တာမွေ နား၊ နှာခေါင်းနှင့် လည်ချောင်းဆေးရုံရှိ ရပ်ဆိုင်းထားသော တိုးချဲ့ငါးထပ်ဆောင် ပြန်လည်ဆောက်လုပ်မည်

ဆောက်လုပ်ဆဲ တိုးချဲ့ ငါးထပ်ဆောင် ၂၀၁၆ က အမိုးပြိုကျနေစဉ် (ဓာတ်ပုံ − နစ်ကီ)

တာမွေမြို့နယ်ရှိ နား၊ နှာခေါင်း၊ လည်ချောင်း၊ဦးခေါင်း နှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံ၏ တိုးချဲ့ငါးထပ်ဆောင်သည် ဆောက်လုပ်စဉ်ကာလက လူသေဆုံးမှုရှိခဲ့သဖြင့် ရပ်နားထားပြီး ယခုနှစ်တွင်ဆက်လက်ဆောက်လုပ်ရန် စီစဉ်နေကြောင်း နား၊နှာခေါင်းနှင့်လည်ချောင်း အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာမောင်မောင်ခိုင်က ပြောသည်။

အဆိုပါတိုးချဲ့ငါးထပ် ဆောင်ကို ၂၀၁၅က စတင်ဆောက်လုပ်ခဲ့ကာ ၂၀၁၆ တွင် ယင်းအဆောက်အအုံဆောက်လုပ်စဉ် အမိုးပြို၍ ဆောက်လုပ်ရေးလုပ်သားတစ်ဦး သေဆုံးခဲ့သဖြင့် ဆောက်လုပ်ခွင့်ပိတ်ပြီး ရပ်နားထားခဲ့သည်။

‘‘ဒါကြီးကို မြန်မြန်ပြီးစေချင် တာ။ ပြီးလို့ရှိရင် ကမ္ဘာ့အဆင့်မီ သူများနိုင်ငံတွေလိုပဲ တစ်ပြည် လုံးမှာရှိတဲ့သူတွေက လိုအပ်လို့ လွှဲရမယ့်ဌာနပေါ့နော်။ လွှဲပြောင်း မှုလက်ခံမယ့်ဌာနဖြစ်လာမယ်။ ပြီးတော့ နိုင်ငံတကာမှာလိုပဲ နား အတွက်ဆိုသတ်သတ်၊ လည် ချောင်းအတွက်ဆိုသတ်သတ် ပေါ့။ သူများနိုင်ငံတွေမှာတော့ အဲဒီလိုလုပ်နေတာကြာပြီ။ ဆရာ တို့ဆီမှာလည်း သီးသန့်ဌာနတွေ ကို တိုးချဲ့ချင်တာပေါ့။ လက်ရှိအ ဆောက်အအုံဆိုရင် မဆံ့ဘူး။ မဆံ့တော့ ဒီလိုအဆောက်အအုံ ပေါ်လာမယ်ဆိုရင် အခန်းတွေ ပေါ်လာမယ်။ ပစ္စည်းကိရိယာ လည်း ရှိလာမယ်ဆိုရင်ပိုပြီးတော့ မှ အဆင့်မီကုသနိုင်မှာပေါ့။ ဒီနှစ် ထဲမှာ ဆက်ပြီးဆောက်မယ်လို့ အစိုးရကပြောပါတယ်’’ ဟု ပါမောက္ခဒေါက်တာမောင်မောင် ခိုင်ကပြောသည်။

တိုးချဲ့ငါးထပ်လူနာဆောင် သည် အလျား ၂၁၅ ပေ၊ အနံပေ ၇၀ နှင့် အမြင့်ပေ ၇၀ ရှိသည်။ ပြင်ပလူနာဌာန၊ အရေးပေါ်ဌာန၊ MRI ဓာတ်မှန်ခန်း၊ လူနာဟောင်း များအတွက် စမ်းသပ်ခန်း၊ စာ သင်ခန်းနှင့် သီးသန့်လူနာခန်း၊ ခွဲ စိတ်ခန်းနှင့် အစည်းအဝေးခန်းမ များပါရှိမည်ဖြစ်သည်။

ထို့ပြင် Super Speciality ဌာနဟုခေါ်သာ နိုင်ငံတကာအ ဆင့်မီ နားသီးသန့်ဌာန၊ နှာခေါင်း သီးသန့်ဌာန၊ လည်ချောင်းသီးသန့်ဌာန၊ ဦးခေါင်းနှင့်လည်ပင်း ခွဲစိတ်သီးသန့်ဌာနများနှင့် နားအကြားသီးသန့်ဌာနများ ထားရှိမည်ဖြစ်သည်။

တာမွေ နား၊ နှာခေါင်း၊ လည်ချောင်း၊ဦးခေါင်းနှင့်လည် ပင်းခွဲစိတ်အထူးကု ဆေးရုံကြီး သည် ခုတင် ၁၅၀ ဆံ့ဖြစ်၍ ယင်းဆေးရုံကြီး၌ အတွင်းလူနာဦးရေ ၁၅၀ ခန့်တက်ရောက် ကုသနေပြီး ပြင်ပလူနာအဖြစ် တစ်နေ့လျှင် လူနာဦးရေ ၃၀၀ ကျော်မှ ၄၀၀ ကျော်လာရောက် ပြသနေကြောင်း ယင်းဆေးရုံမှတ် တမ်းများတွင် ဖော်ပြထားသည်။