အနုပညာရှင်အချို့၏ သကြန်အစီအစဉ်

ဓာတ်ပုံများ−ကျော်ဇင်သန်း

၂၀၁၈ သင်္ကြန်တွင် အနုပညာရှင်များ၏ သင်္ကြန်ဖြတ်သန်းမည့် အစီ အစဉ်များ၊ ၎င်းတို့ရေကစားမည့် မဏ္ဍပ်များနှင့် သင်္ကြန်အမှတ်တရအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။


အိန္ဒြာကျော်ဇင်

ဒီနှစ်သင်္ကြန်ကတော့ ခရီးပဲ သွားဖြစ်မယ်ထင်တယ်။ သင်္ကြန် ဆို ဟိုဟိုဒီဒီ သိပ်မသွားဖြစ်တော့ ခရီးထွက်ဖြစ်တာများတယ်။ ဒီနှစ် လည်း ခရီးထွက်ဖြစ်ဖို့များတယ်။

ဝတ်မှုံရွှေရည်

ဒီနှစ်သင်္ကြန်က ခရီးထွက် ဖြစ်မလားဆိုတာ မသေချာသေး ဘူး။ မနှစ်ကလည်း ခရီးပဲသွားဖြစ် တယ်။ သင်္ကြန်တိုင်းက ခရီးသွား ဖြစ်တာများတယ်။ ဒီနှစ်ကတော့ ခရီးသွားဖြစ်မလား၊ ရန်ကုန်မှာပဲ ရှိမလား မသိသေးဘူးရှင့်။


နေတိုး

ရန်ကုန်မှာပဲ  ရှိပါမယ်။ မဏ္ဍပ်တွေဘာတွေလည်း အခု နောက်ပိုင်းက သိပ်မထိုင်ဖြစ်ဘူး။ တစ်ခါတလေ နေပြည်တော်က Hotel Ace မဏ္ဍပ်မှာ တစ်ရက်နှစ် ရက် သွားထိုင်ဖြစ်တာမျိုး၊ သွား ဖျော်ဖြေတာမျိုးတော့ရှိတယ်။ ဒီနှစ်ကတော့ ရန်ကုန်မှာပဲရှိဖို့ များပါတယ်။

ဖွေးဖွေး

ဒီနှစ်သင်္ကြန်က လောလော ဆယ် ဖွေးအမေရဲ့အစ်ကို ဖွေး ဘကြီးက မင်္ဂလာဒုံအရိုးဆေးရုံမှာ တပ်မှူးဆိုတော့ အဲဒီကို တစ်ရက် သွားပေးမယ်။ အဲဒီမှာ မိုင်းထိထား တဲ့ စစ်သားတွေလည်းရှိတယ်။ လူ နာတွေလည်းရှိတယ်။ တပ်တွင်း မိသားစု သင်္ကြန်ပွဲပေါ့။ 

အဲဒီကိုဆို အရင်ကလည်းနှစ်တိုင်းသွားတယ်။  လှူလည်းလှူဖူးတယ်။ လှူတယ်ဆိုတာက တပ်တွင်းက လုပ်တဲ့ ပွဲတွေမှာ ကလေးတွေကို အရုပ်တွေလှူတာမျိုး၊ ပိုက်ဆံလှူ တာမျိုးလေးတွေ သွားသွားလှူဖူး တယ်။ သင်္ကြန်ဆို နှစ်တိုင်း အဲဒီ ကို တစ်ရက်သွားဖြစ်တယ်။ ကိုယ့် ကိုမြင်တော့ သူတို့လည်းပျော်ကြ တယ်။ အဲဒါကြောင့် သွားဖြစ်တာ ပါ။ ဒီနှစ်ကတော့ ခရီးထွက်ဖြစ်ဖို့ များပါတယ်။


ပိုင်ဖြိုးသု

သုကတော့ ဒီနှစ်သင်္ကြန် ငပလီကို ခရီးထွက်ပါမယ်။ သင်္ကြန်အတက်နေ့ကိုတော့ ဦးဌေး(ဇင်ဝိုင်း)အကူအညီတောင်းလို့ မြို့တော်ဝန်မဏ္ဍပ်မှာ တစ် ရက်သွားထိုင်မယ်။ သီချင်းသွားဆိုပါမယ်။ သုက သင်္ကြန်ဆို အပြင်သွားခဲတယ်။ သုက သင်္ကြန်နဲ့ပတ်သက်တဲ့အ မှတ်တရ သိပ်မရှိဘူး။ ရေပက်ရင်အရမ်းကြောက်တယ်။

မအေးသောင်း

 ဒီနှစ် သင်္ကြန်ကတော့ နေပြည်တော်က Sky Net မဏ္ဍပ် မှာရှိပါမယ်။ မနှစ်ကတော့ ရန် ကုန်မှာပါပဲ။ အိမ်မှာပဲ သင်္ကြန် လေးရက်စလုံး စတုဒိသာကျွေးဖြစ် တယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရကတော့ ထွေထွေထူး ထူး သိပ်မရှိပါဘူး။


ရဲရင့်အောင်

ဒီနှစ်သင်္ကြန်က မူဆယ်မှာရှိ ပါမယ်။ သင်္ကြန်က ကလေး ကတည်းက အခုလူကြီးဖြစ်တဲ့ အထိ အမှတ်တရတွေက အများ ကြီးပါပဲ။ ငယ်ငယ်တုန်းကဆို အခုထက် ပိုပျော်မယ်ထင်တယ်။ သင်္ကြန်နားနီးရင် လက်ချိုးရေပြီး ရေပက်ဖို့၊ ခွက်စောင်းခုတ်တဲ့နည်း တွေ ပြင်ဆင်နေတယ်။ အခုတော့ နှစ်တိုင်း သီချင်းဆိုဖို့အတွက်ပဲ ပြင်ဆင်နေပါတယ်။

ပိုပို

ဒီနှစ်သင်္ကြန်ကတော့ ရန် ကုန်မှာပဲရှိပါမယ်။ ပြည်သူနဲ့အတူ အင်းစိန်မဏ္ဍပ်မှာရှိမယ်။ အဲဒီမှာ တော့ လေးရက်စလုံး မဏ္ဍပ်ထိုင် မယ်။ ပြီးရင် MNTV Sky Net မဏ္ဍပ်မှာ နှစ်ရက် လေးကြိမ်သွား ဖျော်ဖြေပါမယ်။ မနှစ်က မုံရွာမှာ သွားဖျော်ဖြေတာပါ။


မေခလာ

ဒီနှစ်သင်္ကြန်လေးရက်စလုံး ချစ်ငယ် ထားဝယ်မှာပဲရှိပါမယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရ ကတော့ ငယ်ငယ်ကတော့ ရေ ဆော့တယ်။ အသက်ကြီးလာတဲ့ အခါ အနုပညာအလုပ်လုပ်တော့ သီချင်းဆိုပြီး ဖြတ်သန်းတာပဲများ ပါတယ်။

ဖြိုးပြည့်စုံ

MNTV ၁၉ လမ်းက မဏ္ဍပ် မှာရှိမယ်။ နောက် လမ်းလျှောက် သင်္ကြန်နဲ့ မြို့တော်ဝန်မဏ္ဍပ်မှာ အဆင်ပြေတဲ့ရက်လေးတွေလာ ပြီး ဆိုပေးမယ်လို့ ပြောထားတာရှိ တယ်။ ဘာလို့လဲဆိုတော့ MNTV မှာက အထိုင်အနေနဲ့ ဖျော်ဖြေပေး ရမှာမို့လို့ပါ။ မနှစ်ကတော့ မုံရွာ သင်္ကြန်မှာရှိတာပါ။ မုံရွာသင်္ကြန် ကတော့ အရမ်းကိုပျော်စရာ ကောင်းတယ်။ ချင်းတွင်းမြစ်ကမ်း နားကြီးမှာ လုပ်ခဲ့တာကို ပါဝင်ခွင့် ရခဲ့တယ်။ ဒီနှစ်ကတော့ ရန်ကုန် မှာပိုပြီးစည်ကားမယ်၊ ပျော်ရမယ် လို့ မျှော်လင့်ပါတယ်။ လမ်း လျှောက်သင်္ကြန်လည်းရှိတော့ ပိုပြီး စည်စည်ကားကားရှိမယ်လို့ ထင်ပါတယ်။ လမ်းလျှောက် သင်္ကြန်ရဲ့ ဖျော်ဖြေရေးမဏ္ဍပ်မှာ လည်း ဖျော်ဖြေပေးဖို့ ပြောထား တာရှိပါတယ်။


ရေမွန်

ဒီနှစ်သင်္ကြန်က ပြည်လမ်း ပေါ်က God's Theatre မဏ္ဍပ်မှာ လေးရက်စလုံး ဖျော်ဖြေပါမယ်။ မနှစ်ကတော့ တစ်ရက်ပဲ အစိုးရ မဏ္ဍပ်တစ်ခုမှာ ဖျော်ဖြေဖြစ် တယ်။ မနှစ်ကဆို သိပ်မစည်ဘူး။ ဒီနှစ်ဆို Artist တွေတော်တော်များ များလည်း ရန်ကုန်မှာ မဏ္ဍပ်တွေ များတယ်။ ဆိုကြမယ်ဆိုတော့ လူ လည်းပိုစည်မယ်။ ပျော်ဖို့ကောင်း တယ်လို့ ထင်တယ်။ သင်္ကြန်ဆို အားလုံးက မီးကုန်ယမ်းကုန် ပျော် ကြတယ်။ ကျွန်တော်ဆို သင်္ကြန် မှာ သောက်တောင်မသောက်ဖြစ် ဘူး။ နည်းနည်း ရှောင်ရတာပေါ့။ နေ့တိုင်းဆိုရတာဆိုတော့ အသံ မဝင်အောင် ထိန်းရတာပေါ့။ အဲဒီ တော့ ပျော်ကြမယ်။ လာခဲ့ကြပါ။ ထုံးစံအတိုင်း သင်္ကြနားနီးတော့ သင်္ကြန်ပိုးလေးတွေ ထလာတာ ပေါ့။ ပျော်စရာကောင်းမယ်။ ပြဿနာတွေလည်း များမယ်။ အဲဒီတော့ ပျော်တာလည်းပျော်ပါ။ ပြဿနာလည်း မတက်စေနဲ့ပေါ့။ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင် ရွှင်လေးပဲ ဖြတ်သန်းစေချင်ပါ တယ်။