အမေရိကန်တွင် ခရီးသည်တင်လေယာဉ်တစ်စီး ပျံသန်းနေစဉ် အင်ဂျင်ပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံး

အင်ဂျင်တစ်လုံး ပျက်စီးနေသော Southwest လေကြောင်းလိုင်း လေယာဉ်ကို စစ်ဆေးနေစဉ် (Mark Makela/REUTERS)

 ဧပြီ ၁၇ ရက်က အမေရိကန်ခရီးသည်တင် လေ ယာဉ်တစ်စီး လေထဲတွင် ပျံသန်း နေစဉ် အင်ဂျင်ပေါက်ကွဲမှု ဖြစ် ပွားပြီး လေယာဉ်ပြတင်းပေါက် မှန်တစ်ခု ကွဲခဲ့သည့် ဖြစ်ရပ်အ တွင်း ထိုပြတင်းပေါက်မှ အပြင် ဘက်သို့ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း လွင့်ထွက်သွားသော ခရီး သည်အမျိုးသမီးတစ်ဦး သေဆုံး ခဲ့သည်။

Southwest Airlines လေ ကြောင်းလိုင်းမှ Flight 1380 လေယာဉ်သည် အင်ဂျင်ပေါက်ကွဲ မှုဖြစ်ပွားပြီး လေယာဉ်တောင်ပံ၊ ကိုယ်ထည်နှင့် ပြတင်းပေါက်တို့ ပျက်စီး၍ အရေးပေါ်ဆင်းသက် ခဲ့ရသည်။


အဆိုပါ လေယာဉ်အင်ဂျင် ပေါက်ကွဲမှုကြောင့် ခရီးသည်ခုနစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ ကနဦး စစ်ဆေးတွေ့ရှိ ချက်အရ လေယာဉ်ဘယ်ဘက် အင်ဂျင်မှ ပန်ကာရွက်တစ်ခုပြုတ်နေသည်ကို တွေ့ရသည်။

အမေရိကန် စီးပွားဖြစ် လေယာဉ်လိုင်းတစ်ခုတွင် ခရီးသည် သေဆုံးမှုဖြစ်ပွားခြင်း၂၀၀၉ က နောက်ဆုံးဖြစ်သည်။

နယူးယောက်မြို့မှ တက္က ဆက်ပြည်နယ် ဒါးလက်စ်မြို့သို့ ပျံသန်းလာသော Boeing 737- 700 အမျိုးအစား လေယာဉ်ပေါ် တွင် အခင်းဖြစ်ပွားချိန်၌ ခရီး သည် ၁၄၃ ဦးနှင့် လေယာဉ်အမှု ထမ်းငါးဦး လိုက်ပါလာသည်။

လေယာဉ်ဘယ်ဘက် အင် ဂျင်တစ်လုံး ပေါက်ကွဲပြီးနောက် ပြတင်းမှန်တစ်ခုကွဲ၍ အနီးရှိ ခရီးသည် အမျိုးသမီးတစ်ဦး လေယာဉ်အပြင်ဘက်သို့ အရှိန်ဖြင့် လွင့်ထွက်စဉ် ၎င်းကို အခြားခရီးသည်များက အတွင်းဘက်သို့ ပြန်ဆွဲခဲ့ရကြောင်း မျက်မြင်သက် သေများက ပြောသည်။

နောက်ဆုံးတွင် အဆိုပါ လေယာဉ်သည် ဖီလာဒဲလ်ဖီးယား မြို့သို့ ဘေးကင်းစွာ ဆင်းသက် နိုင်ခဲ့ကြောင်း မီးသတ်တာဝန်ရှိသူများကပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ ကလေးနှစ်ဦးမိခင် ဂျန်နီဖာရီယို ဒန်ဖြစ်ပြီး ၎င်းသည် နယူးမက္ကဆီ ကိုပြည်နယ် အယ်လ်ဘူကာကွီမြို့ရှိ Wells Fargo ဘဏ္ဍာရေးကုမ္ပဏီတွင် ဘဏ်ပိုင်းဆိုင်ရာ ဒုဥက္ကဋ္ဌအဖြစ် အလုပ်လုပ်ကိုင် နေသူဖြစ်သည်။

 အဆိုပါဖြစ်ရပ်နှင့် ပတ် သက်၍ အမေရိကန်ဖက်ဒရယ် လေကြောင်း ပျံသန်းရေးအဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

 အမျိုးသား သယ်ယူပို့ ဆောင်ရေး ဘေးကင်းလုံခြုံရေး ဆိုင်ရာဘုတ်အဖွဲ့ (NTSB)မှ ဥက္ကဋ္ဌ ရောဘတ်ဆမ်ဝယ်လ်က ထိုဖြစ်ရပ်သည်  ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှု ၁၂ မှ ၁၅ လအထိ ကြာမြင့်နိုင်ကြောင်း ပြောသည်။

—Ref: BBC