ငပလီကမ်းခြေ ဟိုတယ်အားလုံး သင်္ကြန်ပြီးချိန်အထိ အခန်းပြည့်နေဟုဆို

နာမည်ကျော် ငပလီကမ်းခြေ၌ ရေကစားနေသော မိသားစုကို မြင်ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

ငပလီကမ်းခြေရှိ ဟိုတယ်အားလုံး တည်းခိုသူများ ပြည့်နေ၍ သင်္ကြန်ကာလပြီးချိန်အထိ အခန်းကြိုတင်မှာယူထားသူများကလွဲ၍ အခန်းမရှိတော့ကြောင်း ငပလီဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြား သည်။


‘‘ဟိုတယ်အခန်းအားလုံး တည်းခိုသူ ၁၀၀ ရာခိုင်နှုန်းအ ပြည့်ပဲ။ လူကြီးတွေ လာရင်တောင် မှ ပေးစရာနေရာမရှိတော့လို့ ဒုက္ခရောက်နေတယ်။ အခုကတည်း ကစပြီးတော့ အခန်းတွေအားလုံး ပြည့်နေပြီ။ ကြိုတင်အခန်းမှာမ ထားရင် လုံးဝတည်းစရာမရတော့ ပါဘူး’’ ဟု ဦးသန်းဦးက ပြော ကြားသည်။

ဧပြီလဆန်းမှ သင်္ကြန်ကာလ အပြီး ဧပြီ ၂၀ ရက်အထိ ငပလီ ကမ်းခြေရှိ ဟိုတယ်များတွင် တည်းခိုသူများနှင့် ကြိုတင်မှာယူ ထားသူများဖြင့် အခန်းပြည့်နေပြီး ဧပြီ ၂၃ နောက်ပိုင်းမှသာ ဟို တယ်အခန်းအချို့ နေရာလွတ်ရှိ မည်ဟု ၎င်းကပြောသည်။

သင်္ကြန်နှစ်သစ်ကူးပိတ်ရက် များတွင် ပြည်တွင်းခရီးသွားများ  က ကမ်းခြေဒေသများသို့ အများ ဆုံး သွားလေ့ရှိသဖြင့် ငပလီ၊ ငွေဆောင်စသည်တို့တွင် နှစ်စဉ် အခန်းပြည့် ဖြစ်နေတတ်ပြီး လာ သည့်ဧည့်သည် အရေအတွက်နှင့် အခန်းမမျှတမှုများ ရှိသည်။

လက်ရှိတွင် ငပလီကမ်းခြေ ၌ ဟိုတယ်နှင့် တည်းခိုခန်း ၃၆ လုံးရှိပြီး အခန်း ၁,၃၃၀ ရှိသည်။

ငပလီကမ်းခြေတွင် ဟိုတယ် သစ်ဆောက်လုပ်ရန် လျှောက် ထားသူများရှိပြီး တည်ဆောက် ခွင့်ပေးရန် စီစဉ်နေကြောင်း သံ တွဲမြို့နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ဦးစီးအရာ ရှိ ဦးမိုးအောင်ကပြောသည်။