနက သင်္ကြန်တွင်း ဖြစ်ပွားတတ်သော ကူးစက်ရောဂါများကို ကာကွယ် ရန် ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ခြင်း၊ သန့်ရှင်းသောအစားအ စာနှင့် ရေသောက်သုံးခြင်း၊ မီး သတ်ပိုက်များနှင့် ရေကစားခြင်း တို့မှ ရှောင်ကြဉ်ခြင်းတို့ လိုအပ် ကြောင်း ပြည်သူများအား နှစ်စဉ်အသိပေးနှိုးဆော်သည်။

 သင်္ကြန်ကာလသည် တို တောင်းသော်လည်း ယင်းအချိန် လေးတွင် မလိုလားအပ်သော ကျန်းမာရေးပြဿနာမဖြစ်ပေါ် စေရန်  ပြည်သူများအနေဖြင့် ကျန်းမာရေးအသိရှိကာ ကြိုတင် ကာကွယ်ရန် လိုအပ်ပေသည်။